Wednesday, December 18, 2013

မြန်မာဘောလုံးအသင်း ရှုံးပြီးနောက် နည်းပြထုတ်ပယ်ခံရ

ABC

၂၇ ​ကြိမ်မြောက် ​အရှေ့တောင်အာရှ ​အားကစားပွဲတော်အတွင်း ​အသက် ​၂၃ ​နှစ်အောက် ​မြန်မာဘောလုံးအသင်းကို ​ဆီမီးဖိုင်နာအထိ ​ရောက်အောင် ​မစွမ်းဆောင်နိုင်တဲ့အတွက် ​မြန်မာဘောလုံးနည်းပြ ​Park ​Sung-hwa ​ကို ​မြန်မာနိုင်ငံက ​အလုပ်ထုတ်ပစ်လိုက်ပါတယ်။

မြန်မာပြည်တွင်းသတင်းတွေအရ ​မြန်မာဘောလုံးအသင်းချုပ် ​ဥက္ကဌ ​ဦးဇော်ဇော်က ​ကိုးရီးယားလူမျိုး ​Park ​Sung-hwa ​ကို ​အလုပ်ထုတ်ပစ်လိုက်တာလို့ ​ဆိုပါတယ်။

တနင်္လာနေ့က ​အုပ်စုဘီပွဲမှာ ​မြန်မာအသင်းက ​အင်ဒိုနီးရှားအသင်းကို ​၁ ​ဂိုး ​ဂိုးမရှိနဲ့ ​ရှုံးနိမ့်ခဲ့ပြီးနောက် ​မြန်မာပရိသတ်တွေက ​ကြမ်းတမ်းစွာ ​တုန့်ပြန်မှုလုပ်ခဲ့ပြီးနောက် ​ရဲတွေနဲ့ ​ဘောလုံးပရိသတ်တွေကြား ​ရုန်းရင်းဆန်ခမှု ​ဖြစ်ခဲ့ပါတယ်။

မြန်မာအသင်း ​ရှုံးနိမ့်ခဲ့ရတဲ့အပေါ် ​သူအနေနဲ့ ​တာဝန်ယူတယ်ဆိုပေမယ့် ​အမှတ်တွေ ​တူနေတဲ့ ​အင်ဒိုနီးရှားနဲ့ ​မြန်မာအသင်းတို့ ​ကန်တဲ့ပွဲမှာ ​head-to-head ​မှတ်တမ်းတွေကိုကြည့်ပြီး ​ဆုံးဖြတ်တဲ့နည်းကို ​သူမသိခဲ့ရဘူးလို့ ​ဆိုပါတယ်။

နိုင်ငံတကာ ​ဘောလုံးလောကမှာတော့ ​အမှတ်တွေတူနေရင် ​head-to-head ​နည်းနဲ့ ​ဆုံးဖြတ်လေ့မရှိပေမယ့် ​ဆီးဂိမ်းပြိုင်ပွဲမှာ ​အဲဒီနည်းကို ​ကျင့်သုံးပြီး ​ဆီးဂိမ်းရဲ့ ​နည်းဥပဒေကို ​ပွဲတွေပြီးဆုံးမှသာ ​သိခဲ့ရတယ်လို့ ​မြန်မာနိုင်ငံ ​ဘောလုံးနည်းပြဟောင်း ​Park ​Sung-hwa ​က ​သတင်းစာရှင်းလင်းပွဲမှာ ​ပြောခဲ့ပါတယ်။

ဒီလို ​ရှုံးနိမ့်ရတာဟာ ​သူ့အမှားသာဖြစ်သလို ​အရင်တုန်းက ​ကျင်းပတဲ့ ​အစည်းအဝေးတွေ ​မတက်ရောက်ခဲ့တဲ့အပေါ်မှာလည်း ​တောင်းပန်ကြောင်း ​မြန်မာနည်းပြဟောင်းက ​ပြောလိုက်ပါတယ်။

ခုလောလောဆယ် ​ဆီးဂိမ်းအမှတ်ဇယားမှာ ​ထိုင်းနိုင်ငံက ​ရွှေတံဆိပ် ​၆၄ ​ခုနဲ့ ​ထိပ်ဆုံးမှာရောက်ရှိနေပြီး ​ဗီယက်နမ်နဲ့ ​အင်ဒိုနီးရှားက ​ဒုတိယနဲ့ ​တတိယလိုက်နေသလို ​မြန်မာနိုင်ငံက ​စတုတ္ထနေရာမှာ ​ရှိနေပါတယ်။

No comments: