Thursday, March 13, 2014

MPC ကို အယုံအကြည် မရှိကြောင်း တိုင်းရင်းသား အဖွဲ့များဖြစ်သည့် NCCT နှင့် NBF အဖွဲ့များပြောကြား

ဇင်ဘိုလွင်

အစိုးရ ဦးဆောင်ဖွဲ့စည်းထားပြီး ငြိမ်းချမ်းရေး လုပ်ငန်းများ ကို ကြား ခံဆောင် ရွက်နေ သည့် ရန်ကုန်မြို့ရှိ Myanmar Peace Center အပေါ် အယုံ အကြည် မရှိကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ကိုယ်စား လှယ်များ ပါဝင် သည့် နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းဆောင် ရွက်ရေးအဖွဲ့ (NCCT) နှင့် တိုင်းရင်း သား ပါတီ ၂၀ ဖြင့် ဖွဲ့စည်းထား သော ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) အဖွဲ့တို့က ပြောကြားသည်။

အဆိုပါ အဖွဲ့နှစ်ဖွဲ့သည် မတ် ၁၁ ရက်က ရန်ကုန်မြို့ရှိ NBF ရုံးခန်း၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး NBF ခေါင်း ဆောင် အချို့အား MPC တာဝန်ရှိ သူများ က ခေါ်ယူတွေ့ ဆုံမှုများနှင့် ပတ်သက်၍ ဆွေးနွေးရာ တွင် ယင်းကဲ့သို့ အ ပြန်အလှန် ဆွေးနွေး ခဲ့ကြခြင်းဖြစ်သည်။

NBF ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးဖြစ် သည့် ဦးဇိုဇမ်ကို MPC က တစ်လ တစ်ကြိမ် ခေါ်ယူတွေ့ဆုံမှုရှိပြီး နောက်ထပ် ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးဖြစ်သူ ဦး စိုင်းစော သန်းမြင့်ကို ပြီးခဲ့သည့် သုံးလခန့်က တစ်ကြိမ် ခေါ်ယူတွေ့ဆုံမှု ပြုလုပ် ခဲ့ ကြောင်း ၎င်းတို့၏ ပြောကြား ချက်အရ သိရသည်။

MPC ဟာ အစိုးရနဲ့ သမ္မတရဲ့ အကျိုးဆောင်ပဲ ဖြစ်တယ်။ တိုင်းရင်းသားအကျိုး လုံးဝ မပါတဲ့ အတွက် ခင်ဗျား တို့ကို ကျွန်တော် လုံးဝ အယုံ အကြည် မရှိဘူး။ ပွင့်ပွင့်လင်းလင်း ပြောပါဆိုတော့ ကျွန်တော် တိုင်းရင်းသား ရင်ထဲ ကနေ ပြောပါ တယ်။ အဲတော့ ခင်ဗျားတို့ ကျွန်တော်တို့ကို ယုံကြည်စေဖို့ . . . . .

“MPC က နံပါတ်တစ် ကိုယ့်လူ မဟုတ်ဘူး။ သူများလူ။ သူ့တာဝန်က ကိုယ့်ဘက်က အခြေတွေ ယိုင်ဖို့ သူ့တာဝန်ရှိ တယ်။ ကျွန်တော်တို့ အကြိမ်ကြိမ် သွားတယ်။ ကျွန်တော်တို့ တပ်ပေါင်းစု နဲ့ သွားတွေ့တယ်။ ဖျက်ချင်တယ်။ UNA နဲ့ တွေ့တယ်။ ဖျက်ချင်တယ်။ ဗမာပါတီ တွေနဲ့ဖြစ်ဖြစ် ရရှိတဲ့ ညီညွတ်ရေး ကို ဖျက်ချင်တယ်။ သူ့ဘက် ကနေပြီးတော့ ထိုးဖောက်ဖို့ ခိုင်းထားတဲ့ သူတွေပဲ။

ဒါကြောင့် ကျွန်တော် သတိပေးချင် တာက သူတို့တစ်လ တစ်ကြိမ် ခေါ်တွေ့တယ်ဆိုတာ က Brainwash လုပ်တာပဲ။ သူတို့ လုပ်နည်း နှစ်နည်းရှိ တယ်။ အဓိက ဘာလဲ ဆိုတော့ သူတို့ဆီမှာ လူရိုသေ၊ ရှင်ရိုသေ ဘွဲ့တွေရှိတယ်။ ဒေါက် တာ တို့၊ နိုင်ငံခြား ပြန်တို့ ဟိုပညာ ရှင်တို့၊ ဒီပညာ ရှင်တို့၊ သမ္မတ အကြံပေးတို့ ဆိုတဲ့ ဆိုင်းဘုတ်တွေ သုံးပြီးတော့ ကျွန် တော်တို့ လူတွေကို ခေါ်ပြီး ဘာလုပ်လဲ ဆိုတော့ ဖက်ဒရယ် ပြည်ထောင်စု လို့ ကျွန်တော် တို့က ပြောနေပြီး တော့ စံချိန်စံ ညွှန်းနဲ့ ကိုက်ညီတဲ့ ပုံစံကို ဆွေးနွေးဖို့ မရောက် ခင်မှာ လက်ဦးမှု ယူပြီးတော့ ဖက်ဒရယ် ဆိုသည်မှာ ဆင် တစ်ကောင် ကိုင်သလိုပေါ့။

ဒါကတော့ မြွေပဲ၊ ဒါကတော့ လှံပဲ။ ဒါကတော့ နံရံပဲ၊ ဒါကတော့ ကြိုးပဲ၊ ဒါကတော့ သစ်ပင်ပဲဆိုတာမျိုး ဇဝေဇ၀ါဖြစ် အောင် တမင်တကာ လုပ်နေတယ်လို့ပဲ ထင် တယ်။ ဘာဖြစ်လို့ လဲဆိုတော့ သူတို့ဆီက ဆွေးနွေးချက် တွေဟာ ဥပမာ ၂၀၀၈ ထဲမှာ ဖက်ဒရယ်မူတွေ ပါနေတာပဲဆိုပြီးတော့ ပညာရှင်နော်။ နိုင်ငံခြား ကလူတွေ ခေါ်ပြီးတော့ တစ်ဖက်လှည့် နဲ့ ခိုင်းတာ။ သူတို့ကိုယ် တိုင်တောင် မပြောဘူး။ သုံးဖွဲ့ရှိတယ်။ အဲဒီပညာရှင်။ ကျွန်တော်စာ ရင်းလုပ်ထားတာ။ အဲဒီ ပညာရှင်တွေ ပြပြပြီးတော့ ကျွန်တော်တို့ အမှန်တကယ် စစ်မှန်တဲ့၊ တကယ် လိုချင်တဲ့ ဖက်ဒရယ်ကို ရွေ့လျားအောင် လုပ်နေတာ။

၂၀၀၈ ကိုပြင်ရင် ဖက်ဒရယ် ရမယ်ဆိုတဲ့ အယူအဆ။ နံပါတ်တစ်။ နံပါတ်နှစ် ဖက်ဒရယ် ဆိုတာ တခြား မဟုတ်ဘူး။ Power Sharing ရယ်။ Resource Sharing ပဲ။ အဲဒီ အယူအဆ ကို သွတ်သွင်းတယ်။ နံပါတ်သုံး။ အခုရှိနေတဲ့ ၂၀၀၈ ထဲက ဇယား(၁) ကို ဇယား(၂)ထဲ ရွှေ့လိုက်။ အဲဒါဖက်ဒရယ်ဖြစ်ပြီ။ နံပါတ်လေး။ အခုရှိနေတဲ့ ပြည်နယ်က ဘာလိုချင်လဲ။ ပြည်နယ်အစိုးရ အားနည်းနေတယ်။ ပြည်နယ်လွှတ်တော် အာဏာသိပ်မရှိဘူး။ နည်း နည်းတိုးပေးလိုက်။ ဖက်ဒ ရယ် ဖြစ်ပြီဆိုပြီး အားလုံးပရမ်းပတာ အယူအဆတွေ ရိုက်သွင်းနေဖို့ အမြဲတမ်း အပတ်စဉ် ခေါ်ဆွေးနွေးတာ။ အဲဒါကို ကျွန်တော်တို့ တန်ပြန်ရိုက်ချိုးဖို့ လိုတယ်” ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြော ကြားသည်။

ယင်းအပေါ် ဦးဇိုဇမ်က ၎င်းအနေဖြင့် Brainwash အလုပ်ခံရန် သွားခြင်း မဟုတ်ဘဲ သွားရောက်ငြင်းခုံခြင်းမျိုးသာ ဖြစ် ကြောင်း၊ ၎င်းအနေဖြင့်လည်း MPC အပေါ် အယုံ အကြည် မရှိဘဲ တိုင်းရင်း သားများ အတွက် Ethnic Peace Center မျိုးသာ ပေါ်ပေါက်စေ ချင်ကြောင်း ပြောကြားသည်။

“ပြီးခဲ့တဲ့ သုံးလလောက်က ကျွန်တော့်ကို ထူးထူးခြား ခြားဖိတ်တဲ့ MPC က ပြောချင်တာ ပြောပါ ဆိုပြီး စည်းဝေးဖြစ် တယ်။ အဲတော့ ကျွန်တော် ပြောလိုက်တယ်။ ခင်ဗျားတို့ MPC ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ရရင် အစိုးရ သို့မဟုတ် သမ္မ တရဲ့ အကြံပေး ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ ကျွန်တော်တို့ တိုင်းရင်းသား တွေ လုံးဝအယုံ အကြည် မရှိဘူး။ ဒီနေ့လည်း မ ယုံဘူး။ နောက်ကိုတော့ ခင်ဗျားတို့ လုပ်ဆောင်ချက်တွေ ကို ကြည့်မယ်။ ဒါ ကျွန်တော် ပထမဆုံး MPC သီးသန့် တံခါး ပိတ် အစည်း အဝေးမှာ တက်ခဲ့တယ်။

အဲဒီမှာ ကျွန်တော် ပြတ်ပြတ် သားသား ပြောခဲ့တယ်။ MPC ဟာ အစိုးရနဲ့ သမ္မတရဲ့ အကျိုးဆောင်ပဲ ဖြစ်တယ်။ တိုင်း ရင်း သား အကျိုး လုံးဝမပါတဲ့ အတွက် ခင်ဗျားတို့ ကို ကျွန်တော် လုံးဝ အယုံအကြည် မရှိဘူး။ ပွင့်ပွင့် လင်းလင်း ပြော ပါ ဆို တော့ ကျွန်တော် တိုင်းရင်းသား ရင်ထဲကနေ ပြောပါတယ်။

အဲတော့ ခင်ဗျားတို့ ကျွန်တော် တို့ကို ယုံကြည်စေဖို့ အနည်းငယ် လုပ်မယ်ဆိုရင် ခင်ဗျားတို့ရဲ့လမ်းကို မှန်မှန်လျှောက် ပေးပါ။ တကယ်တမ်း ကျွန်တော်တို့ တိုင်း ရင်း သားပြည်သူ အားလုံး အပေါ်မှာ စေတနာ မေတ္တာ မှန်မှန်နဲ့ လုပ်ပေးပါ။ ဒီနေ့ အထိတော့ ကျွန်တော်လုံးဝ အယုံအကြည် မရှိဘူး။ ဒါပေမဲ့ ရှေ့ ဆက် ပြီးတော့ ယုံကြည်စေ ချင်ရင် စေတနာ မှန်နဲ့ ခင်ဗျားတို့ ဆောင်ရွက်ပေး ပါ။ ကျွန်တော်တို့ ၂၄ နာရီ စောင့်ကြည့်မှာ ဖြစ်ပါတယ်လို့ ကျွန်တော် ပထမ ဆုံး တက် တဲ့ MPC အစည်း အဝေးမှာ ပြောခဲ့ခြင်း ဖြစ်ပါတယ်” ဟု MPC မှ ခေါ်ယူတွေ့ဆုံခဲ့သူ NBF ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်း စောသန်းမြင့်က ပြောကြားသည်။

No comments: