Friday, December 13, 2013

ဆီးဂိမ်းမှာ မြန်မာရွှေတံဆိပ်ဆု အခုတစ်ရာမှန်းထား

ABC

မြန်မာနိုင်ငံက ​အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်တဲ့ ​အရှေ့တောင်အာရှ ​ဆီးဂိမ်း ​အားကစား ​ပြိုင်ပွဲမှာ ​မြန်မာ ​အားကစား ​သမားအဖွဲ့တွေ ​အနေနဲ့ ​ရွှေတံဆိပ်ဆု ​အခု ​တစ်ရာ ​ဆွတ်ခူးရရှိဖို့ ​မျှော်မှန်းထားပါတယ်။

၁၉၆၀ ​ခုနှစ်ကစပြီး ​ဆီးဂိမ်းအားကစားပြိုင်ပွဲတွေမှာ ​ဆုတံဆိပ်အနိမ့်ဆုံးနေရာမှာ ​ရှိခဲ့တဲ့ ​မြန်မာနိုင်ငံ ​အနေနဲ့ ​အခုတကြိမ်မှာတော့ ​ရွှေတံဆိပ် ​အခုတစ်ရာရဖို့ ​ရည်ရွယ်ထားတယ်လို့ ​အားကစားဝန်ကြီးဌာန ​ဒုညွန်ကြားရေးမှူး ​ဦးအုန်းမြင့်ဦး ​က ​ဒီဇင်ဘာလ ​၁၁ ​ရက်နေ့တုန်းက ​နေပြည်တော်မှာ ​ကျင်းပပြုလုပ်ခဲ့တဲ့ ​ဆီးဂိမ်း ​အားကစားပြိုင်ပွဲ ​ဖွင့်ပွဲအခမ်းအနားမှာ ​ပြောသွားခဲ့ပါတယ်။

လက်ရှိမှာတော့ ​မြန်မာက ​ရွှေတံဆိပ် ​၂၁ ​ခု၊ ​ငွေ ​၁၃ ​ခု၊ ​ကြေး ​၁၂ ​ခုနဲ့ ​ထိပ်ဆုံးမှာရောက်ရှိနေပြီး ​ဗီယက်နမ်နိုင်ငံကတော့ ​ဒုတိယနေရာနဲ့ ​အင်ဒိုနီးရှားနိုင်ငံကတော့ ​တတိယနေရာမှာရှိနေပါတယ်။

ဆီးဂိမ်းပြိုင်ပွဲ ​ဖွင့်ပွဲအခမ်းအနားကို ​မြန်မာနိုင်ငံအနေနဲ့ ​အောင်မြင်စွာ ​ကျင်းပပြုလုပ်နိုင်ခဲ့တဲ့ ​အတွက် ​မြန်မာပြည်သူ ​အတော်များများက ​အားရ၀မ်းသာရှိခဲ့ကြပေမယ့် ​ တဖက်မှာတော့ ​ဖွင့်ပွဲ ​အခမ်းအနား ​ဖြစ်မြောက်ရေးအတွက် ​တရုတ်နိုင်ငံက ​အကူအညီတွေ ​ရယူခဲ့တဲ့အပေါ် ​အစိုးရအနေနဲ့ ​ဝေဖန်မှုတွေခံနေရပါတယ်။

လူပေါင်း ​သုံးသောင်းလောက် ​ဆံ့တဲ့ ​နေပြည်တော် ​၀ဏ္ဏသိန္ဓိ ​အားကစားရုံမှာ ​ပြုလုပ်တဲ့ ​ဆီးဂိမ်းဖွင့်ပွဲနဲ့ ​ပိတ်ပွဲ ​အခမ်းအနား ​အတွက် ​တရုတ်နိုင်ငံက ​မြန်မာနိုင်ငံကို ​ဒေါ်လာ ​၃၃ ​သန်းနီးပါး ​ရှိတဲ့ ​စက်မှုပိုင်းဆိုင်ရာ ​အကူအညီတွေ ​ထောက်ပံ့ပေးခဲ့ပါတယ်။

ဆီးဂိမ်းအားကစားပြိုင်ပွဲ ​ကျင်းပပြုလုပ်တာကို ​၀မ်းသာအားပေးကြတဲ့သူတွေရှိနေပေမယ့် ​အားနည်းချက်တချို့ကိုလည်း ​ထောက်ပြထားသူတွေလည်းရှိပါတယ်။

အဲဒါအပြင် ​အလယ်အလတ် ​တန်းစားရှိတဲ့ ​ဟိုတယ်တွေနည်းပါးပြီး ​သွားလာဖို့အတွက် ​တက္ကဆီတွေကလည်း ​နည်းပါးတဲ့အတွက် ​အခက်အခဲတွေရှိတယ်လို့ ​ဆီးဂိမ်းကို ​သွားရောက် ​ကြည့်ရှု့တဲ့ ​နိုင်ငံခြားသား ​ဧည့်သည်တွေက ​ပြောပါတယ်။

ပြီးတော့ ​ရန်ကုန်နဲ့ ​နေပြည်တော် ​တက္ကဆီအငှါးကလည်း ​ဒေါ်လာ ​၂၀၀ ​လောက်ရှိပြီး ​ဗီဇာကြေးကလည်း ​ဈေးကြီးတယ်လို့ ​ဆိုပါတယ်။

No comments: