Sunday, March 9, 2014

မီဒီယာကို မီဒီယာနဲ့ တိုက်မယ်တဲ့ Eleven ဖေါ်ထုတ်

Eleven Media

ကြေးမုံ၊ မြန်မာ့အလင်း၊ ပြည်ထောင်စုနေ့စဉ် ပြီးတော့ Democracy Today အစိုးရနဲ့ ခရိုနီတို့ရဲ့ ကျပ် ၅၀ တန် သတင်းစာ စစ်ပွဲမီဒီယာ ကို ကန့်သတ် ချုပ် ချယ်လို သူတွေရဲ့ မီဒီယာထောင်ေ ချာက်တွေ နဲ့ ၂ဝ၁၅ ခုနှစ် အတွက် ကြိုတင်ပြင် ဆင်မှုတွေ ကို ပြီးခဲ့တဲ့ တစ်ပတ်မှာ ရေးခဲ့ပါတယ်။

သူတို့တွေဟာ ပုဂ္ဂလိက သတင်းစာ၊ မီဒီယာတွေ ကို ခေါင်း မထောင်နိုင်အောင် ရင်းနှီးမြ§ ပ်နှံမှုနဲ့ ဖိနှိပ်ခြင်းကို လုပ်ဆောင် ထားတယ်။ ဒါဟာ ပထမခြေ လှမ်းပါပဲ။ ဒုတိ ယခြေလှမ်းက ယိုင်နဲ့လာတဲ့ သတင်းစာ၊ မီဒီယာတွေ ကို သူတို့နဲ့ ဆက်နွှယ်နေ တဲ့ ခရိုနီ လုပ်ငန်းရှင်တွေ၊ သူတို့ရဲ့ လက်ဝေခံတွေ ကို ဝင်ပြီးနေရာ ယူစေပါ တယ်။ တတိယခြေလှမ်းက မီဒီယာလော ကကြီး တစ်ခုလုံး ကျင့်ဝတ် မရှိ၊ ပျက်စီးနေပြီး ထင်ရာစိုင်းနေ တယ်ဆိုတဲ့ အမြင်ေ ရာက်အောင် သူတို့ရဲ့ လက်ဝေ ခံတွေ ကတစ်ဆင့် ဝါဒဖြန့် ချိ လုပ်ဆောင်မယ်။ စတုထ္ထခြေ လှမ်းက ပုဂ္ဂလိက မီဒီယာတွေ ရဲ့ အမှား ကိုစောင့်ပြီး ဥပဒေထောင်ချောက် ထဲ ဆွဲသွင်းမယ်။ တရားရုံးရောက် တဲ့ အချိန်မှာ မျှတတဲ့ တရားစီ ရင်မှု မပေးဘဲ ထောင်ချ ပစ်လိုက်မယ်။

ဒီခြေ လှမ်းတွေဟာ ၂ဝ၁၅ ခုနှစ်ကို ဦး တည်နေတာပါ။ ၂ဝ၁၅ ခုနှစ် ရွေးကောက် ပွဲ မှန်ကန်မျှ တမှုအတွက် အထောက် အကူပေး မယ့် မီဒီယာတွေ ပါ ပါတယ်။ မီဒီယာ ကို ချုပ်ကိုင်ထားခြင်း အားဖြင့် ရွေးကောက်ပွဲ မသမာ မှုတွေကို ဖုံးဖိဖို့ ကြိုးစားတာ ဖြစ်လာနိုင် ပါတယ်။

အခုဖြစ်နေ တဲ့ မြန်မာနိုင် ငံရဲ့ ပုံစံဟာ ကမ္ဘော ဒီးယားနိုင်ငံ မှာလိုမျိုး သက်တမ်း ရှည်အာဏာ ရှင်ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဆက်နွှယ်နေ တဲ့ မိသားစုတွေ က မီဒီ ယာကို ချုပ်ကိုင်ထား တာမျိုး မဟုတ် ပါဘူး။ ဒါပေမဲ့ မီဒီယာကို ကန့်သတ် ချုပ်ခြယ် လိုသူတွေ ရဲ့ လက်ဝေ ခံတွေ၊ ခရိုနီလုပ် ငန်းရှင်တွေ ကတစ် ဆင့် မီဒီယာကို ချုပ်ကိုင်ဖို့ လုပ်တာကို သိသိသာ သာ မြင်တွေ့နေရပါပြီ။

