Saturday, May 9, 2015

အင်းတကော်တွင် သွေးများပေကျံနေသည့် လူသေအလောင်းနှစ်လောင်းတွေ့

ကျော်စိုးမိုး

ပဲခူးတိုင်း၊ အင်းတကော်နယ်မြေအတွင်း သွေးများပေကျံနေသည့် လူသေ အလောင်းနှစ်လောင်းတွေ့ရှိခဲ့သည့် ဖြစ်စဉ်တစ်ခု မေ ၅ ရက်၊ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည်ဟု အဆိုပါနယ်မြေရဲစခန်းက ရဲအရာရှိတစ်ဦးက အတည်ပြု ပြောသည်။

ဖြစ်စဉ်မှာ မေ ၅ ရက်၊ မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်က ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ အင်းတကော်နယ်မြေ၊ ရွှေပြည်သုံးဆည်လမ်းနံဘေးတွင် အသက် ၄၀ ၀န်း ကျင်ခန့်ရှိ သွေးများပေကျံနေသည့် အမျိုးသားအလောင်းနှစ်လောင်းတွေ့ခဲ့ ရခြင်းဖြစ်သည်။

ပဲခူးမြို့နယ်၊ အင်းတကော်နယ်မြေရဲစခန်းက ရဲအရာရှိတစ်ဦးက " လမ်းဘေး မှာပစ်ထားပြီး သွေးတွေ အများကြီးပေကျံပြီးသေဆုံးနေတာပါ၊ ပတ်ဝန်းကျင် ကတော့ကားနဲ့လာပစ်သွားတယ်လို့ပြောပေမယ့် စုံစမ်းနေတုန်းပါပဲ။ " ဟု ပြောသည်။

အဆိုပါအမျိုးသားနှစ်ဦး၏အလောင်းကို မည်သည့်ဒဏ်ရာများကြောင့်သေဆုံးရခြင်းကို စုံစမ်းစစ်ဆေးနိုင်ရေးအတွက် ပဲခူးမြို့နယ်ဆေးရုံသို့ပို့ဆောင် ထားပြီး အမှုဖွင့်နိုင်ရေးအတွက် ဆောင်ရွက်နေသည်ဟု မတ် ၅ ရက်၊ ညနေ ၆ နာရီခန့်တွင် အဆိုပါရဲအရာရှိကဆိုသည်။

No comments: