ABC
ရန်ကုန်မြို့မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ နိုင်ငံရေးပါတီဝင်လူငယ်တချို့ပါဝင်တဲ့အတွက် အစိုးရတာဝန် ရှိသူတွေက နောက်နှောင်မပါဝင်ဖို့အတွက် နိုင်ငံရေးပါတီတချို့ကိုခေါ်ယူသတိပေး လိုက်တယ်လို့ သိရပါတယ်။
ပီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့က ရန်ကုန်မြို့ တာမွေ မြို့နယ်ထဲမှာရှိတဲ့ အရက်ဆိုင်တဆိုင်မှာ ပြဿနာ ဖြစ်ပွားခဲ့ပြီး နိုင်ငံရေးပါတီအဖွဲ့ဝင်တချို့ကပါဝင်ခဲ့တဲ့အတွက်နောက်နှောင် အခုလိုမျိုး ပြဿနာ တွေကြားမှာဘယ်နိုင်ငံရေးပါတီတွေအနေနဲ့မှဝင်မပါဖို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက မနေ့က နိုင်ငံရေးပါတီတွေကိုခေါ်ယူပြီးတော့သတိပေးလိုက်တာ ဖြစ်ပါတယ်။ အခုလို ၀န်ကြီးကနေ ခေါ်ယူသတိပေးလိုက်တဲ့အကြောင်းကို ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရဲ့ တာဝန်ရှိသူ ဒေါ်သန်းသန်းနုကအခုလိုရှင်းပြပါတယ်။
"ဒီနေ့ သူတို့ခေါ်တာကတော့ အခြေအနေကိုရှင်းပြတာပေါ့။ လုံခြုံရေး အခြေအနေပြီးတဲ့ ခါကျတော့ ကောလဟာလတွေ ဖြစ်နေတယ်မလား။ ၀န်ကြီးချုပ်က ပြောတာကအဲဒီလိုဖြစ်နေတယ် ဆိုတာက တကယ်တော့ သူများတွေက အဲဒါ ဘာသာရေးပြဿနာပေါ့နော်။ တကယ်တော့ ဘာသာရေးပြဿနာ မဟုတ်ဘူးတဲ့။ အရက်ဆိုင်မှာ ထအော်တာကနေသူများကို ဆန့်ကျင်တဲ့ စကားမျိုးတွေ ဖြစ်ပြီးဆူဆူပူပူ ဖြစ်တာလို့ ၀န်ကြီးချုပ်က ရှင်းပြတယ်။ ဆူပူတဲ့အထဲမှာ နိုင်ငံရေးပါတီတွေပါလို့။ နိုင်ငံရေးပါတီ တချို့ပါတဲ့ အတွက်ကြောင့်အဲဒီနိုင်ငံရေးပါတီကို သတိပေးတာပေါ့ကွယ်။”
ဝန်ကြီးအနေနဲ့ကတော့ ဘယ်နိုင်ငံရေးပါတီတွေပါဝင်တယ်ဆိုတာကို လူနာမည်ဖေါ်ပြတာမျိုး မလုပ်ခဲ့တဲ့အကြောင်း၊ လူငယ်ပါတီဝင်တွေကလုပ်နေတာတွေ့ကို လူကြီးတွေအနေနဲ့ သိနိုင်မှာမဟုတ်ပေ မယ့် ကိုယ့်ပါတီဝင် လူငယ်တွေကို ထိန်းသိမ်းပေးဖို့ ၀န်ကြီးချုပ်ကပြောခဲ့တာ ဖြစ်ပါတယ်။
အခမ်းအနားကို တက်ရောက်ခဲ့တဲ့အမျိုးသားဒီမိုကရေစီပါတီသစ် တာဝန်ရှိသူ ဦးကျော်ကလည်း ဘယ်လိုသတိပေးခံရတဲ့အကြောင်းကိုအခုလိုရှင်းပါတယ်။ “နိုင်ငံအတွက် နှေင့်ယှက်မယ့်ဟာတွေကို ဖြစ်စေမယ့်ဟာတွေကို ဒါတွေကို ပါတီတွေအနေနဲ့ပါတီဝင်တွေက လုပ်နေတာတွေကိုတားဆီးပေးဖို့ နောင်မဖြစ်အောင်ထိန်းသိမ်းပေးဖို့ ပြောတယ်။”
တွေ့ဆုံမှုကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးမှာ ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ ပါတီပေါင်း ၂၉ ကတာဝန်ရှိသူတွေ တက်ရောက်ခဲ့တဲ့အကြောင်း ရေဒီယိုသြစတြေးလျသတင်းထောက်မေငယ်က သတင်းပေးပို့ခဲ့ပါတယ်။
No comments:
Post a Comment