Friday, May 8, 2015

မြန်မာ သင်္ဘောသားများ အီရန်တွင် ဖမ်းဆီးခံထားရ

Mizzima

အီရန်အာဏာပိုင်များက မြန်မာ သင်္ဘောသား ၁၃ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း မြန်မာအခြေစိုက် Uniteam Marine သင်္ဘောကုမ္ပဏီက အတည်ပြုသည်။

Marshall ကျွန်းနိုင်ငံ အလံလွှင့်တင်ထားသည့် Maersk Tigris ကုန်တင်သင်္ဘောကို ဟောမုဇ် ရေလက်ကြားတွင် ဧပြီ ၂၈ ရက်က အီရန်အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးခံရစဉ် သင်္ဘောပေါ်တွင် အဖွဲ့ဝင် ၂၁ ဦး လိုက်ပါလာခဲ့သည်။ အီရန်အာဏာပိုင်များက ယင်းသင်္ဘောကို ကြွေးမြီပြဿနာကြောင့် ဖမ်းဆီးရခြင်းဖြစ်ကြောင်း ပြောသည်။ ပြီးခဲ့သည့် သီတင်းပတ်က ကြွေးမြီပြဿနာများ ပြေလည်အောင်ဖြေရှင်းပေးနိုင်ပါက ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း အီရန်နိုင်ငံက ပြောသည်။

သင်္ဘောနှင့်အတူ ဖမ်းဆီးခံထားရသည့် မြန်မာသင်္ဘောသားများ အခြေအနေက ကောင်းကောင်းမွန်မွန်ပင်ရှိပြီး အင်တာနက်နှင့် ဖုံးအသုံးပြုခွင့်များ ရှိနေကြောင်း သိရသော်လည်း မည်သည့်အချိန်မှ ပြန်လည်လွှတ်မြောက်မည်ကို သိရှိရသေးခြင်း မရှိသေးပေ။

ကမ္ဘာ့အကြီးဆုံး သင်္ဘောလိုင်း ကုမ္ပဏီဖြစ်သည့် Maersk Line သည် ကွန်တိန်နာ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခွင့် မြန်မာနိုင်ငံတွင် လိုင်စင်ရရှိထား၍ လုပ်ငန်းများလုပ်ကိုင်နေသည့် သင်္ဘောလိုင်းကြီး ဖြစ်သည်။

No comments: