ABC
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံထဲမှာရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ အသွားအလာ သတိထားဖို့အမေရိကန်အစိုးရကသတိပေးလိုက် ပါ တယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ ပဲခူးဒေသဖက်မှာ မြန်မာဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်လူမျိုးတွေကြား ပဋိပက္ခဆက်လက်ဖြစ်ပွားခဲ့ပြီး ပလီတွေ၊ အိမ်တွေမီးရှို့ ဖျက်ဆီးခံလိုက်ရတယ် လို့ သိရပါတယ်။
အင်္ဂါနေ့ညမှာပဲ နောက်ထပ် ပလီလုံးမီးရှို့ဖျက်ဆီးခံရကြောင်း၊ ရဲတပ်ဖွဲ့နဲ့ စစ်တပ်တွေက အခြေအနေကို ထိန်းသိမ်းဖို့အတွက် တညလုံးလုံခြုံရေးစောင့် ကြည့်နေရကြောင်း နံမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့က တာဝန်ရှိသူတဦးက အေအက်ဖ်ပီ သတင်းကိုပြောခဲ့ပါတယ်။
အမေရိကန်သံရုံး အင်တာနက်ဝက်ဆိုက်ပေါ်က ဖော်ပြထားတဲ့ ကြေညာချက်ထဲမှာ အမေရိကန်နိုင်ငံသားတွေ အနေနဲ့ မန္တလေးဒေသဖက် ခရီးသွားတာကိုရှောင်ဖို့နဲ့ မင်္ဂလာဈေးနဲ့ ယူဇန ပ လာဇာ အပါအဝင် မူဆလင်တွေ အများစုနေထိုင်တဲ့ ရန်ကုန်မြို့ ဒေသတွေကို သွားလာတာတွေ ရှောင်ဖို့အတွက် ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
တဆက်တည်းမှာပဲ အမေရိကန်နိုင်ငံအနေနဲ့ ပဋိပက္ခဖြစ်နေတဲ့နေရာတွေက လူတွေကိုကူညီဖို့ အတွက် မြန်မာနိုင်ငံကို ဒေါ်လာ တသိန်းပေးမယ်လို့ လည်းဆိုပါတယ်။
အဲဒီငွေတွေဟာ ပဋိပက္ခဖြစ်တဲ့နေရာတွေက လူတွေအတွက် စောင်တွေ၊ ပလပ်စတိတ်အမိုးတွေ၊ အရေးပေါ်သောက်သုံးရေးတွေအတွက်သုံးဖို့အပါအဝင် သန့်ရှင်းမှုအသုံးဆောင် တွေအ တွက်လည်းအသုံးပြုဖို့ဖြစ်တယ်လို့ အမေရိကန်သံရုံးက ယာယီပြောခွင့်ရပုဂ္ဂိုလ် Patrick Ventrell ကပြောပါတယ်။
မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေ ဖြစ်နေတဲ့အတွက် နိုင်ငံတကာကလည်း ပြဿနာကို ဖြေရှင်းဖို့ မြန်မာအစိုးရကို ဖိအားပေးနေကြပါတယ်။
မိတ္ထီလာမြို့ကို ကိုယ်တိုင် သွားရောက်လည်ပတ်ခဲ့တဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ် ဘီဂျေး နမ်ဘီးယားက မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ကိစ္စကိုကြည့်ရင် မူဆလင်လူမျိုးတွေအပေါ် အကွက်ကြ ကြ စွမ်းရည်ထက်တဲ့ ရက်စက်ကြမ်းကြုတ်မှုမျိုးတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်နေသလို ဖြစ်နေတယ်လို့ ပြောလိုက်ပါတယ်။
တဖက်နဲ့တဖက် သွေးထိုး လှုံ့ဆော်တဲ့ ဝါဒဖြန့်မှုတွေနဲ့ ပြဿနာပိုမို ကြီးထွားအောင် လုပ်ဆောင်ခဲ့တာတွေ ရှိတယ်လို့လည်း ပြောလိုက်ပါတယ်။
မီတ္ထီလာမြို့မှာရှိတဲ့ ခိုလှုံရေးစခန်းမှာ နေထိုင်တဲ့ ဒုက္ခသည်တွေရဲ့ ပြောပြချက်အရ ပြဿနာလုပ်နေတဲ့ လူတွေဟာ ဒေသခံတွေ မဟုတ်တဲ့အကြောင်း ဘယ်သူ ဘယ်ဝါဆိုတာကို မသိပဲ ပြင်ပက လူတွေဖြစ်မယ်လို့ ပြောပြခဲ့တယ်လို့ ဆိုပါတယ်။
No comments:
Post a Comment