အစောပိုင်း မှာတော့ သူတို့တွေ ဟာ ရုပ်သံမီဒီ ယာကို ချုပ်ကိုင် ထားပါတယ်။ အခုချိန်မှာ ပုဂ္ဂလိက သတင်းစာတွေ ဖက်ကို ခြေဦးလှည့် လာပါတယ်။မီဒီယာကို ကန့်သတ် ချုပ်ခြယ် လိုသူတွေ ရဲ့ ပထမခြေလှမ်း ရင်းနှီးမြှုပ်နှံ မှုမှာ ခေါင်း မထောင်နိုင်အောင် ဖိနှိပ်ထား တာက သူတို့ အတွက် အကျိုး သက်ရောက်မှု ရှိစေ ပါတယ်။ အခုချိန်မှာ ရင်းနှီးမြှုပ်နှံမှု အခက်အခဲကြောင့် မရပ်တည်နိုင်တော့တဲ့ ပုဂ္ဂလိက သတင်းစာတွေ ရှိနေပါပြီ။ ဒီအဆင့်မှာတင် နောက်ထပ်ထိုးနှက်တဲ့ အချက်က ပုဂ္ဂလိက သတင်းစာတွေကို ဈေးနှုန်း(ရောင်းဈေး)နဲ့သတ်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။

လက်ရှိ သတင်းစာဈေး ကွက်ထဲမှာ အစိုးရ သတင်းစာတွေ က ငွေကျပ် ၅ဝ နဲ့ဖြန့်ပြီး ပုဂ္ဂလိက သတင်းစာတွေရဲ့ ဖြန့်ဈေးကို ဖိနင်းထား ပါတယ်။ အခြေခံ အဆောက် အဦက အစ စက်ပိုင်း ဆိုင်ရာ၊ ဖြန့်ချိရေး လုပ်ငန်းတွေ အားလုံး ပြည်သူ့ ဘဏ္ဍာနဲ့ လည်ပတ်နေ တာကြောင့် သူတို့ရဲ့ အရှုံး အမြတ်က အဓိက မကျ ပါဘူး။ ဒါကြောင့် ကြေးမုံ၊ မြန်မာ့အလင်း စတဲ့အစိုး ရ သတင်း စာတွေဟာ အသွင်ပြောင်း ထုတ်ခဲ့ပေ မဲ့ ဈေးနှုန်းကို မပြောင်း ခဲ့ပါဘူး။

ပုဂ္ဂလိက သတင်းစာတွေ စထွက် လာချိန်မှာ ပြည်ထောင် စုနေ့စဉ် သတင်း စာက အစိုးရ သတင်း စာတွေနဲ့ ယှဉ်ပြိုင်ဖို့ ကြိုးစား ခဲ့ပါတယ် ။ ပြည်ထောင် စုကြံ့ ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ထုတ်ဝေနေ တဲ့ ပြည်ထောင်စုနေ့ စဉ်ကို အမှီ အခိုကင်းပြီး လွတ်လပ်တဲ့ ပုဂ္ဂလိက သတင်း စာလို့ အပြည့်အဝ မသတ် မှတ်နိုင်ပါဘူး။ ပါတီသတင်း ဦးစားပေး သတင်းစာ ဖြစ်ပါတယ်။ ဒါကြောင့် လည်း သူတို့ရဲ့ သတင်းစာကို အခြားပုဂ္ဂလိက သတင်းစာတွေ ရဲ့ ဖြန့်ဈေးအောက်ေ လျှာ့ ချ ပြီး ဖြန့်ခဲ့ ပါတယ်။

ဒီနေ့ (ဖေဖော်ဝါရီ ၂၃ ရက်)မှာပဲ ဖြန့်ဈေး ၅ဝ ကျပ်နဲ့ စမ်းသပ် ထုတ်ဝေလာတဲ့ သတင်းစာ တစ်စောင် ထွက်လာ ပါတယ်။ Democracy Today လို့ နာမည်ပေး ထားပါတယ်။ ဒီသတင်း စာကို ကိုယ်စား လှယ်ဖြန့် ဈေး ၅ဝ နဲ့ ရတယ်လို့ သတင်းစာ ကိုယ်စားလှယ် တစ်ချို့က ပြောပါတယ်။ သတင်းစာ အတွင်း ပိုင်းမှာပါတဲ့ သူ တို့ကြော်ငြာ မှာ ရောင်းဈေး ကျပ် ၁ဝဝ လို့ ရေးထား ပါတယ်။

Democracy Today ဟာ မကြာသေး မီက ထုတ်ဝေမှု ရပ်ဆိုင်းသွားတဲ့ ရန်ကုန် တိုင်းမ်သ တင်းစာကို အသွင်ပြောင်း၊ အမည်ပြောင်း ထုတ်ဝေခဲ့တာပါ။ ရန်ကုန် တိုင်းမ် သတင်းစာ ရပ်ဆိုင်း သွားတုန်းက အဲဒီသတင်း စာကို ရွှေသံလွင် Sky Net က ရှယ်ယာ ထည့်ပြီး ဆက်ထုတ်မယ် ဆိုတဲ့ သတင်း ထွက်ခဲ့ပါ တယ်။ ရွှေ သံလွင် Sky Net ဆိုတာ အစိုးရဆီ ကနေ အခွန်သက် သာခွင့်တွေ အပါအဝင် အထူးအခွင့် အရေးတွေ ရထားတဲ့ ခရိုနီ ကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။

ရန်ကုန် တိုင်း(မ်)ဟာ (သတင်း စာဈေးကွက် အတွင်း)ကျပ် ၂ဝဝ ရောင်းဈေး ရှိတုန်း ကတောင် ရပ်တည်ဖို့ ခက်ခဲ ခဲ့ပါတယ်။ နောက်တော့ ထုတ်ဝေမှု ယာယီ ရပ်လိုက် ပါတယ်။ အခု ရန်ကုန် တိုင်းမ်ကို အသွင်ပြောင်း၊ အမည်ပြောင်း ပြီး ၃၂ မျက်နှာ နဲ့ ထုတ်ဝေမယ့် Democracy Today ကို ကျပ် ၁ဝဝ နဲ့ ရောင်း မှာဖြစ် ပါတယ်။ Democracy Today ရဲ့နောက်မှာ ရွှေသံလွင် Sky Net ရှိနေပြီလား။ ကာယကံ ရှင်တွေက ထုတ်မပြောသေး ပါဘူး။

ဒါပေမဲ့ အစိုးရပိုင် ကြေးမုံ၊ မြန်မာ့အလင်း၊ ပြည်ခိုင်ဖြိုး ပါတီပိုင် ပြည်ထောင် စုနေ့စဉ် သတင်းစာတွေ နဲ့အပြိုင် ဖြန့်ဈေးတူ ထုတ်ဝေ မယ့် သတင်း စာ တစ်ေ စာင် ပေါ် လာပြီလို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့ နှစ်ထဲမှာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌရဲ့သား ပိုင်ဆိုင်တဲ့ မိုးဆမ်းပန်း မီဒီယာ က အခမဲ့ သတင်း စာတစ်စောင် ထုတ်ခဲ့ ပါသေးတယ်။ The Messenger အခမဲ့နေ့ စဉ်ထုတ် သတင်းစာဟာ အခမဲ့ ဆိုပေမဲ့ ပရိသတ်ကြား ထဲကို ကျယ်ကျယ်ပြန့် ပြန့် ရောက်မလာ ခဲ့ပါဘူး။

ပြန်ကြားရေး ဝန်ကြီးဌာ နက မီဒီယာ ကို မီဒီယာ နဲ့ တိုက်မယ် ဆိုတဲ့ ဆောင်ပုဒ် ကို လက်မ လွှတ်သေး ပါဘူး။ သူတို့ရဲ့ သတင်း စာတွေကို ရင်းနှီးမြှုပ်နှံ မှု၊ အခြေခံ အဆောက်အဦ အားကောင်းကောင်း နဲ့ အခိုင်အမာ တည်ဆောက်ထား ပါတယ်။ သူတို့ ကတော့ သူတို့ရဲ့ သတင်းစာ ထုတ်ဝေမှု မရှုံး ဘူးလို့ အမြဲပြောနေ ပါတယ်။ ဒါပေမဲ့ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ် အတွက် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ်ငွေ ၃၆ ဒသမ ၅၆၆ ဘီလျံ တောင်းထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ၊ သတင်းစာဆရာတွေနဲ့ ပြည်သူတွေက ဒီလိုတောင်းခံတာကို ဝေဖန်ပါတယ်။ ဒီမိုကရေစီအစိုးရ ဖြစ်နေတဲ့အချိန်မှာ အစိုးရပိုင် မီဒီယာကတစ်ဆင့် ဝါဒဖြန့်တာတွေကို လူထုချွေးနဲစာ ဘဏ္ဍာငွေတွေသုံးပြီး မလုပ်သင့်တော့ဘူးလို့ ဝေဖန်နေကြတာပါ။ သူတို့က နောက်ဆုတ်မယ့်ပုံ မရှိပါဘူး။

ဒီအချိန်မှာ မီဒီယာကို ကန့်သတ်ချုပ်ချုယ်လိုသူတွေရဲ့ လက်ဝေခံတွေ၊ ခရိုနီလုပ်ငန်းရှင်တွေက ပုဂ္ဂလိကသတင်းစာ ဈေးကွက်ထဲ ဝင်လာပါပြီ။ သိပ်မကြာခင်မှာ ထွက်လာမယ့် ပုဂ္ဂလိကသတင်းစာ တစ်စောင်မှာလည်း ခရိုနီလုပ်ငန်းရှင်တချို့ ငွေကြေးစိုက်ထည့်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့တစ်ပတ် ဆောင်းပါးမှာ ဖော်ပြထားသလိုပါပဲ။ နိုင်ငံခြားရေး ဝန်ကြီးဟောင်းရဲ့သား ထုတ်ဝေနေတဲ့ သတင်းစာ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့သား ထုတ်ဝေနေတဲ့ သတင်းစာ၊ အတိုက်အခံ မီဒီယာအဖြစ် ကာလရှည် ရပ်တည်နေခဲ့ရာက ပြည်တွင်းဝင်ပြီး သတင်းစာထုတ်၊ ဆက်မရပ်တည်နိုင်တော့လို့ FMI ကုမ္ပဏီ အပါအဝင် မြန်မာတိုင်းမ်ကို ပူးတွဲတည်ထောင်ခဲ့သူ တစ်ဦးကို ရှယ်ယာဝင်ခိုင်းပြီး ဆက်ထုတ်နေရတဲ့ သတင်းစာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ထုတ်ဝေတဲ့ သတင်းစာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက သွယ်ဝိုက်အားဖြင့် ထောက်ပံ့ထားတဲ့ သတင်းစာ၊ ဂျာနယ်၊ သာသနာရေးဝန်ကြီးက ထောက်ပံ့နေတယ်ဆိုတဲ့ ဂျာနယ်၊ IGE ကုမ္ပဏီပိုင်ရှင် ထုတ်ဝေနေတဲ့ ဂျာနယ်၊ CB ဘဏ်က ကျောထောက်နောက်ခံပေးထားတဲ့ ဂျာနယ် စသဖြင့် ရှိနေပါပြီ။

Democracy Today ရဲ့ ခြေလှမ်းကို ကြည့်ခြင်းအားဖြင့် ကြေးမုံ၊ မြန်မာ့အလင်း၊ ပြည်ထောင်စုနေ့စဉ်နဲ့ မီဒီယာကို ကန့်သတ်ချုပ်ကိုင် လိုသူတွေရဲ့ လက်ဝေခံတွေ၊ ခရိုနီလုပ်ငန်းရှင်တွေရဲ့ ငွေကြေးစိုက်ထည့်တဲ့ သတင်းစာတွေဟာ ဖြန့်ဈေး ကျပ် ၅ဝ တန် သတင်းစာစစ်ပွဲ ဆင်နွှဲတော့မယ့် အခြေအနေကို ဦးတည်နေပါတယ်။ ဒီစစ်ပွဲဟာ သတင်းစာဈေးကွက်ကိုဖျက်မယ့် ထောက်ချောက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

သတင်းစာတစ်စောင်ထုတ်ဖို့ လူသားအရင်းအမြစ်၊ အခြေခံအဆောက်အဦ၊ စက်ပိုင်းဆိုင်ရာ ကိစ္စတွေအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ဝ သန်းရှိ မှ ကောင်းကောင်း လည် ပတ်နိုင်မှာ ပါ။ လက်ရှိသ တင်းစာဈေး ကွက်ထဲ ရောင်းဈေး ၂ဝဝ ကျပ်ဖြစ်နေ တဲ့ အရောင်းရ ဆုံး ပုဂ္ဂလိက သတင်းစာတွေ ဟာ ရပ်တည်မှု အတွက် ရုန်းကန်နေကြပါတယ်။

ပုဂ္ဂလိက သတင်းစာတွေ ရဲ့ခြေလှမ်း ယိုင်နဲ့ သွားတာနဲ့ သူတို့နေ ရာကို အစားထိုး ဝင်မယ့် သူတွေက အဆင့်သင့် ရှိနေပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက် က ပြည် သူ လူထုအတွက်၊ ပြည်သူလူထုရဲ့ သတင်းသိပိုင် ခွင့်ကို ကာကွယ်စောင့်ရှောက် ဖို့အတွက်၊ ပြည်သူ ဘက်က ရပ်ပြီး ပြည်သူ့နစ် နာချက်တွေ ကို တင်ပြဖို့ထွက် လာမယ့် သတင်းစာတွေ ဖြစ်လာနိုင်ပါ့မလား။

ကြေးမုံ၊ မြန်မာ့ အလင်း၊ ပြည်ထောင် စုနေ့စဉ်၊ Democracy Today တိုရဲ့ ဖြန့်ဈေးကျပ် ၅ဝ တန် သတင်း စာစစ်ပွဲကို သာမန်ကိစ္စ တစ်ခုလို့ မမြင်ပါဘူး။ ၂ဝ၁၅ ခုနှစ်အတွက် စနစ်တကျ ပြင်ဆင်နေတဲ့ ကိစ္စတွေထဲက ခြေလှမ်းတစ်ရပ်လို့ ယူဆပါတယ်။

ရွေးကောက်ပွဲ တစ်ရပ်မှာ မီဒီယာရဲ့ အခန်းကဏ္ဍ အရေးကြီး ပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက် ပွဲမှာ မီဒီယာတွေ လွတ်လပ် ခွင့်အပြည့် မရခဲ့ပါဘူး။ ဖိနှိပ်ခံ ခဲ့ရပါတယ်။ သတင်းစီး ဆင်းမှုတွေ ကန့်သတ်ခံခဲ့ ရပါတယ်။ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ေ ရွးကောက်ပွဲမှာ လွတ်လပ်မှု အထိုက် အလျောက် ရခဲ့ပါတယ်။ မှန်ကန် တိကျတဲ့ သတင်းဖော်ပြ မှုတွေနဲ့ မီဒီယာတွေ ရဲ့ အကျိုးသက်ရောက် မှု အားကောင်းခဲ့ ပါတယ်။ ၂ဝ၁၅ ခုနှစ်အ ကြို ၂ဝ၁၄ ခုနှစ်မှာ မီဒီယာကို ကန့်သတ် ချုပ်ခြယ် လိုသူတွေ ခေါင်းထောင် လာခဲ့ပါပြီ။ သူတို့ရဲ့ လက်ဝေ ခံတွေ၊ အစိုးရ ဆီကနေ သက်သာ ခွင့်တွေ အများကြီး ရထားတဲ့ ခရိုနီလုပ်ငန်း ရှင်တွေ ရုပ်သံ မီဒီယာမှာ တင် မကဘဲ ပုဂ္ဂလိက ပုံနှိပ် မီဒီယာမှာပါ နေရာယူ ထားပါပြီ။ ပြန်ကြားရေး က သူတို့ရဲ့ ဝါဒဖြန့် ချိရေး ပုံနှိပ်၊ ရုပ်သံမီ ဒီယာတွေ ကို အခိုင်အမာ တည်ဆောက် ထားပါတယ်။

၂ဝ၁၅ ခုနှစ်ဆိုတာ သိပ် မဝေးတော့တဲ့ ကာလ တစ်ခုပါ။ ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်း မှာ ရွေးကောက် ပွဲ လုပ်ပါတော့ မယ်။ ၂ဝ၁၅ ခုနှစ် မရောက် ခင်မှာ အမှီ အခို ကင်း ပြီး လွတ်လပ် တဲ့ မီဒီယာတွေ ကျဆုံးသွား မယ်ဆိုရင် ဒါဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ အမှီအခို ကင်းပြီး လွတ်လပ်တဲ့ ပုဂ္ဂလိက သတင်းစာတွေ ဘယ်လောက် ကြာကြာ တောင့်ခံနိုင် မလဲဆိုတာ စောင့်ကြည့် ရမယ့် အချိန် ရောက်လာပါပြီ။

No comments: