Monday, March 10, 2014

ကျပ်သုံးဘီလီယံကျော် အသုံးပြုပြီး ဖားဆောင်း - မော်ချီးကားလမ်း ၂၀၁၅ ခုနှစ်တွင် အပြီးတည်ဆောက်မည်

သံလွင်စော

ဲပည်ထောင်စုဘတ်ဂျက်ငွေသုံးဒသမသုံးဘီလီယံ (ကျပ်သန်းပေါင်း သုံးထောင်သုံးရာ) အသုံးပြုပြီး ကယားပြည် နယ်အတွင်းက ဖားဆောင်း-မော်ချီး ကားလမ်းကို (၂၀၁၅) ခုနှစ်မှာအပြီးတည်ဆောက်သွားမှာဖြစ်သည် ဟုသိရသည်။

လမ်းပြုပြင်ရေးလုပ်ငန်းတွေကို လာမည့်ဧပရယ်လမှာစတင်မှာဖြစ်ပြီး (၂၀၁၄) (၂၀၁၅) ဘတ် ဂျက်နှစ်အတွင်း တည်ဆောက်မှာ ဖြစ်သည်ဟုဆိုသည်။

(၂၀၁၄)ခုနှစ်အတွက် ဘတ်ဂျက်ငွေ တစ်ဒသ မခြောက်ဘီလီယံ (ကျပ်သန်းပေါင်း တစ်ထောင့်ခြောက်ရာ) ရရှိထားပြီးဖြစ်သည်ဟု ကယားပြည်နယ်ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းဌာနက ပြည်နယ်အင်ဂျင်နီယာမှူးကြီး ဦးခင်မောင်ဖြူက ကန္တာရဝတီတိုင်း(မ်)သို့သည်။

သူက " ဒီလမ်းကိုပြင်ဖို့ (၂၀၁၄ - ၂၀၁၅) ဘတ်ဂျက်နှစ်နှစ်ခုခွဲပြီးတည်ဆောက်သွားမှာပါ ။ အခုလေ လောဆယ်တော့ (၂၀၁၄) အတွက်ဘတ်ဂျက်ငွေ တစ်ဒသမခြောက်ဘီလီယံ ရရှိထားပါပြီ ။ လာမဲ့လထဲမှာ လုပ်ငန်းတွေစတင်တော့မှာပါ" ဟုဆိုသည်။

မော်ချီးဒေသလိုခါးလိုဒေသခံတစ်ဦးဖြစ်သည့် စောသောသီက " ဒီလမ်းကိုပြင်သင့်နေတာကြာပြီလေ .... မော်ချီးမှာကခဲတွေတအားထွက်တာ အစိုးရအတွက်ဘဲလေ ... အစိုးရကပြည်သူ တွေအ တွက်ပြန်လုပ်ပေးသင့်တာပေါ့" ဟုပြောသည်။

အဆိုပါလမ်းကိုပြင်ဆင်ရန်အတွက် ယခင်နှစ်များက JICA ချေးငွေရရှိမှာဖြစ်သည်ဟု ပြည်ထောင်စု အစိုးရ ကပြောကြားခဲ့သော်လည်း အကောင်အထည်မပေါ်သည့်အတွက် ယခုလိုပြည်ထောင်စုဘတ်ဂျက် ငွေကိုအသုံးပြု ရတာဖြစ်ကြောင်း ဦးခင်မောင်ဖြူက ဆက်ပြောသည်။

သူက " အရင်ကတော့ ဂျပန်အဖွဲ့ ဖြစ်တဲ့ JICA ကချေးငွေထုတ်ပေးမယ်လို့ ပြောခဲ့တာလေ ... ပြီးခဲ့တဲတစ်လောတုန်း ကနေပြည် တော်မှာအစည်း အဝေးသွားတက်တော့ ဂျပန်ကချေးငွေမပေးတော့ဘူးလို့  ပြောတယ် ... ဒါကြောင့်ကျနော်တို့လဲ ပြည်ထောင်စုဘတ်ဂျက်ငွေချပေးဖို့ တောင်းဆိုခဲ့တာဖြစ်တယ်" ဟုရှင်းပြသည်။

လမ်းဖောက်လုပ်သည့်နေရာမှာ လမ်းအကျယ်ကို (၃၂) ပေချဲ့သွားမှာဖြစ်ပြီး (၁၂) ပေအကျယ် ကတ္တရာလမ်း ခင်းသွားမည်ဖြစ်သည်ဟုဆိုသည်။

၂၁ မိုင်ရှိသည့် အဆိုပါ ကားလမ်းကို ကိုလိုနီအစိုး ရလက်ထက်ကတည်းက ဖောက်လုပ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံအစိုးရအဆက် အဆက်လက်ထက်မှာ အသေးစားပြန်လည်ပြင်ဆင်မှုတွေသာရှိခဲ့သည့်အတွက် မိုးရာသီကာလမှာသွားလာရေးအလွန်ခက်ခဲ သည်ဟုသိရသည်။

မော်ချီး သတ္တုတွင်းမိုင်းဟာ မြန်မာနိုင်ငံသတ္တုတွင်းများထဲက အကြီးဆုံးသတ္တုတွင်းမိုင်းတခုဖြစ်ပြီး ခဲအများဆုံးထွက်သည့် ဒေသဖြစ် ကြောင်းသိရသည်။

No comments: