Tuesday, December 30, 2014

အရည်အသွေး သတ်မှတ်ချက် များပြားနေခြင်းကြောင့် အီးယူဈေးကွက် ၀င်တိုးရန် ပဲကုန်သည်များ ခက်ခဲနေ

နိုင်နိုင်ဇော်

အီးယူ (ဥရောပသမဂ္ဂ)သို့ ပဲတင် ပို့နိုင်ရေး အတွက် မြန်မာနိုင်ငံ ပဲနှမ်း ကုန်သည် အသင်း၊ စိုက်ပျိုးရေး ၀န်ကြီး ဌာနနှင့် သစ်တောရေးရာ ၀န်ကြီးဌာနတို့က ပူးပေါင်းလုပ်ဆောင်မှုများရှိသော်လည်း အရည်အသွေး သတ် မှတ်ချက်များနေခြင်းကြောင့် တင်ပို့ရန် အခက်အခဲဖြစ်နေ သည်ဟု ပို့ကုန်လုပ် ငန်းဆောင် ရွက်နေသော ပဲရောင်း ၀ယ်ရေး လုပ်ငန်းရှင် များက ပြောသည်။

ဥရောပဈေး ကွက်သို့ ပဲမျိုးစုံ တင်ပို့ရေး အတွက် ပြည်တွင်း ပဲပို့ကုန် လုပ်ငန်း ၅၀ ၀န်းကျင်နှင့် အီးယူ အဖွဲ့ များသည် အောက်ခြေအဆင့် ပူးပေါင်း လုပ်ဆောင် မှုများကို ယခုနှစ် နိုဝင် ဘာလမှ စတင် လုပ်ဆောင် ခဲ့သော် လည်း ယခုအချိန်တွင် ကုမ္ပဏီ သုံးခု ခန့်သာ ဈေးကွက်တင် ပို့ခွင့် ရရေး ဆက်လက် ပူးပေါင်း လုပ်ဆောင်နေ သည်ဟု ပဲကုန် သည်များက ပြောသည်။

“ဒီကပဲထွက်ကုန်တွေကို အီးယူပို့ဖို့ အတွက် လုပ်နေပေမယ့် အားရစရာတော့ မရှိသေးဘူး။ လွန်ခဲ့တဲ့တစ် လလောက်က အီးယူက စီးပွားရေး ဆိုင်ရာ အဖွဲ့တွေ ရယ်၊ ပဲနှမ်းအသင်းရယ်၊ ၀န်ကြီးဌာနတာဝန်ရှိသူ တွေ ပေါင်းပြီး သူတို့ဈေးကွက်ကို ပဲပို့ဖို့ ပူးပေါင်း လုပ်ဆောင် တာတွေ ရှိပေမယ့် သူတို့ တောင်းဆိုတဲ့ အချက် တွေများလို့ ဒီကကုန် သည်တွေ အခက် အခဲဖြစ်နေတယ်”ဟု ပဲနှင့် နှမ်းကုန်သည် များအသင်း ဒု-ဥက္ကဋ္ဌ ဦးခင်ဟန် က ပြောသည်။

အီးယူ၏ တောင်းဆို မှုတွင် ပဲစတင် စိုက်ပျိုး ရာတွင် သုံးစွဲသည့် မျိုး၏ သန့်စင်မှု၊ ရေသန့်အသုံးပြုမှု၊ စိုက်ပျိုး နည်းစနစ်နှင့် ထားသိုပုံမှ ထုပ်ပိုးသည့် အဆင့်ထိ စံသတ်မှတ် ချက်များနေခြင်းကြောင့် မြန်မာကုန် သည်များ အတွက် ခက်ခဲနေခြင်းဖြစ်သည်။

ပဲပို့ကုန် လုပ်ငန်း ရှင် ဦးမင်းသူက “ သူတို့ က ကုန်ထုတ် လုပ်မှု လုပ်ငန်းစဉ် တစ်ခုလုံး စံကိုက်မှ တင်ရမယ့် ပုံစံ ဆိုတော့ ကျွန်တော် တို့က လုပ်နိုင် တယ်ထား ဦးတောင် သူတွေ အပိုင်းမှာ အခက်အခဲတွေရှိတယ်။ သတ်မှတ်ချက်က အဆင့် ၂၀ လောက်ဆိုတော့ ကုန်သည်တွေ သိပ်စိတ်မ၀င်စားတော့ဘူး”ဟု ဆိုသည်။

ထိုကဲ့သို့ နိုင်ငံ တကာဈေး ကွက်များ ၀င်တိုးနိုင်ရန် ဈေးကွက် ပွင့်နေ သည်မှာ မှန်သော် လည်းရေရှည် တင်ပို့ နိုင်ရေး အတွက် အရည် အသွေး ထိန်းသိမ်းမှု အလွန် အရေးကြီး သည်ဟု ဘုရင့်နောင်ကုန် စည်ဒိုင် ဥက္ကဋ္ဌ ဦးအုန်းဆိုင်က ပြောဆို ထားသည်။

လက်ရှိ အချိန်တွင် အီးယူသို့ ပဲထွက်ကုန် တင်ပို့မှု များရှိသော်လည်း တန်ဖိုးမြင့် ပဲထွက်ကုန်များဖြစ်သည့် အခွံချွတ် သန့်စင်ပြီး ပဲအခြမ်းများကိုသာ အဓိကတင် ပို့နေပြီး နှစ်စဉ် ပဲတင်ပို့မှု၏ ငါးရာခိုင်နှုန်းခန့်သာရှိနေ ခြင်းဖြစ်သည်။

No comments: