Tuesday, August 27, 2013

ဟိုင်းကြီးကျွန်းနားမှာ ဘင်္ဂါလီ ၃၂၇ ဦး ဖမ်းမိ

ABC

ဧရာဝတီတိုင်းဒေသကြီး၊ ​ပုသိမ်ခရိုင် ​ဟိုင်းကြီးကျွန်းအနီးမြို့နယ်ခွဲအတွင်း ​လိပ်ကျွန်းနဲ့ ​ငရုတ်ကောင်းမြို့နယ်ခွဲအနီး ​ပင်လယ်ပြင်အတွင်း ​နိုင်ငံဖြတ်ကျော် ​၀င်ရောက်လာတဲ့ ​ဘင်္ဂါလီလူမျိုး ​(၃၂၇)ဦးကို ​အာဏာပိုင်တွေက ​တွေ့ရှိပြီး ​ဖမ်းဆီးစစ်ဆေး ​နေတယ်လို့ ​သိရပါတယ်။

ပုကျေးရွာအုပ်စုအနီးရှိ ​ကုလားမချိုင် ​ပင်လယ်ရေပြင်ကို ​ကူးဖြတ်ပြီး ​ကမ်းစပ်ကို ​ရောက်ရှိလာတဲ့ ​ဘင်္ဂါလီလူမျိုး(၅၃)ဦးနဲ့ ​ဟိုင်းကြီးကျွန်းအနီး ​လိပ်ကျွန်းမှာ ​ဘင်္ဂါလီလူမျိုး ​(၂၇၄)ဦး ​တို့ကို ​ဒေသခံတွေရဲ့ ​သတင်းပေးပို့ချက်အရ ​ဖမ်းဆီးခဲ့တာ ​ဖြစ်ပါတယ်။

ပုသိမ်မြို့နယ် ​ရဲစခန်းက ​ရဲအရာရှိတစ်ဦး ​ပြောပြချက်အရ ​ဒီလူတွေဟာ ​မလေးရှားနဲ့ ​ထိုင်းကို ​ဦးတည်ပြီး ​စက်လှေနဲ့ ​ထွက်ခွာလာရင်း ​စက်လှေဝမ်းကွဲသွားပြီး ​မြန်မာနိုင်ငံထဲ ​ရောက်လာတာဖြစ်သလို ​တချို့ကလဲ ​မလေးရှား ​နိုင်ငံအသွား ​သင်္ဘောပေါ်က ​ကန်ချခံခဲ့ ​ရတာလို့ ​ဆိုပါတယ်။

ကျွန်းပေါ်ကို ​လူတွေ ​အများကြီးရောက်ရှိ ​လာတာကို ​ဒေသခံတွေက ​တိုင်ကြားခဲ့တာဖြစ်ပြီး၊ ​အာဏာပိုင်တွေက ​စက်လှေ ​ပြန်ပြင်ပြီ ​ပြန်လွှတ်မယ်လို့ ​ဒေသခံတစ်ဦးက ​ပြောပြပါတယ်။

ဘင်္ဂလားဒေ့နိုင်ငံကနေ ​အာဆီယံ ​ဒေသတွင်းနိုင်ငံတွေမှာ ​အလုပ်လုပ်လိုသူတွေ ​တင်ဆောင်လာသော ​စက်လှေနဲ့ ​သင်္ဘောတွေ ​ဟိုင်းကြီးကျွန်းဒေသမှာ ​ဖြတ်သန်း ​လေ့ရှိတဲ့အတွက် ​မကြာခဏဆိုသလို ​ဘင်္ဂါလီလူမျိုးတွေ ​ရောက်လာတာတွေ ​ရှိတယ်လို့ဆိုပါတယ်။

သြဂုတ်လလယ်ခန့်က ​ငရုတ်ကောင်းမြို့နယ်ခွဲကို ​ရောက်လာတဲ့ ​ဘင်္ဂါလီလူမျိုး(၅၃)ဦးမှာ ​ဘင်္ဂလားဒေ့ရှ် ​နိုင်ငံ ​စစ်တကောင်းဒေသက ​(၃၆)ဦးနဲ့ ​မောင်တောမြို့နယ်၊ ​ရွက်ညိုတောင်က ​(၁၇)ဦး ​ဖြစ်တယ်လို့ ​သိရပါတယ်။

လူပေါင်း ​၄၀၀ ​တင်ဆောင်တဲ့လှေတစီးကနေ ​သူတို့ကိုချခဲ့ပြီး ​ဆက်လက် ​ထွက်ခွါသွါးတယ်ဆိုတဲ့ ​အကြောင်း ​မြစ်မခ ​သတင်းဌါနရဲ့ ​သတင်းပေး ​ပို့ချက်အရ ​သိရပါတယ်။

No comments: