Tuesday, April 29, 2014

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

ABC

ကချင်ပြည်နယ်မှာ ​အစိုးရနဲ့ ​ကချင်တိုင်းရင်းသား ​လက်နက်ကိုင်အဖွဲ့တွေကြား ​တိုက်ခိုက်မှုတွေ ​ဆက်လက်ဖြစ်ပွားနေတာကြောင့် ​တစ်နိုင်ငံလုံး ​အပစ်အခတ် ​ရပ်စဲရေးအတွက် ​လက်မှတ်ရေးထိုးနိုင်ဖို့ ​အစိုးရနဲ့ ​တိုင်းရင်းသားအဖွဲ့တွေကြား ​ထပ်မံဆွေးနွေးမှုကို ​တိုင်းရင်းသားတွေဘက်က ​ရက်အကန့်အသတ် ​မရှိ ​ရွှေ့ဆိုင်းလိုက်တယ်လို့ ​သိရပါတယ်။

အရင်တုန်းကတော့ ​တစ်နိုင်ငံလုံး ​အပစ်အခတ် ​ရပ်စဲရေး ​လက် ​မှတ် ​ရေး ​ထိုး ​နိုင် ​မယ့် ​ဆွေး ​နွေးပွဲကို ​မေလဆန်းပိုင်းမှာ ​ကျင်းပဖို့ ​ရည်ရွယ်ခဲ့ကြတာ ​ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ​တစ်ခေါက် ​ဆွေးနွေး ​မှုအတွင်း ​တိုင်းရင်းသား ​ဘက်က ​ဖြစ်စေချင်တဲ့ ​ဖက်ဒရယ် ​အသုံးအနှုန်းနဲ့ ​ဖက်ဒရယ် ​တပ်မတော် ​အသုံးအနှုန်းတွေကို ​မြန်မာအစိုးရဘက်က ​လက်မခံတဲ့အတွက် ​တိုင်းရင်းသား ​ဘက်က ​ဆွေးနွေးပွဲကို ​ရက် ​အကန့် ​အသတ် ​မရှိ ​ရွှေ့ဆိုင်း ​လိုက်တာ ​ဖြစ်တယ်လို့ ​တစ်နိုင်ငံလုံးဆိုင်ရာ ​အပစ်အခတ် ​ရပ်စဲရေး ​ညှိနှိုင်း ​ဆွေးနွေး ​ရေးအဖွဲ့ ​NCCT ​အဖွဲ့က ​ဦးနိုင်ဟံသာက ​ပြောတဲ့အကြောင်း ​ဘီဘီစီ ​သတင်းမှာ ​ဖော်ပြထားပါတယ်။

No comments: