Thursday, December 19, 2013

အမေရိကန်ပိတ်ဆို့မှု ဖြစ်စဉ်ဟောင်းပေါ်အခြေခံဟု သမ္မတရုံးပြော၊ မြောက်ကိုရီးယားနှင့် စစ်ရေးဆက်ဆံမှု လုံးဝမရှိဟု မြန်မာစစ်ရေးချုပ်ငြင်း

စုမြတ်ဝေ

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သော မြန်မာကုမ္ပဏီသုံးခုနှင့် စစ်အရာရှိတစ်ဦးတို့ အပေါ် အရေးယူ ပိတ်ဆို့လိုက်သည်ဟူသည့် ကြေညာချက်နှင့်ပတ်သက်၍ ၎င်းဖြစ်စဉ်မှာ ယခင်စစ်အစိုး ရလက်ထက်မှ ဖြစ်စဉ်ဟောင်းကို အရေးယူခြင်းသာဖြစ်ပြီး လက်ရှိသမ္မတလက်ထက်တွင် မြောက်ကိုရီး ယားနှင့် စစ်ရေးဆက်ဆံမှု လုံးဝမရှိကြောင်း တပ်မတော်နှင့် မြန်မာအစိုးရဘက်မှ တုံ့ပြန် ငြင်းဆိုလိုက်သည်။

“ကျွန်တော်တို့ကတော့ အရင်ကလည်း ကြေညာထားပြီးသားပါ။ မြောက်ကိုရီးယားနဲ့ ကျွန်တော်တို့ ဘာ မှ အဆက်အသွယ်မရှိပါဘူး။ အခုကတော့ အမေရိကန်က ဘာတွေနဲ့ ဘယ်လိုလုပ်လဲတော့ ကျွန်တော် တို့ မပြောတတ်ဘူး။ ကျွန်တော်တို့ အဆက်အသွယ်ဖြတ်ခဲ့တာ ကြာပြီပဲ။ အရင်လူကြီးတွေလဲ ပြောပြီး သားပဲ။ လူကြီးတွေလဲ ကြေညာထားတယ်။ မြောက်ကိုရီးယားနဲ့ ဆက်သွယ်ပြီး လက်နက်ခဲယမ်းတွေနဲ့ ပတ်သက်ပြီး အဆက်အသွယ် မလုပ်တော့ပါဘူးဆိုတာကို။ အဲဒီကတည်းကလဲ ဖြတ်ခဲ့ပြီးပါပြီ”ဟု တပ်မ တော်စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက မဇ္ဈိမကို ဒီဇင်ဘာ ၁၈ ရက်က ပြောကြားလိုက်သည်။

မြောက်ကိုရီးယားနိုင်ငံနှင့် လက်နက်အရောင်းအ၀ယ်လုပ်သည်ဟုဆိုကာ ကာကွယ်ရေးပစ္စည်း ထုတ် လုပ်ရေး အရာရှိချုပ်ရုံး(ကကထုတ်)မှ ဒုတိယဗိုလ်မှူးကြီး ကျော်ညွန့်ဦးအပါအ၀င် မြန်မာကုမ္ပဏီများဖြစ် သည့် Asia Metal Company Ltd.,စိုးမင်းထိုက် Co. Ltd နှင့် Excellence Mineral Manufacturing Co. Ltd တို့ကို ဒဏ်ခတ်အရေးယူ ပိတ်ဆို့လိုက်သည်ဟု ဒီဇင်ဘာ ၁၇ ရက်တွင် ကြေညာချက်ထုတ်ပြန် လိုက်ခြင်းနှင့်ပတ်သက်၍ တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။ အဆိုပါအရေးယူမှုအရ ပိတ်ဆို့ ဒဏ်ခတ်ခံ စာရင်းဝင်သွားသူများ၏ ငွေကြေးအထုတ်အသွင်းလုပ်မှုများအားလုံးနှင့် အမေရိကန်နိုင်ငံထဲတွင်ရှိသော ပိုင်ဆိုင်မှုများအားလုံးကို အမေရိကန်က ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦးကလည်း “ပြောရရင် အဲဒီကိစ္စမှာ နံပါတ်တစ် ဒါက ဖြစ် စဉ်အဟောင်းဖြစ်တယ်။ အရင်တုန်းက မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံအစိုးရဟောင်း လက်ထက်မှာ ၀ယ်ယူရေးဆောင်ရွက်ခဲ့တဲ့ အဟောင်းပေါ့။ စာချုပ်အရ ကန်ထရိုက်ဆီကရရန်ဆိုတဲ့ ကိစ္စတွေရှိတယ်။ အဲဒီတော့ နံပါတ်နှစ်အချက်က ဒီသမ္မတကြီးလက်ထက်မှာ စာချုပ်အသစ် ချုပ်ဆိုတာ၊ ၀ယ်ယူရေးလုပ် တာတွေ တစ်ခုမှမရှိတော့ဘူး”ဟု မဇ္ဈိမသို့ ပြောသည်။

စိုးမင်းထိုက် Co. Ltd. နဲ့ Excellence Mineral ကုမ္ပဏီတို့သည် မြောက်ကိုရီးယားအရာရှိများနှင့်ပူးပေါင်း ကာ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးအစီအစဉ်တွေအတွက် လိုအပ်သောပစ္စည်းများကို ၂၀၁၃ ဇွန်လ အထိ တင်သွင်းခဲ့သည့်အပြင် Asia Metal ကုမ္ပဏီက ၂၀၁၂ ဒီဇင်ဘာအထိ ကာကွယ်ရေးပစ္စည်း ထုတ် လုပ်ရေးရုံးပိုင်မြေအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများကို မြောက်ကိုရီးယားလူမျိုး အယောက် ၃၀ လောက်နှင့်အတူ လုပ်ကိုင်ခဲ့သည့်အပြင် လိုအပ်သော ဆောက်လုပ်ရေးပစ္စည်းများကို မြောက်ကိုရီးယား မှ မှာယူတင်သွင်းခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါအချက်များနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးဘက်မှ ပြန်လည် တုံ့ပြန်ပြောကြားရာတွင် အမေ ရိကန်ဘက်မှ အရေးယူဒဏ်ခတ်လိုက်သော အဆိုပါစာရင်းပါ ကုမ္ပဏီများမှာ ၂၀၁၂ ခုနှစ် သြဂုတ်လက ယူရေနီယံသန့်စင်မှုနှင့် ဒုံးကျည်ထုတ်လုပ်မှုအတွက် အသုံးပြုနိုင်သည့် ပစ္စည်းများပါဝင်သော မြောက်ကို ရီးယားသင်္ဘောတစ်စင်းကို မြန်မာပြည်ဘက်ကိုလာစဉ် ဂျပန်နိုင်ငံ၊ တိုကျိုဆိပ်ကမ်းတွင် ဖမ်းဆီးလိုက် သည့်ကိစ္စနှင့် ဆက်စပ်သော ကုမ္ပဏီများဖြစ်ပြီး လက်ရှိအချိန်တွင်မှ သက်သေစုံလင်မှုကြောင့် ပိတ်ဆို့မှု စာရင်း ထပ်တိုးခြင်းဖြစ်သည်ဟု တုံ့ပြန်ပြောကြားသည်။

သမ္မတရုံး အကြီးတန်းအရာရှိမှ “ဂျပန်မှာဖမ်းလိုက်တဲ့ကိစ္စနဲ့ ပါဝင်ပတ်သက်တဲ့ ကုမ္ပဏီနဲ့ ဆက်စပ်တဲ့ ကုမ္ပဏီတွေပေါ့။ အဲဒါကကြာပြီ။ အဲဒါနဲ့ပတ်သက်ပြီးတော့ ပါဝင်ပတ်သက်တဲ့ဟာကို အခု confirmation ဖြစ်တဲ့အတွက် ဆန်ရှင်စာရင်း ထပ်တိုးတာ။ အမေရိကန် ဆန်ရှင်ပေါ်လစီအရ သူက အချက်အလက်ကို edit ပြန်လုပ်တာ။ ဆိုလိုတာက အဲဒီဖြစ်စဉ်အဟောင်းတွေမှာ သက်သေထင်ရှားတယ် မှန်တယ်ဆိုရင် သူက ပြန်ပြီး အရေးယူတယ်”ဟု ပြောသည်။

မြောက်ကိုရီးယားမှ မြန်မာစစ်တပ်အတွက် လက်နက်ဝယ်ယူခဲ့မှုနှင့်ပတ်သက်၍ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးသိန်းဋ္ဌေးကိုလည်း အမေရိကန်အစိုးရမှ ၂၀၁၂ ဇူလိုင်က ပိတ် ဆို့အရေးယူခဲ့သေးသည်။

ယခုအရေးယူမှုသည်လည်း အဆိုပါ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးဖြစ်စဉ်နှင့် ဖြစ်စဉ်တစ်ခုတည်းဖြစ်ပြီး ဆက်စပ်နေမှုများကို အရေးယူခြင်းဖြစ်သည်ဟု နိုင်ငံတော်သမ္မတရုံးမှ ဆိုသည်။

ထို့ပြင် မြောက်ကိုရီးယားဆီမှ စစ်လက်နက်ပစ္စည်းများနှင့် အကူအညီများရယူခြင်းကို တားမြစ်ထားသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၁၈၇၄ အရ လိုက်နာမည်ဟု ၂၀၁၂ နိုဝင်ဘာက ကြေ ညာခဲ့သည့်အတိုင်း ယင်းဆုံးဖြတ်ချက်ကို လက်ရှိသမ္မတ ဦးသိန်းစိန်လက်ထက်တွင် လိုက်နာလျက်ရှိပြီး လက်ရှိအချိန်တွင် မြန်မာအစိုးရအနေဖြင့် မြောက်ကိုရီးယားနှင့် လက်နက်အရောင်းအ၀ယ် လုံးဝမရှိဟု မြန်မာအစိုးရဘက်မှ ပြောဆိုလိုက်သည်။

No comments: