ကိုတိုးကြီး
ကျောက်စိမ်းနှင့် အခြား ကျောက်မျက်တန်ဆာများ အများအပြားရောင်းချသည့် စစ်ကိုင်းမြို့၌ ကျောက်မျက်ရောင်းဝယ်ရေးလုပ်ငန်းကို စနစ်တကျပြုလုပ်နိုင်ရန် ရည်ရွယ်ကာ ဆင်များရှင်ကျောက်ဝိုင်းကို လွန်ခဲ့သော တစ်နှစ်နှင့် ငါးလခန့်ကတည်းက သမ္မတက ဖွင့်ပေးခဲ့သော်လည်း ဆိုင်ဖွင့်လှစ်ရောင်းချသူ အလွန်နည်းနေသည်။
သမ္မတက ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီကတည်းက ဖွင့်ပေးခဲ့သည့် ကျောက်ဝိုင်းတွင် ထိုသို့ လာရောက် ဆိုင်ဖွင့်လှစ်သူ နည်းပါးနေသဖြင့် ယင်းကျောက်မျက်ဈေးတွင် ဆိုင်ဖွင့်ထားသော ကျောက်ကုန်သည်များက စည်ကားလာစေရန် လိုလားလျက်ရှိကြောင်းလည်း ၎င်းတို့က ပြောသည်။
“ဆိုင်ခန်းပေါင်း ၁၃၀ ရှိတယ်။ ဆိုင်ခန်းအားလုံးမှာလည်း ပိုင်ရှင်တွေရှိကြတယ်။ ဆိုင်ခန်း ၁၀၀ လောက်ကဈေးရောင်းမလာဘူး။ နေ့စဉ် ဆိုင်ခန်း ၃၀ လောက်ပဲ ပုံမှန် ဖွင့်တယ်ဆိုတော့ စည်ကားဖို့ရန် လိုလားနေရတာပါ” ဟု ကျောက်မျက်ဆိုင် ပိုင်ရှင်တစ်ဦးဖြစ်သည့် ဒေါ်ခင်နှင်းဝေက ဆိုသည်။
စစ်ကိုင်းမြို့သို့ ကျောက်မျက်ဝယ်ရန် လာရောက်သူအများစုမှာ တရုတ်လူမျိုးများ ဖြစ်ကြပြီး အရောင်းအ၀ယ်ပြုလုပ်ရာတွင် အတုအပ၊ အမှားအယွင်း မဖြစ်ပေါ်စေရန် အာမခံချက်ရှိသည့် ကျောက်မျက်ဈေးကွက်
ဖြစ်ပေါ်လာရေး ရည်ရွယ်၍ အဆိုပါ ဆင်များရှင် ကျောက်ဝိုင်းဈေးကြီးအား တည်ဆောက်ခဲ့သည်ဟု အစိုးရက ဆိုထားသည်။
“တရုတ်တွေက ကျောက်လာဝယ်တဲ့အခါမှာ ကျောက်ဝိုင်းဈေးထဲကို လာပြီး ၀ယ်ယူရမယ်ဆိုရင် ဈေးဆစ်ဖို့ဆိုတာ လိုတာထက် ပိုပြီးတော့ မဆစ်ရဲတော့ဘူး။ ဘာကြောင့်လည်းဆိုတော့ ကျောက်ဝိုင်းဈေးဆိုတာ အခြေတကျ ဆိုင်ခန်းနဲ့ အခိုင်အမာ ရောင်းဝယ်တာဖြစ်တဲ့အတွက် အာမခံချက် အပြည့်အ၀ ရှိပါတယ်။ ပျံကျ ကျောက်ဈေးတွေ ဆိုတာကတော့ မကြာခဏလည်း ရောင်းမှား၊ ၀ယ်မှားတွေ ဖြစ်ကြပါ တယ်”ဟု ကျောက်လုပ်ငန်းရှင် ဦးစောလှနွယ် က ဆိုသည်။
No comments:
Post a Comment