Saturday, March 15, 2014

ဘင်္ဂလီများကို လက်ခံရန် ဦးသိန်းစိန် ငြင်းပယ်နေချိန်၊ OIC ဘင်္ဂလာသို့လာရောက်၍ ထပ်မံတိုက်တွန်း

သဇင်ဥ

ဘင်္ဂလာ ၀န်ကြီးချုပ် ဆိုက်ခ်ျ ဟားဆီးနာ တောင်းဆိုချက်ကို မြန်မာ သမ္မတ ဦးသိန်းစိန် ပယ်ချလိုက်ပြီးနောက် OIC ထိပ်ပိုင်းခေါင်းဆောင် မာဒါနီသည် ဘင်္ဂလာသို့ လာရောက်ပြီး ယင်းဘင်္ဂလီများအား မြန်မာနိုင်ငံသားဖြစ် သောကြောင့် မိမိနိုင်ငံသို့ ပြန်နိုင်ရမည်ဟု မတ်လ ၉ ရက်နေ့က ဘင်္ဂလာအစိုးရကို တိုက်တွန်းလိုက်ကြောင်း သိရှိရသည်။

လွန်ခဲ့သော မတ် ၃ ရက်နေ့က ဆိုက်ခ်ျ ဟားဆီးနာ နယ်ပြည်တော်သို့ သွားရောက်တောင်းဆိုချက်အား ဦးသိန်းစိန် ပယ်ချလိုက်ခြင်းဖြစ်ပြီး OIC ထိပ်ပိုင်းဆောင်ဆောင် မာဒါနီနှင့်အဖွဲ့ ယခုဘင်္ဂလာသို့ ရောက်ရှိနေချိန်တွင် ဘင်္ဂလာ သမ္မတနှင့်အတူ အာဏာပိုင်များအား တွေ့ဆုံဆွေးနွေးစဉ် ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဘင်္ဂလာ သမ္မတ၏ ကိုယ်ရေးအရာရှိ ဆော်ဟိဒူလ်က ယင်းအကြောင်းနှင့် ပတ်သက်၍ ဒေသခံ သတင်းထောက်များအား ရှင်းလင်းပြောကြားရာတွင် "OIC ခေါင်းဆောင်က မြန်မာ-ဘင်္ဂလာဒေ့ခ်ျနိုင်ငံ နှစ်နိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော အဓိက တင်းမာမှု အခြေအနေမှာ ယင်းဘင်္ဂလီများအရေးကြောင့်"ဟု တစ်ဖက်သက်ဆိုသည်။

OIC အနေဖြင့် ယင်းဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားခရိုင် အိုခီးယားမြို့နယ် ကိုတိုးပါလောင်၊ နီလာမြို့နယ် လေဒါနှင့် တာခ်နာမြို့နယ် နော်ရာပါရာ ဘင်္ဂလီဒုက္ခသည်များစခန်းရှိ တရားမ၀င်နှင့် တရားဝင်ဘင်္ဂလီများကို မြန်မာမှ လက်ခံရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး မာဒါနီက ယင်းဘင်္ဂလီများ မြန်မာနိုင်ငံသို့ ပြန်လည်အခြေချ နေထိုင်ရေးမှာ လူနေမှုအဆင့်အတန်း၊ ပတ်ဝန်းကျင်၊ အမျိုးသမီးများနှင့် ကလေးငယ်များ သာယာဝဖြိုးလာ စေရေးကို ရွယ်ရည်၍ ပြောဆိုခြင်းဖြစ်ကြောင်းနှင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ လက်ရှိအစိုးရနှင့်အတူ OIC လုပ်ငန်းများ ဆောင်ရွက်နိုင်စရာများ ရှိကြောင်း စကားလုံးချိုချိုဖြင့် ပြောဆိုခဲ့သည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှာ OIC ၏ အရေးပါအရာရောက်သော နိုင်ငံဖြစ်ကြောင်း၊ OIC ၏ အဖွဲ့ဝင်များသည် မည်သည့်နိုင်ငံ၏ နိုင်ငံရေး ကိစ္စများတွင် ၀င်ရောက်စွက်ဖက်ခြင်း မရှိကြောင်း၊ သို့သော်လည်း OIC ၏ ထိပ်ပိုင်းခေါင်းဆောင် ၂ ဦး အနေဖြင့် တိုက်ဆိုင်မှုရှိလာလျှင် ဖြေရှင်းပေးကြောင်းနှင့် OIC သည် မူဆလင်များအတွက် အဓိက ဦးဆောင်နေသော အဖွဲ့အစည်းဖြစ်ကြောင်း ဘင်္ဂလာပြည်သူများအကြား စည်းရုံးပြောဆိုခဲ့သည်။

မာဒါနီက အီစ္စလာမ်ဘာသာမှာ ငြိမ်းချမ်းသောဘာသာဖြစ်ကြောင်း၊ OIC အနေဖြင့် မည်သည့် ပညာရှင်များအား အကြမ်းဖက်ခြင်း မရှိကြောင်း ဒေသခံ သတင်းထောက်များအား ပြောဆိုခဲ့ကြောင်း ယင်းနိုင်ငံမှ သတင်းများက ဖေါ်ပြသည်။

သို့သော်လည်း ရခိုင်ပြည်တွင် ယခု မတ်လ ၉ ရက်နေ့က ဒုချီးရားတန်းတွင် အိမ်ခြေ ၁၂ လုံး မီးလောင်မှု ဖြစ်စဉ်၊ ၁၁ ရက်နေ့က လောင်းဒုံကျေးရွာအုပ်စု၊ ဆင်သပြေအရှေ့ရွာတွင် ရော်ရှိဒူလာအိမ်မှ စတင်လောင်ကျွမ်း ကာ အိမ်ခြေ ၃၁ လုံးမီးလောင်မှုနှင့် ငါးစားကြူးကျေးရွာအုပ်စု၊ ပေါင်းမြောင်းကျေးရွာတွင် အိမ်ခြေ ၇၁ လုံး မီးလောင်မှု ဖြစ်စဉ်တို့သည် OIC ၏ သွေးထိုးမှု ပါဝင်နိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။

မာဒါနီမှာ ယခုနှစ်ဇန္န၀ါရီလတွင် OIC ၏ ထိပ်ပိုင်းခေါင်းဆောင် ဖြစ်လာခြင်းဖြစ်ပြီး၊ ဘင်္ဂလာသို့ ပထမဆုံး တခြားအဖွဲ့ဝင် ၄ ဦးဖြင့် မတ်လ ၉ ရက်နေ့က လာရောက်ခြင်းဖြစ်၍ ဒက္ကားမြို့၌ ၃ ရက် နေထိုင်သွားမည်ဟု သိရသည်။

No comments: