Tuesday, March 11, 2014

စာချုပ်မူကြမ်း အချောသတ် ရေးဆွဲရေး ကော်မီတီ တရပ်ဖွဲ့ရန် NCCT အဖွဲ့နှင့် အစိုးရ တို့ သဘောတူ

ရွှေဟင်္သာ

နှစ်ဖက် စလုံးမှ တင်ပြသော အပစ်အခတ် ရပ်စဲရေး မူကြမ်းကို အချော သတ်ရန် နှစ်ဘက် ကိုယ်စားလှယ်များ ၉ဦး စီပါဝင်သော ညှိနှိုင်းရေး ကော်မတီ တရပ် ဖွဲ့စည်းရန် သဘောတူ ခဲ့သည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) အဖွဲ့ဝင် ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆိုပါသည်။

“ သဘောက တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲ ရေးအတွက် အစိုးရက ချပြထားတဲ့အပစ်ရပ်မူ တွေရှိ သလိုကျနော် တို့တိုင်းရင်း သားတွေ ဘက်ကလည်း လောခီး လာမူ တွေလည်း ရှိနေတဲ့အတွက် " ဘားအံဆွေးနွေးပွဲ " မတိုင်ခင်မှာ ဘုံသဘော တူညီချက် ရရှိဖို့ ညှိနှိုင်းတဲ့ အလုပ်အဖွဲ့ ဖြစ်ပါတယ်။

နှစ်ရက်တာ ကျင်းပသည့် (NCCT) နှင့် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ တို့ လာမည့် မတ်လ အကုန်ပိုင်း တွင် ထပ်မံတွေ့ ဆုံရန် သဘော တူ ခဲ့ပါသည်။ ထိုအချိန်တွင် မူကြမ်းကို အချောသတ်ရေး ကော်မီတီတွင် ပါဝင်သော နှစ်ဖက်စလုံး မှ ရွေးချယ်ထားသော ကိုယ်စား လှယ်စရင်းကို ချပြကြ မည်ဖြစ် ပါသည်။

မတ်လ (၁၀) ရက်နေ့ ဆွေးနွေးပွဲ အပြီး တွင် နှစ်ဖက် ကိုယ်စားလှယ် များသည် ပူးတွဲ ပြီး သတင်း ထုတ်ပြန်ချက် တ စောင် ထုတ်ပြန်ခဲ့ ပါသည်။ ထိုအထဲတွင် အချက် (၅)ချက် ပါဝင်ပြီး ပါဝင် ဆွေးနွေးရန် ရှိသည့် စာချုပ်မူကြမ်း ခေါင်း စဉ်များကိုပါ ထည့်သွင်း ထုတ်ပြန်ထား ပါသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့်တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများ ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့၏ ပူးတွဲ သတင်း ထုတ်ပြန်ချက်

၁။ ၂၀၁၄ ခုနှစ်၊ မတ်လ ၉၊ ၁၀ ရက်နေ့များ တွင် မြန်မာနိုင် ငံငြိမ်းချမ်း ရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) ၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီမှ ကိုယ်စား လှယ်များ၊ တပ်မတော်မှ ကိုယ် စားလှယ်များ၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ၏ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) မှ ကိုယ်စားလှယ် များသည်ချစ်ကြည်ရင်း နှီး စွာ ညှိနှိုင်းဆွေး နွေးကြပါသည်။

၂။နှစ်ဖက် ကိုယ်စား လှယ်များမှ အားလုံး သဘောတူ ညီနိုင်သော တစ်နိုင်ငံ လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သ ဘောတူညီချက် မူကြမ်း တစ်ခုတည်း (Single Text) ရရှိရေး ကို ပူးတွဲပြုစု ရန်နှင့် အဆိုပါ မူကြမ်းကို ပူးတွဲရေး ဆွဲနိုင်ရေး အတွက် တစ်နိုင် ငံလုံး အပစ် အခတ်ရပ်စဲရေး သဘောတူ ညီချက် ပူးတွဲရေး သားပြုစုရေး လုပ်ငန်း အဖွဲ့ကို နှစ်ဖက် တာဝန်ရှိ သူများမှ အညီအမျှ ပါဝင်သောအရေ အတွက်ဖြင့် ညှိနှိုင်း ဖွဲ့စည်းသွား ရန် သဘောတူ ညီခဲ့ကြပါ သည်။

၃။ နှစ်ဖက် ကိုယ်စားလှယ် များမှ ၂၀၁၄ခုနှစ်၊ မတ်လ နောက်ဆုံး အပတ် တွင်ထပ်မံတွေ့ဆုံဆွေးနွေး ရန် သဘော တူ ညီ ခဲ့ကြပါ သည်။ ထပ်မံပြုလုပ်မည့်တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာညှိနှိုင်းဆွေး နွေးပွဲသို့ အခြား တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများတက်ရောက် နိုင်ရေး အတွက် ဖိတ်ကြား သွားရန် လည်း သဘော တူညီခဲ့ကြပါသည်။

၎။ နှစ်ဖက် တက်ရောက် လာသော ကိုယ်စား လှယ်များမှ တစ်နိုင်ငံ လုံးအပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်းတစ် ခု ကို အောက်ပါ အခန်း (၇) ခန်းဖြင့်ပြုစုရေး သားရန် ပဏာမ သဘောတူခဲ့ကြပါသည်။

နိဒါန်း
အခန်း (၁) အခြေခံမူများ
အခန်း (၂) ဦးတည်ချက်နှင့် ရည်ရွယ်ချက်
အခန်း (၃) အပစ်အခတ်ရပ်စဲရေးဆိုင်ရာကိစ္စရပ်များ
အခန်း (၄) အပစ်အခတ်ရပ်စဲရေးကိုခိုင်မာစေရန် လုပ်ဆောင်ရမည့်နည်းလမ်းများ
အခန်း (၅) နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ
အခန်း (၆) ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ
အခန်း (၇) အထွေထွေ

၅။ နှစ်ဖက် ကိုယ်စားလှယ် အားလုံးသည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်ကို အမြန်ဆုံး ရေးဆွဲ အကောင်အထည် ဖော်ကြရန် နှင့်နိုင်ငံရေး တွေ့ဆုံဆွေး နွေးပွဲများ အမြန်ဆုံး ပေါ်ပေါက်လာ အောင် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက် သွားကြရန် ဆွေးနွေး ခဲ့ကြပါသည်။

No comments: