Wednesday, April 29, 2015

"ဖားသည်မသား" ဇာတ်ကားကြော်ငြာကို လူမှုကွန် ယက်စာမျက်နှာ တွင်ရှေ့ဆုံး စာလုံးတွင် ဝစ္စပေါက်ဖြုတ်ကာ လုပ်ကြံခံရခြင်း သာဖြစ်ဟုဆို

ပန်းမြတ်ဇော်

လတ်တလော အင်တာနက် စာမျက်နှာတွင် ပျံ့နှံ့နေသည့် "ဖားသည်မသား" အမည်ရှိ ဗီဒီယို ဇာတ်ကား ပိုစတာကိုရှေ့ ဆုံးစာလုံးအား ဝစ္စပေါက်ဖြုတ်ကာ တမင်ရည်ရွယ်၍ အင်တာနက်ပေါ်တွင် လုပ်ကြံခံရခြင်းသာဖြစ် သည်ဟု ဝင်းမေတ္တာ ရုပ်ရှင် နှင့် ဗီဒီယို ဖြန့်ချိရေးမှ ကိုနေမင်းခက မဇ္ဈိမ ကိုပြောသည်။

ဖားသည်မသား ဗီဒီယို ဇာတ်ကားသည် ဝင်းမေတ္တာ ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ဖြန့်ချိရေးမှ မူပိုင် ရိုက်ကူးခြင်း ဖြစ်ပြီး အဆိုပါ ဇာတ်ကားအား အင်တာနက် စာမျက်နှာတွင် 'ဖာသည်မသား'ဟု ဖိုတိုရှော့ဖြင့် ပြုပြင်ပြီး အမည်ပြောင်းလဲကာ ပျံ့နှံ့နေခြင်း ဖြစ်သည်။

"အင်တာနက် စာမျက်နှာမှာ အဲလို တွေ့လိုက်တော့ စိတ်ထဲမှာ ခုသွားတယ် ။ ဒီကားကို ကျွန်တော်တို့ တိုက်ကနေ တခြားတိုက်က စိတ်ဝင်စားလို့ လာဝယ်တာ နဲ့ ရောင်းလိုက်တာ။ မူပိုင်ကတော့ ကျွန်တော်တို့ ထုတ်လုပ်ရေးကပါ အဲဒါနဲ့ ဖြန့်တဲ့ ဗီဒီယို ထုတ်လုပ်ရေးကို ဖုန်းဆက်တော့ မဟုတ်ဘူး ကျွန်တော်တို့ ဝစ္စနှစ် လုံးပေါက်(း) ပါတယ် ပြောတော့ မယုံလို့ လူကိုယ်တိုင်လည်းသွားကြည့်တယ်။

တကယ်လဲ (း) ပါတယ် ဇာတ်ကားရဲ့ စာသားကလည်း စိတ်ဝင်စား ဖို့ကောင်းနေတော့ ငါတို့ ဝစ္စနှစ်လုံးပေါက် မထည့် လိုက်ရင် ဒါကတော့ ဒီကားဖြစ် သွားပြီဆို တဲ့သဘောမျိုးလေးကြောင့် လုပ်တာလည်း ဖြစ်မှာပါ။ အခွေငှားကြည့်ရင် သိမှာပါ ဝစ္စနှစ်လုံးပေါက် ပါ၊ မပါ ဆိုတာတမင် သက်သက် လုပ်လိုက်တဲ့ သဘောဖြစ် မှာပါ" ဟုပြောသည်။

ဖားသည်မသား ဇာတ်ကားကို ဇာတ်လမ်း နေမင်းခ၊ ဇာတ်ညွှန်း မိုးကျော်(M.K.A) တို့ကဖန်တီးထားပြီး ဒါရိုက်တာ ရှိုင်းကို၊တွဲဖက် ဒါရိုက်တာအောင်ကျော်ထိုက် (လှော်ကား) တို့က ရိုက်ကူးထားသည့် ပညာပေးဇာတ်ကား ဖြစ်သည်။

ထိုဇာတ်ကားတွင် သရုပ်ဆောင်များ အဖြစ်နေထက်လင်း၊ နေမင်းခ၊ နေခြည်ငြိမ်းချမ်း၊ ငြိမ်းချမ်းနှင့် ဇာလွင်နန်းထိုက် အပြင် တခြား အနုပညာ ရှင်များစွာ ပါ ၀င်သည်။

"တကယ်လို့ ဒီဇာတ် ကားက သူ တို့ပြော သလို ဆိုရင် ဆင်ဆာတင် တဲ့အခါ ဆင်ဆာက ဘယ်ခွင့်ပြု ပါ့မလဲ။ ဒီလို လုပ်တဲ့ သူကလည်း ဒီဇာတ်ကား ကိုသေချာ မကြည့်ရသေးလို့ လုပ်တာ လဲဖြစ်မယ်။ ကျွန်တော် တို့က ဒီဇာတ်ကား ကိုမြန်မာ တစ်ပြည် လုံးဖြန့် ထားတာပါ။ ပညာပေး ဇာတ်ကား အကုသိုလ် လုပ်ရင် တန်ပြန်ပြန်ဖြစ် တတ်တယ် ဆိုတာကို အသိပညာပေးတဲ့ ဇာတ်ကား တစ်ကားပါ" ဟု ထို ဒါရိုက်တာ ရှိုင်းကို ကပြောပြသည်။

ထိုဇာတ်ကားတွင် သရုပ်ဆောင် နေထက်လင်းက မိန်းမလျာ တစ်ဦး အဖြစ် သရုပ်ဆောင်ထားပြီး အမဖြစ်သူ၏ သား ကျပ်မပြည့်သည့် တူလေးကို အမ ဖြစ်သူ ဆုံးပါးသွားချိန်တွင် မိန်းမလျာ ဘဝဖြင့် ဖားရောင်းပြီး ဈေးရောင်း ကျွေးမွေးခဲ့သည်။ ဖားရောင်းရငွေဖြင့် သူ၏ တူအား ဆွဲကြိုးတစ်ကုံးဝယ်ဆင်ပေးကြောင်းနှင့် သူမြို့တက်၍ အလုပ်လုပ်ချိန်တွင် လူတစ်စုက သူ၏ တူလေးအား အသေရိုက်နှက်ကာ ရွှေဆွဲကြိုးအား လုယူခဲ့သည်။ ထိုဖြစ်စဉ်သည် ဖားများအား ရိုက်နှက် သတ်ကာရောင်းချ ခဲ့သည့်အတွက် တန်ပြန်ဝဋ် လည်ခြင်း ဖြစ်သည်ကို ရိုက်ကူး တင်ပြ ထားခြင်းဖြစ်သည်။

ဖားသည်မသား ဗီဒီယို ဇာတ်ကားသည် ဖားရိုက်စားသည့် သားအမိ နှစ်ယောက် တစ်ချိန်တွင် မကောင်းမှုပြု လုပ်ခဲ့သည့် အကုသိုလ် ကိုပြန်ခံ စားရသည့် အကြောင်း ပညာပေး ဇာတ်ကား တစ်ကား ဖြစ်သည်။

No comments: