Thursday, August 28, 2014

ရန်ကုန်မြို့သစ် ဖော်ဆောင်မည့် အများပိုင်ကုမ္ပဏီ မှတ်ပုံတင်ထားသော်လည်း လုပ်ကိုင်ခွင့် မကျသေး

ထင်လင်းအောင်

ကန်ဒေါ်လာ ၁၅ ဘီလီယံရင်းနှီးမြှုပ်နှံကာ ရန်ကုန်မြို့သစ် စီမံကိန်း တည်ဆောက်ခွင့်ရရှိထားသော မြန်မာ့ စေတနာ မြို့သစ်အများပိုင် ကုမ္ပဏီလီမိတက်မှာ ကုမ္ပဏီမှတ်ပုံတင် ရရှိထားသော်လည်း လုပ်ငန်းလုပ်ကိုင် နိုင်ရေးခွင့်ပြုချက် ရရှိထားခြင်းမရှိသေးဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သက်ဆိုင် ရာ ဌာနတာဝန်ရှိသူက မဇ်္ဈိမကိုပြောသည်။

ရန်ကုန်မြို့အနောက်ဘက် ပန်းလှိုင်မြစ် နှင့် တွံတေးတူးမြောင်းအကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေး ကားလမ်းအကြားရှိ ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင် တိုနှင့် တွံတေးမြို့ နယ်များအတွင်း ရှိ မြေဧက ၃၀,၀၀၀ တွင် ရန်ကုန်မြို့သစ်စီမံကိန်း အဖြစ်ဖော် ဆောင်ရန် မြန်မာ့စေတနာ မြို့သစ်အများ ပိုင်ကုမ္ပဏီလီမိ တက်ကို တာဝန်ပေးအပ် အကောင်အထည်ဖော်သွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေ ကရန်ကုန်တိုင်း လွှတ်တော်သို့ပြီးခဲ့ သည့် သောကြာနေ့ကပေး ပို့သော သ၀ဏ်လွှာတွင် ပေးပို့ထားသည်။

ရန်ကုန်မြို့သစ် စီမံကိန်းအကောင် အထည်ဖော်ရန် တာဝန်ပေးအပ်ခံရသည့် အဆိုပါ အများပိုင်ကုမ္ပဏီလီမိ တက်သည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင်အ များပိုင်ကုမ္ပဏီ အဖြစ် ခွင့်ပြုချက် အမှတ် ၄၅၀၆/ ၂၀၁၃ -၁၄ ဖြင့် မှတ်ပုံတင် ရရှိလိုက် ခြင်းဖြစ်သော်လည်း လက်ရှိ သြဂုတ် ၂၅ အထိလုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြု ချက် ရရှိထားခြင်းမရှိသေးဟု ယင်းတာဝန်ရှိ သူကဆိုသည်။

“ ကုမ္ပဏီမှတ်ပုံတင် ခွင့်ပြုချက်ရထားတဲ့ စာရင်းထဲမှာတော့ရှိတယ်။ ဒါပေမယ့် လုပ်ငန်းလုပ်ကိုင်ခွင့် ခွင့်ပြု ချက်တော့ မကျသေးဘူး ” ဟု အဆိုပါတာဝန်ရှိသူ က ပြောသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ သ၀ဏ်လွှာအရ ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရေး စီမံချက် ထွက်ပေါ်လာပြီးနောက်အဆိုပါ မြန်မာ့စေတ နာမြို့ သစ်အများပိုင်ကုမ္ပဏီလီမိတက်သည် မြန်မာ့ ဆောက်လုပ်ရေး လုပ်ငန်းလောကအတွင်း ကုမ္ပဏီအမည်ပင်မရှိသဖြင့် ဝေဖန်မှုများထွက်ပေါ်လာခဲ့သည်။

တော်ဝင်မိသားစု ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌဖြစ်သူ ဦးကိုကိုထွေးက “ ဒီ ကုမ္ပဏီ (မြန်မာ့စေတနာမြို့ သစ်အများပိုင် ကုမ္ပဏီလီမိတက်) နာမည်ကို အခုမှ စပြီး ကြားဖူးတာ။ ဒီစီမံကိန်းတွေက ကြိတ်ပြီးလုပ်တဲ့ ကိစ္စဆိုတော့လည်းဘယ်လိုလုပ်ပြီး သိမှာလဲ ”ဟု မဇ်္ဈိမကို ပြောသည်။

လက်ရှိတွင် မြန်မာ့စေတနာမြို့သစ် အများပိုင် ကုမ္ပဏီလီမိတက် သည် တိုက်အမှတ်(၂)၊ ဦးရွှေစင်လမ်းနှင့် မြတ်အိမ်ရာ လမ်းသွယ်၊ ရွှေပြည်သာ စက်မှုဇုန် အမှတ်(၃)၊ ရွှေပြည်သာမြို့နယ်တွင် ရုံးအထိုင်ဖွင့်လှစ်ထား ကာ ကုမ္ပဏီကို ရင်းနှီးမတည်ငွေ ကျပ်သန်း ၁,၀၀၀ ဖြင့် တည်ထောင်ထားခြင်းဖြစ်သည်။ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာနတွင် ယင်းလိပ်စာဖြင့် မှတ်ပုံတင်ထားခြင်း ဖြစ်သော်လည်း ယင်းအများ ပိုင်ကုမ္ပဏီသို့ ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်ကိုထည့် သွင်းေ ဖ်ာပြထားခြင်းမရှိပေ။

No comments: