Saturday, February 28, 2015

အမြန်လမ်းပေါ်မှ အဝေးပြေးကားကို လေးခွနှင့်ပစ်သူ ဖမ်းဆီးအရေးယူ

ကျော်စိုးမိုး

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် မောင်းနှင်နေသည့် ခရီးသည်မှန်လုံ အဝေးပြေးကား တစ်စီးကို လေးခွနှင့် ပစ်ခတ်သည့် အမျိုးသား တစ်ဦးကို ဖမ်းဆီးအရေးယူထားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်ဟု နေပြည်တော်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၁ ရက်၊ နံနက် ၁ နာရီခွဲခန့်က ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၅၈ အနီးတွင် ရန်ကုန်မှ မန္တလေးသို့ ယာဉ်မောင်း ကိုသူရမောင်းနှင်လာ သည့် ဝေဖြိုးအောင် ခရီးသည်မှန်လုံယာဉ်ကို လမ်းဘေးတွင်ရပ်နေသည့် လူတစ်ဦးက လေးခွဖြင့်ပစ်ပြီး ထွက်ပြေးခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပစ်ခတ်ခဲ့သဖြင့် ယာဉ်၏ယာဘက်ဘေးမှန်နားကို ထိမှန်ခဲ့ပြီး ယာဉ်မောင်းက ရေတာရှည်မြို့နယ်၊ စမိုးရဲကင်းသို့ အကြောင်းကြားခဲ့သဖြင့် ရဲကင်းစခန်းနှင့်ဇီးပင်သာ အမြန်လမ်းရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း စုံစမ်းချက်အရ ကားကို လေးခွဖြင့်ပစ်ပြီး ထွက်ပြေးခဲ့သူမှာ ရေတာရှည် မြို့နယ်၊ ကရင်ချောင်းကျေးရွာတွင်နေ ထိုင်သည့် အသက် ၂၅ နှစ်အရွယ် အောင်ထွန်းဝင်းဟု သိရှိခဲ့ရ သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ အောင်ထွန်းဝင်းကို ဇီးပင်သာ အမြန်လမ်းမကြီး ရဲစခန်းက (ပ) ၅။၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၂၇၉-က ဖြင့်အမှုဖွင့် စစ်ဆေးလျက်ရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။

No comments: