Saturday, August 24, 2013

တရုတ်ဆီငွေချေးဖို့ အစီအစဉ်ကို လွှတ်တော်ကန့်ကွက်

ABC

သမဝါယမ ​ဝန်ကြီးဌာန ​အနေနဲ့ ​တရုတ်နိုင်ငံဆီကနေ ​အမေရိကန် ​ဒေါ်လာသန်း ​၁၀၀ ​ချေးယူပြီး ​ပြည်တွင်းမှာ ​အသေးစားချေးငွေ ​လုပ်ငန်းတွေ ​လုပ်ကိုင်မယ့် ​အစီအစဉ်ကို ​ပြည်သူ့ ​လွှတ်တော်ကိုယ်စားလှယ် ​တွေက ​ကန့်ကွက်ခဲ့တယ်လို့ ​သိရပါတယ်။

တရုတ်နိုင်ငံဆီကနေ ​အတိုးနှုန်း ​၄.၅ ​ရာခိုင်နှုန်း၊ ​ဝန်ဆောင်မှု ​၁ ​ရာခိုင်နှုန်းနဲ့ ​ဒေါ်လာ ​သန်း ​၁၀၀ ​ချေးယူပြီး ​ဆင်းရဲမွဲတွေမှု ​ပပျောက်ရေးအတွက် ​ငွေချေးလုပ်ငန်းတွေ ​လုပ်ဆောင်မယ့် ​အစီအစဉ်အပေါ် ​ကန့်ကွက်တာ ​ဖြစ်တဲ့အကြောင်း ​လှည်းကူးမြို့နယ် ​ပြည်သူ့လွှတ်တော် ​ကိုယ်စားလှယ် ​ဦးဖြိုးမင်းသိန်းက ​ယခုလိုပြောပါတယ်။

“အဲဒီရတဲ့ငွေကို ​သမဝါယမ ​ဝန်ကြီးဌာနကနေ ​အသုံးပြုမယ်ဆိုတော့ ​အစ်ကိုတို့က ​တော်တော်ကို ​စိတ်ပူပါတယ်။ ​သမဝါယမ ​ဝန်ကြီးဌာနက ​ဘယ်တော့မှ ​မအောင်မြင်ခဲ့ပါဘူး။ ​ပြည်သူလူထု ​ဘဝမြှင့်တင်ဖို့ ​ဆင်ရဲမွဲတွေမှု ​ပပျောက်ဖို့ ​ချေးငွေတွေ ​တစ်သိန်း ​လောက်စီ ​ချေးပေမယ်ဆိုတဲ့ ​အခြေအနေတွေက ​ဝမ်းသာစရာကောင်းပါတယ်။ ​ဒါပေမယ့် ​တစ်ကယ်လက်တွေ့ ​ဆောင်ရွက်ပြီး ​ပုံဖော်မယ့် ​Performance ​လုပ်မယ့် ​ဝန်ကြီးဌာနအပေါ်မှာ ​အစ်ကိုတို့က ​သံသယ ​ရှိတယ်”

၎.၅ ​ရာခိုင်နှုန်းနဲ့ ​အတိုးနှုန်းပေးရမယ်ဆိုတာကလည်း ​မြင့်မားလွန်းနေပြီး ​တစ်ခြားနိုင်ငံတွေရဲ့ ​ချေးငွေ ​အကူအညီဟာ ​အတိုးနှုန်းထား ​၁ ​ရာခိုင်နှုန်းရဲ့ ​အောက်မှာပဲရှိတယ်လို့လည်း ​ဆိုပါတယ်။

ပြည်တွင်း ​အသေးစားချေးငွေလုပ်ငန်းအတွက် ​ဝန်ကြီးဌာန ​ဆောင်ရွက်ရမယ့် ​အပိုင်းတွေကို ​အောက်တိုဘာလအတွင်း ​ပြုလုပ်မယ့် ​လွှတ်တော်မှာ ​ထပ်မံ ​ဆွေးနွေးသွားဖို့ရှိတဲ့အကြောင်း ​ဦးဖြိုးမင်းသိန်းက ​ပြောပြခဲ့တယ်လို့ ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​စူးရှက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: