ကေဇူး
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် သမ္မတက အဆိုပြုထားသော ဗိုလ်ချုပ်မောင်မောင်အုန်းကို ဝန်ကြီးချုပ်အဖြစ် ပြည်နယ်လွှတ်တော်တွင် ဇွန်လ ၃ဝရက်က ကန့်ကွက်သူမရှိအတည်ပြုလိုက်သည်။
ဇွန် ၂၅ ရက်က ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် သမ္မတက အဆိုပြု သဝဏ်လွှာပေးအပ်ခဲ့ပြီး ရခိုင်ပြည်သူလူထု အသိုင်းအဝိုင်းကြားတွင် ကန့်ကွက်မှုများ ပေါ်ပေါက်ခဲ့သေးသည်။
“ကန့်ကွက်လည်း မထူးဘူးလေ။ အခြေခံဥပဒေမှာ သမ္မတကို လုပ်ပိုင်ခွင့်ပေးထားတာပဲ”ဟု ရခိုင်ပြည်နယ်လွှတ်တော်အမတ် ဦးကျော်ငြိမ်းက မဇ္ဈိမကို ပြောသည်။
ရခိုင်အမျိုးသားပါတီ (ANP)က အရေးပေါ်အစည်းအဝေးများ ခေါ်ယူပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သည် ရခိုင်တိုင်းရင်းသားဖြစ်ရမည်ဟု ထုတ်ပြန်ခဲ့သည်။
ဇွန် ၂၆၊၂၇ ရက်များတွင် ရခိုင်အင်အားစုများ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များနှင့် ဗိုလ်ချုပ်မောင်မောင်အုန်းတို့ တွေ့ဆုံခဲ့သည်။
ဇွန် ၂၈ ရက်တွင် ပြုလုပ်သော ရခိုင်အမျိုးသားပါတီ ရှင်းလင်းပွဲတွင် ဒေါက်တာအေးမောင်က ဗိုလ်ချုပ်မောင်မောင်အုန်းသည် စစ်တပ်မှ လာသူဖြစ်သည်ကို ခေတ္တမေ့ထားပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးကို ဦးတည်ရန် တက်ရောက်လာသူများကိုပြောကြားခဲ့သည်။
No comments:
Post a Comment