ABC
၂၀၂၀ ပြည့်နှစ်ကျရင် ဂျပန်နိုင်ငံမှာ ကျင်းပမယ့် အိုလံပစ်အားကစားပွဲတော် ကျင်းပတဲ့အခါ အလုပ်သမားအများအပြား လိုအပ်မှာဖြစ်ပြီး မြန်မာနိုင်ငံက အလုပ်သမားတွေကို ခေါ်ယူဖို့ ကမ်းလှမ်းထားတဲ့အကြောင်း မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း က ပြောပါတယ်။
အလုပ်သမားခေါ်ယူမှုနဲ့ ပတ်သတ်ပြီး ဂျပန်နိုင်ငံက တာဝန်ရှိသူတွေနဲ့ မြန်မာ-ဂျပန် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ လာမည့်တစ်ပတ်အတွင်း ဆွေးနွေးညိုနိုင်းသွားမယ်လို့လည်း သိရပါတယ်။
ဂျပန်က မြန်မာ အလုပ်သမားတွေကို ခေါ်ယူမယ်လို့ ပြောလာမယ်ဆိုရင် မြန်မာ အလုပ်သမားတွေကို ဂျပန် အလုပ်သမားတွေနဲ့ တန်းတူအခွင့်အရေး အပြည့်အဝပေးဖို့ တောင်းဆိုသွားမယ်လို့ မြန်မာ-ဂျပန်လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအသင်းက ဘဏ္ဍာရေးမှုး ကိုဇော်ဇော်အောင်က ပြောပါတယ်။
အသင်းရဲ့ ကမ်းလှမ်းချက်ကို ဂျပန်က လက်ခံမယ်ဆိုရင် မြန်မာအလုပ်သမားတွေကို ၂၀၁၄ခုနှစ်အတွင်း စတင်ခေါ်ယူနိုင်တယ်လို့လည်း ပြောပါတယ်။
ဂျပန်နိုင်ငံ အိုလံပစ်ပွဲတော်အတွက် အလုပ်သမားတွေကို ခေါ်ယူဖို့ ကမ်းလှမ်းထားသလို ဂျပန်နိုင်ငံရှိ ဘိုးဘွားရိပ်သာတွေမှာ အလုပ်လုပ်ဖို့ မြန်မာအလုပ်သမားတွေကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းထားတယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံက အလုပ်သမားတွေဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်တာ များပြားပေမယ့် အာရှအင်အားကြီးနိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယ၊ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီး ယားနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်တာတွေ ပိုနည်းပါးကြောင်း အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေက ပြောကြောင်း မြစ်မခ သတင်းအရ သိရပါတယ်။
No comments:
Post a Comment