Thursday, March 21, 2013

ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားများ တွေ့ဆုံဆွေးနွေး

ABC

မြန်မာနိုင်ငံ ​ငြိမ်းချမ်းရေးအတွက် ​ယုံကြည်မှု ​တည်ဆောက်တဲ့ ​ဆွေးနွေးပွဲကို ​ရှမ်းပြည်နယ် ​လားရှိုးမြို့ ​မှာမတ်လ ​၂၀ရက်နေ့မှာ ​စတင်ကျင်းပခဲ့ပြီး ​ရှမ်းနဲ့ ​ကယားပြည်နယ် ​အတွင်းက ​နိုင်ငံရေးပါတီတွေ၊ ​လက် နက်ကိုင်အဖွဲ့အစည်းတွေ ​အားလုံး ​၂၁ဖွဲ့က ​စည်းဝေးပွဲကို ​တက်ရောက်ခဲ့တယ်လို့ ​သိရပါတယ်။

အစည်းဝေးပွဲဖြစ်မြောက်ရေးနဲ့ပတ်သက်လို့ ​SNLD ​ကပြောရေးဆိုခွင့်ရှိသူ ​ဦးစိုင်းညွန့်လွင်က ​အခုလို ​ပြောပြပါတယ်။

“အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ​ပြည်တွင်းငြိမ်းချမ်းရေးအတွက်ကို ​အားလုံးပါဝင်တဲ့ ​အစည်းအဝေး ​တခု ​အစိုး ​ရကလုပ်မယ်လေ၊ ​ဒီလိုသူတို့ပြောထားတာရှိတော့ ​ကျနော်တို့ ​လူမျိုးစုတွေကနေပြီးတော့ ​ဒေါ်အောင် ​ဆန်းစုကြည်ကို ​၂၁ရာစု ​ပင်လုံကဲ့သို့သောညီလာခံတခုကျင်းပဖို့ ​ဆိုပြီးတော့ ​တာဝန် ​ပေးထားတာ ​ရှိတယ်၊ ​အားလုံးပါဝင်တဲ့ ​ညီလာခံကြီးတခု ​စတော့မယ်လို့ ​ထင်တဲ့အတွက် ​အောက်ခြေ ​ကနေ ​စပြီးတော့ ​ဖြည်းဖြည်းချင်း ​လုပ်နေကြပါတယ်။”

စည်းဝေးပွဲကိုတက်ရောက်ဖို့အတွက် ​ရှမ်းပြည်နယ်နဲ့ ​ကယားပြည်နယ်တခုလုံးမှာရှိတဲ့ ​တရားဝင် ​မှတ်ပုံတင်ထားတဲ့ ​နိုင်ငံရေးပါတီ ​၁၂ပါတီနဲ့ ​ငြိမ်းချမ်းရေး ​ယူထားတဲ့ ​လက်နက် ​ကိုင်အဖွဲ့ ​အစည်း ​၁၃ဖွဲ့ ​အားလုံးပေါင်း ​၂၅ဖွဲ့ကို ​ငြိမ်းချမ်းရေး ​အတွက် ​ယုံကြည် ​မှုတည်ဆောက်ခြင်းခေါင်းစဉ်နဲ့ ​အစည်းအဝေး ​တက်ရောက်ဖို့ ​ဖိတ်ကြားခဲ့ ​တာဖြစ် ​ပါတယ်။ ​မနေ့ကစတင်ကျင်းပခဲ့တဲ့အစည်းအဝေးမှာ ​တက်ရောက် ​လာတဲ့ ​အဖွဲ့ပေါင်း ​၂၁ဖွဲ့ရှိတယ်လို့ ​သိရပါ ​တယ်။

ဆွေးနွေးပွဲပထမနေ့မှာ ​တက်ရောက် ​လာတဲ့ ​အဖွဲ့အစည်းတွေက ​ဆွေးနွေး ​ခဲ့တာတွေနဲ့ ​ပတ်သက်ပြီး ​ဦးစိုင်းညွန့်လွင်က ​အခုလို ​ဆက်ပြော ​ပါတယ်။

“အဲဒီမှာ ​တဦးနဲ့ ​တဦး၊ ​တဖွဲ့နဲ့ ​တဖွဲ့ယုံကြည်ဖို့ ​၊ ​နောက်ငြိမ်းချမ်းရေးကို ​ဘယ်လို ​ဆောင်ရွက် ​ကြမလဲပေါ့၊ ​စစ်မှန်တဲ့ ​ပြည်ထောင်စုစနစ် ​တည်ထောင်ဖို့အတွက်ကို ​ရှမ်းပြည်နယ်နဲ့ ​ကယားပြည်နယ် ​အတွင်းမှာရှိတဲ့ ​အဖွဲ့အစည်းတွေ ​အနေနဲ့ ​ဘယ်ပုံဘယ်နည်း ​ပါဝင်ဆောင်ရွက်ပေးမလဲ ​ဆိုတဲ့ ​အချက် ​တွေ ​ဆွေးနွေး ​ပါတယ်။”
အစည်းအဝေးကို ​၃၇က်ကြာကျင်းပသွားမှာဖြစ်ပြီး ​နောက်ဆုံးရက်မှာ ​ဆွေးနွေး ​ပွဲဆုံးဖြတ် ​ချက်တွေကို ​ထုတ်ပြန်သွားဖို့ ​ရှိသလို ​သတင်းစာရှင်းလင်းပွဲပြုလုပ်ဖို့လည်း ​ရှိတယ်လို့ ​ပြောပါတယ်။ ​ ဒီအစည်း ​အဝေးကို ​တိုင်းရင်းသား ​အဖွဲ့ ​၂၁ဖွဲ့ ​တက်ရောက်လာတဲ့အပြင် ​ ငြိမ်းချမ်း ​ရေးဖော်ဆောင်ရေး ​လုပ်ငန်း ​ကော်မတီ ​သမတရုံး ​ပြည်ထောင်စုဝန်ကြီး ​ဦးအောင်မင်းနဲ့ ​၀န်ကြီးတွေ၊ ​ငြိမ်းချမ်းရေး ​အကျိုးတော် ​ဆောင်တွေ လည်း ​တက် ​ရောက်လာတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ ​ခဲ့တာဖြစ် ​ပါတယ်။

No comments: