Thursday, February 27, 2014

ရေဒီယိုနားဆင်နေစဉ် ကလေးငယ်တစ်ဦး ဓာတ်လိုက်သေဆုံး

ကိုတိုးကြီး

ရေဒီယို အင်တနာတိုင်ကို လက်တစ်ဖက်ဖြင့် ကိုင်လျက် အသက် ၆ နှစ်အရွယ် မိန်းကလေးတစ်ဦး သေ ဆုံးနေမှုတစ်ခု ဖေဖော်ဝါရီ ၂၃ ရက်က အရာတော်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု မြို့နယ်ရဲစခန်းက သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၃ နာရီကျော်က စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ လယ်တီရပ်ကွက်၊ အမှတ်(၁)တွင် အသက် (၆)နှစ်အရွယ် ကလေးငယ်တစ်ဦးသည် ရေဒီယိုနားဆင်နေရင်း ဓာတ်လိုက်သေဆုံးနေသည့်အတွက် ရာအိမ်မှူးဦးသန်းထွန်းဆိုသူက အရာတော်မြို့မရဲစခန်းသို့ အကြောင်းကြားလာရာ ရဲစခန်းမှူး ဒု-ရဲမှူး မြင့်လွင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

ရဲဌာန၏စစ်ဆေးချက်များအရ သေဆုံးသူ မ၀ိုင်းဝိုင်းသည် ယင်းနေ့မွန်းလွဲပိုင်းတွင် မိခင်ဖြစ်သူ မီးဖိုဆောင် အနီး၌ရှိနေစဉ် နေအိမ်ရှေ့ခန်းရှိ ထန်းလက်ကုလားထိုင်ပေါ်တွင် တရုတ်နိုင်ငံလုပ် KEWAI အမျိုးအစား ရေဒီယို၏ အင်တနာတိုင်ကို ယာဘက်လက်ဖြင့် ဆုပ်ကိုင်လျက် သေဆုံးနေ ခဲ့ခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်း တွင် ပါရှိသည်။ သေဆုံးသူသည် ရေဒီယိုကို လျှပ်စစ်မီးဖြင့် ချိတ်ဆက်နားဆင်နေစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်းလည်း ဒု-ရဲမှူး မြင့်လွင်နှင့်အဖွဲ့က စိစစ်တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ ကလေးငယ်သေဆုံးမှုကို အရာတော်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂/၂၀၁၄ အရ အမှုရေးဖွင့်၍ မှုခင်းဆေးပညာများအရ ဆက်လက်ဆောင်ရွက်လျက်သည်။

No comments: