Friday, March 22, 2013

ဂျပန်ကအဖွဲ့၁၀၀ပါတဲ့ စီးပွားရေး ကိုယ်စားလှယ် မြန်မာထဲစေလွှတ်မယ်

ABC

မြန်မာနိုင်ငံက ​အသေးစားနဲ့အလတ်စား ​စီးပွားရေးကဏ္ဍတွေမှာ ​တိုးချဲ့မှု ​နည်းပါးနေသေးတဲ့အတွက် ​ဂျပန်နိုင်ငံက ​ဒီကဏ္ဍက ​စီးပွားရေးတိုးချဲ့ ​လုပ်ကိုင်နိုင်ဖို့အတွက် ​မြန်မာနိုင်ငံကို ​ကိုယ်စားလှယ် ​အဖွဲ့ပေါင်း ​၁၀၀ ​ပါဝင်တဲ့အဖွဲ့ ​တဖွဲ့ ​စေလွှတ်မှာဖြစ်တယ်လို့သိရပါတယ်။

ကိုယ်စားလှယ်အဖွဲ့ကို ​ဦးဆောင်ဖို့ ​စက်မှုလုပ်ငန်းဆိုင်ရာ ​ဒု​-ဝန်ကြီး ​Kazuyoshi ​Akaba ​ကို ​စေလွှတ်ဖို့ရှိတယ်လို့ ​ဆိုပါတယ်။ ​မြန်မာနိုင်ငံက ​အသေးစားနဲ့ ​အလတ်စား ​စီးပွားရေး ​တိုးတက်ဖွံ့ဖြိုး ​မှုကို ​မီး မောင်းထိုး ​လုပ်ကိုင် ​ဆောင်ရွက်သွားဖို့ ​ပထမဆုံး ​အကြိမ် ​အခုလို ​ဆောင်ရွက် ခြင်းဖြစ်တယ်လို့ ​သိရပါတယ်။ ​မြန်မာနိုင်ငံအနေနဲ့ ​တိုးတက်ပွင့်လင်းလာချိန်မှာ ​အခြေခံလိုအပ်ချက်တွေဖြစ် ​တဲ့ ​လမ်းပမ်း ဆက် သွယ် ရေး ​အစရှိတာတွေနဲ့ ​ဆက်စပ်နေတဲ့ ​တည်ဆောက်မှုတွေ ​လိုအပ်နေတယ်လို့ ​ဆိုပါတယ်။

တချိန်ထဲမှာပဲ ​ဂျပန်နိုင်ငံ ​Shigeru ​Nakajima ​ဆိုသူဟာ ​မြန်မာနိုင်ငံမှာ ​အလုပ်သမား ​သမဂ္ဂတွေ ​အမြစ်တွယ်ဖို့အတွက် ​ကူညီဆောင်ရွက် ပေး ​နေပါတယ်။ ​Shigeru ​Nakajima ​ဟာ ​အပြည်ပြည်ဆိုင်ရာ ​အ လုပ်သမားသမဂ္ဂမှာ ​လုပ်အားခမယူဘဲ ​၃နှစ် ​တာဝန်ယူထားပါတယ်။ ​အ လုပ်အားလစာ ​မယူဘဲ ​လုပ်ဆောင်တဲ့အတွက် ​ဘာကိုမှတွန့်ဆုတ်စရာမရှိ ​ပြောဆိုလုပ်ကိုင်နိုင်စွမ်း ​ရှိတယ်လို့ ​ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ​ကြီးရင်ံသူတွေကို ​ရိုသေနာခံတဲ့ ​အကျင့်ဝတ်တွေကြောင့် ​မိမိတို့အလုပ်သမားများအနေနဲ့ရပိုင်ခွင့်တွေနစ်နာကြတဲ့အကြောင်း၊ ​ဒါကြောင့်လဲ ​မိမိအတွေ့အကြုံတွေကို ​အသုံးချပြီး ​သူ့အနေနဲ့ ​ဖြတ် သန်းခဲ့တဲ့ ​အတွ့အကြုံတွေကို ​ပေးလိုတယ်လို့ပြောပါတယ်။

No comments: