Monday, December 23, 2013

ကချင် ဒုက္ခသည် များကို ကူညီခွင့် ပေးရန် ဗြိတိန် တောင်းဆို

ရွှေဟင်္သာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ရောက်ရှိနေသောမြန်မာ နိုင်ငံဆိုင်ရာဗြိတိန် သံ အမတ်ကြီး Andrew Patrick သည် ကချင် ပြည်နယ်ရှိ စစ်ပြေး ဒုက္ခသည် အားလုံးအား ကူညီခွင့်ပြုရန် ကချင်ပြည်နယ် အစိုးရအား တောင်းဆိုခဲ့ သည်ဟု ကချင် ငြိမ်းချမ်းရေး အကျိုးတော် ဆောင် တဦးက ဆိုပါသည်။

“ သူတောင်းဆို ခဲ့တာက ကချင် စစ်ပြေး ဒုက္ခသည် တွေအတွက် ကုလသမဂ္ဂ အပါဝင် မည်သည့် အဖွဲ့မဆို အကူ အညီပေးခွင့် ပြုပါ။ ခွင့်ပြုတဲ့ နေရာမှာလည်း လွတ်လွတ် လပ်လပ် ၀င်ထွက်သွား လာခွင့် ပါ ပေးဖို့ တောင်း ဆိုခဲ့ တယ်။ ပြည်နယ် အစိုးရ ကတော့ သူတို့လည်း အကူ အညီပေးဖို့ ရှိတယ်ပေါ့။ သံအမတ် ကြီး တောင်းဆိုချက် နဲ့ပါတ် သက်လို့ကတော့ အထက်ကို တင်ပြပေး မယ်ပေါ့ဗျာ၊ အဲဒီလို အကြောင်းပြန် တယ်လို့ သိရတယ်” ဟုဆိုပါသည်။

မြန်မာ နိုင်ငံဆိုင်ရာဗြိတိန် သံ အမတ်ကြီး Andrew Patrick သည် ပြီးခဲ့သည့် ဒီဇင်ဘာ (၁၉)ရက်နေ့ ကတည်းက မြစ် ကြီးနားကို ရောက်ရှိနေ ခဲ့ပြီး ကချင် ပြည် နယ် အစိုးရ အဖွဲ့နှင့် ယမာန်နေ့၌ တွေ့ဆုံစဉ် အထက်ပါ အတိုင်း တောင်း ဆို ခဲ့ခြင်း ဖြစ်ပါသည်။ ၄င်းသည် ဘာသာရေး၊ နိုင်ငံရေး၊ လူ မှုရေး ခေါင်းဆောင် များနှင့် KIA နည်း ပညာ အကြံပေး အဖွဲ့ ၀င် များအား တွေ့ဆုံပြီး ဒုက္ခသည် စခန်းများ ကိုပါ လေ့လာခဲ့ ပါသည်။

ထို့အပြင် ကချင်ပြည်နယ် မန်စီမြို့နယ် ၌ကေအိုင်အေ တပ်ဖွဲ့များမှ ဖမ်းဆီး သွားခဲ့ သည်ဟု စွပ်စွဲ နေသော ဒေသ ခံရှမ်း တိုင်းရင်းသား များကိုပြန် လွှတ်ပေး ရန် တောင်းဆို နေကြသည့် ရှမ်းမျိုးနွယ်စု ဆန္ဒပြပွဲ ကိုလည်းဗြိတိသျှ သံအ မတ်ကြီးက သွားရောက် ခဲ့ပါသည်။

ဗြိတိန် အစိုးရသည် ကချင် ပြည်နယ်မှ စစ်ဘေး ဒုက္ခသည် များ အတွက် အမေရိကန် ဒေါ်လာသန်း ၂၀ကူညီရန် ရှိပြီး ထိုထဲမှ ဒေါ်လာ ၁၀ သန်းအား ထောက် ပံ့ပြီး ဖြစ်သည်ဟု ဗြိတိသျှ သံရုံး ဒုတိယ အတွင်းဝန် Joe Fisher က ဆိုပါ သည်။

ကချင် စစ်ပြေးများ သည် ရိက္ခာမဖူလှုံခြင်း၊ ရာသီဥတုဒဏ် ဆိုးဝါးစွာ ခံစားနေရပြီး ဆေးဝါးများ မလောက်မငှ ဖြစ်နေ ကြသည်ဟု ဒုက္ခသည် စခန်း တာဝန်ခံ ဦး တွဲဗီဇာက ဆိုပါသည်။

“ ရရင် ကောင်းတာ ပေါ့ဗျာ။ ခွဲတမ်း မလောက်မ ငှနဲ့ နေနေရတာ ကြာပါပြီး။ ရိက္ခာပြသနာ လည်းတချို့ နေရာမှာ ပြတ်နေပြီး၊ ဆေးဝါး ပြသနာနဲ့ အခုရင်ဆိုင်နေ ရတဲ့ အအေးဒဏ် တွေပေါ့ သိပ်ဆိုးတယ် စခန်းတွေမှာ အချိန်မှီ ရရင် ပိုကောင်း ပါတယ်”ဟု ဆိုပါသည်။

မြန်မာ နိုင်ငံဆိုင်ရာဗြိတိန် သံ အမတ်ကြီး Andrew Patrick ၏ ခရီးစဉ် သည် (၃)ရက် ကြာမည်ဖြစ် ပြီး ယနေ့ ဒီဇင် ဘာ (၂၁)ရက်နေ့ တွင် ပြန်လည် ထွက် ခွာ တော့မည်ဖြစ် ပါသည်။

သံအမတ် ကြီးနှင့် အတူ အင်္ဂလန် နိုင်ငံ၏ အပြည်ပြည် ဆိုင်ရာဖွံ့ဖြိုးတိုးတက် ရေးဋ္ဌာန (DFID) မှ အကြီးအကဲ Mr.Gavin McGillivray လည်း လိုက်ပါခဲ့ပါ သည်။ ဗြိတိန်သည် နှစ်နှစ်ခွဲ ကာလအတွင်း ကချင်ပြည်နယ် စစ်ပြေး များအတွက် ထောက်ပံ့ ကူညီ သွားမည်ဖြစ် သည်။

အလားတူ INGO များ (NGO)များ၊ ကုသမဂ္ဂ နှင့် အခြားအလှူများ အကူအညီပေးရန်ရှိပြီး လွတ်လပ်စွာ ၀င်ထွက်သွား လာခွင့် ပြုရန် အရေးကြီး သည်ဟု ဗြိတိသျှ သံရုံးဒုတိယအတွင်းဝန် Joe Fisher က ဆိုပါသည်။

ဗြိတိန် သံ အမတ်ကြီး သည် ကချင်ပြည်နယ် ခရီးစဉ် ကို ပထမအကြိမ် အဖြစ် သွားရောက် ခဲ့ပြီး ဤခရီးစဉ် မတိုင်မှီရခိုင် ပြည်နယ် ကိုလည်း သွားရောက် ခဲ့ကြ ပါသည်။

No comments: