Tuesday, March 11, 2014

စု ဖောင်ဒေးရှင်း စတင်ဖွင့်လှစ်

ABC

မြန်မာနိုင်ငံရဲ့ ​ကျန်းမာရေးနဲ့ ​ပညာရေး ​ဆိုင်ရာ ​ဖွံ့ဖြိုးရေးတွေရည်ရွယ်ပြီး ​စုဖောင်ဒေးရှင်းကို ​ရန်ကုန်မြို့မှာ ​မနေ့က ​စတင် ​ဖွင့်လှစ်လိုက်ပြီလို့ ​သိရပါတယ်။

လွန်ခဲ့တဲ့ ​နှစ်ပေါင်း ​၅၀ကျော်က ​အာရှမှာ ​ထိပ်တန်း ​အဆင့် ​ရှိခဲ့တဲ့ ​မြန်မာ့ ​ပညာရေး ​စနစ်ဟာ ​အခုအခါ ​အများ ​လက်ခံ ​အသိအမှတ်ပြုတဲ့ ​အဆင့် ​မရှိတော့သလို ​ကျန်းမာရေး ​စောင့်ရှောက်မှု ​အခြေအနေတွေလည်း ​နိမ့်ကျနေတာ ​ကြောင့် ​နောင်မျိုးဆက်သစ်တွေကို ​ရည်ရွယ်တဲ့ ​အနေနဲ့ ​အခုလို ​လုပ်ဆောင်ရတာ ​ဖြစ်လို့ ​ဒီအရေးအတွက် ​အားလုံးပူးပေါင်းပါဝင် ​လျှူဒါန်းကြပါလို့ ​စုဖောင်ဒေးရှင်းရဲ့ ​အင်တာနက် ​စာမျက်နှာမှာ ​ဒေါ်အောင်ဆန်းစုကြည်က ​မေတ္တာရပ်ခံထားပါတယ်။

ဒီ ​စုဖောင်ဒေးရှင်းကို ​အမျိုးသားဒီမိုကရေစီ ​ဥက္ကဌ ​ဒေါ်အောင်ဆန်းစုကြည် ​ကနေ ​ဦးဆောင်ဖွဲ့စည်းတာ ​ဖြစ်ပြီး ​အမေရိကန် ​နိုင်ငံခြားရေး ​ဝန်ကြီးဟောင်း ​Hillary ​Clinton ​နဲ့ ​အမေရိကန် ​သမ္မတဟောင်းရဲ့ ​ ကတော် ​Laura ​Bush ​တို့က ​ပူးတွဲ ​သဘာပတိအဖြစ် ​တာဝန်ယူ ​ဆောင်ရွက်သွားမှာ ​ဖြစ်ပါတယ်။

The ​Lady ​ဆိုတဲ့ ​ရုပ်ရှင်ကားမှာ ​ဒေါ်အောင်ဆန်း ​စုကြည် ​အဖြစ် ​သရုပ်ဆောင်ခဲ့သူ ​နိုင်ငံခြား ​ရုပ်ရှင်မင်းသမီး ​Michell ​Yeoh ​ဟာလည်း ​စုဖောင်ဒေးရှင်း ​အဖွဲ့ဝင်တဦးဖြစ်ပြီး ​အဲဒီ ​ဖွင့်ပွဲကို ​တက်ရောက် ​မိန့် ​ခွန်းပြောသွားခဲ့ပါတယ်။

စုဖောင်ဒေးရှင်း ​ဖွင့်လှစ်ပွဲ ​အခမ်းအနားကို ​အမေရိကန် ​ပြည်ထောင်စု ​East ​West ​Centre ​ရဲ့ ​သတင်း ​မီဒီယာ ​ဆိုင်ရာ ​ညီလာခံ ​ကျင်းပတဲ့ ​ဆရာစံ ​ပလာဇာမှာ ​ပြုလုပ်ခဲ့တာ ​ဖြစ်ပြီး ​နိုင်ငံပေါင်း ​၃၀ကျော်က ​သတင်းသမား ​ရာနဲ့ချီ ​တက်ရောက် ​ခဲ့ကြတယ်လို့ ​သိရပါတယ်။

No comments: