ABC
မိတ္ထီလာမြို့မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခမျိုး ရန်ကုန်မှာလည်း ဖြစ်နိုင်တယ် ဆိုတဲ့ ကောလဟာလ သတင်းတွေကြောင့် ရန်ကုန်မြို့နယ် စည်ပင်သာယာနယ်နမိတ်အတွင်းရှိ မြို့နယ် ၆မြို့နယ်နဲ့ တချို့မြို့နယ်တွေမှာ ရောင်းချနေတဲ့ ဆိုင်တွေကို ည ၉နာရီကနေ မနက် ၅ နာရီအထိ ရောင်းချခြင်းမပြုလုပ်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက မနေ့ညပိုင်းမှာ ကားတွေနဲ့ လှည့်ပြီးကြေညာနေတယ်တယ်လို့ သိရပါတယ်။
မနေ့က ယုဇနပလာဇာအနီးမှာ ဖြစ်ခဲ့တဲ့ သာမာန် ပြဿနာကနေ မိ တ္ထီ လာ မြို့ မှာ ဖြစ်ခဲ့တဲ့ ပြဿနာအထိ ရောက်သွားမှာ စိုးရိမ်တဲ့အတွက် ဆိုင် တွေ ကို စောစီး ပိတ်ချဖို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
ကြေငြာတဲ့အထဲမှာ ပုဇွန်တောင်မြို့နယ်၊ တာမွေမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၊ သာကေတမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ အခြားမြို့နယ်တွေလည်းပါဝင်ပြီး အဲဒီမြို့နယ်တွေမှာ ဖွင့်လှစ်ထား တဲ့ ဘီယာဆိုင်တွေ၊ လဖ္ဘက်ရည်ဆိုင်နဲ့ ဈေးဆိုင်တွေကို အဓိကထား ပိတ်ခိုင်းတာဖြစ်တယ်လို့ ဗကသအဖွဲ့ချုပ် ဗဟို လုပ်ငန်းကော်မတီ ဥက္ကဌ ကိုကျော် ကိုကိုက အခုလိုပြောပါတယ်။
ဆိုင်တွေကိုအဓိကထားပြီး ၉နာရီနောက်ဆုံးထားပြီးပိတ်ခိုင်းတာပါခင်ဗျ၊ ဆိုင်တွေမှာ လူစုလူဝေးတွေ လက်ဘက် ရည်ဆိုင်တို့ဘာတို့မှာရှိမှာစိုးလို့ ပြီးတော့ ကျန်တဲ့ဆိုင်တွေရဲ့ လုံခြုံရေးကိုလည်း သူတို့တာဝန်မယူနိုင်ဘူး၊ လု ယက်မှုတွေဖြစ်မှာစိုးလို့ ဆိုင်တွေကို ၉နာရီပိတ်ခိုင်းတယ်ဆိုတာကို မြို့နယ် ၆မြို့နယ်မှာ လှည့်ပတ်ကြေငြာတာရှိ တယ်၊ ကျန်တဲ့မြို့နယ်တွေမှာလည်း လမ်းမနားမှာရှိတဲ့ဆိုင်တွေကို အကုန်ပိတ်ခိုင်းထားတာကို တွေ့ရတယ်ဗျ၊ ရန်ကုန်မြို့လယ် ပြင်ပဧရိယာမှာလည်းပဲ ၉နာရီခွဲလောက်မှာ အပြီးပိတ်ရမယ်လို့ ပြောထားတာမျိုးရှိတယ်၊ ဈေး ကြီးတွေကိုပေါ့ အစောင့်တွေချထားတာကိုလည်း တွေ့ရတယ်ခင်ဗျ အခုညပိုင်းမှာ။
ရန်ကုန်မြို့မှာ ၂၄ရက် ညဘက်ပိုင်းမှာ အမည်မသိတဲ့လူတစုကကား၂စီးနဲ့ ရပ်ကွက်တွေထဲ လှည့် ပြီး အော်တာ တွေရှိတဲ့ အတွက်မြို့နေ လူထုတွေက ညပိုင်းမှာ ရပ်ကွက်အလိုက် လုံခြုံရေးယူပြီး သတိထား စောင့်ကြည့်နေ တဲ့ အနေအထားမှာရှိနေပြီး ပြဿနာဖြစ်နိုင်တယ်ဆိုတဲ့ ကောလဟာလသတင်းတွေကြောင့် ယုဇနပလာဇာနား က ဈေးဆိုင်တွေ စောစောပိတ်ခဲ့တာမျိုးတွေ ရှိတယ်လို့ ပြောပါတယ်။
အစိုးရရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာတော့ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက် လှုံဆော်မှုတွေကို တည်ဆဲဥပဒေနဲ့ အစွမ်းကုန် တားဆီးသွားမယ်ဆိုတဲ့အကြောင်း၊ ဒုက္ခသည်ပြည်သူလူထုရဲ့ စားဝတ်နေရေးကို အပြည့်အ၀ တာဝန်ယူသွားမယ်ဆိုတဲ့အကြောင်း ၊ ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးကို အမြန်ဆုံး ဆောင်ရွက်သွားမယ် ဆိုတဲ့အချက် ၆ချက်ပါ ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့တယ်လို့ ရေဒီယိုသြစတြေးလျသတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။
No comments:
Post a Comment