နိုင်နိုင်ဇော်
ဧရာဝတီတိုင်း ညောင်းတုန်းမြို့နယ်တွင် ပုဂ္ဂလိကတန်ဖိုးနည်းအိမ်ရာစီမံကိန်း အကောင်ထည်ဖော်သွားမည်ဟု မြန်မာ့ အခြေခံ အဆောက်အအုံ လုပ်ငန်းစု (The Infrastructure of Myanmar Groups) တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ကျပ်ငွေသန်းပေါင်း တစ်သောင်းကျော် ကုန်ကျမည့် ယင်းပုဂ္ဂလိက တန်ဖိုးနည်း အိမ်ရာစီမံကိန်းတွင် တိုက်ခမ်းပေါင်း ၂၅၀၀ ပါဝင်မည့်ဟု အဆိုပါကုမ္ပဏီ ၏ဈေးကွက်နှင့်ရင်းနှီးမြုပ်နှံမှု ဒါရိုက်တာ ဦးသန်းဦး ကပြောသည်။
“စီမံကိန်းတစ်ခုလုံးကို ကျွန်တော်တို့ကုမ္ပဏီကပဲ ရင်းနှီးတည်ဆောက်တာပါ။ စီမံကိန်းမြေက ဒေသခံ တောင်သူတွေရဲ့ သဘောတူညီမှု နဲ့လုပ်သလို တိုင်းအစိုးရ စီမံမှုတွေလဲ ပါဝင်ပါတယ်။ ၂၀၁၇ ခုနှစ် မေလမှာအပြီး တည်ဆောက်သွားမှာပါ။ တိုက်ခမ်းတစ်ခုကို ၁၀၈ သိန်းကျပါတယ်”ဟု ၄င်းကပြောသည်။
နှစ်၂၀ ကြာရှည်ဖြင့် ၀ယ်ယူသူများအတွက် တစ်လကျပ်ငါးသောင်းနှုန်းပေးအပ်ရမည်ဖြစ်ပြီး၊ နှစ် ၃၀ကာလ ရှည်ဝယ်ယူသူများအတွက် တစ်လကျပ် သုံးသောင်း သတ်မှတ်ထားပြီး တိုင်းဒေသကြီး အစိုးရသတ်မှတ်သည့် အစိုးရဘဏ်သို့လစဉ်ငွေပေးသွင်းရမည်ဟုလည်း စီမံကိန်းအကောင် အထည်ဖော်နေသည့် ကုမ္ပဏီကပြောသည်။
နှစ်လတ် (၁၀ နှစ်အောက်) ပေးချေးမှုဖြင့် ၀ယ်ယူသူများအတွက်လည်း လအလိုက်ပေးချေရမည်ပမာဏ ဖြင့်ဝယ်ယူနိုင်ပြီး ငွေပေးချေမှု ၂နှစ်ပြည့်သူများအား တိုက်ခန်း အပ်နှံမည်ဖြစ်ပြီး ကျန်ငွေအားဘဏ်မှတစ်ဆင့် လစဉ်ကောက်ယူသွားမည်ဟုလည်း ကုမ္ပဏီတာဝန်ရှိသူကရှင်းပြသည်။
လက်ငင်းငွေပေးချေဝယ်ယူသူများကို တိုက်ခမ်းတစ်ခန်းလျှင် ကျပ်သိန်း ၈၀ ကျော်ဖြင့်ရောင်းချးပေးသည်ဟု တာဝန်ရှိသူများကဖြည့်စွပ်ပြောသည်။
တန်ဖိုးနည်းအိမ်ရာစီမံကိန်းအား ဈေးဝယ်စင်တာနှင့်သားငါးဈေးများပါဝင်မည့် စီးပွားရေးဇုန်နှင့် ဆေးရုံ၊ ကျောင်း၊ အားကစားကွင်းနှင့် ဓမ္မာရုံများပါဝင်မည့်လူနေဇုန်အဖြစ်ခွဲခြားထားသော်လည်း တိုက်ခမ်းတန်ဖိုးခွဲခြားထားခြင်းမရှိဟုလည်း အဆိုပါကုမ္ပဏီ ကပြောသည်။
တိုက်ခမ်းတစ်ခုလျှင် ၆၀၀ စတုရန်းပေဖြစ်ပြီး ရေချိုးခန်း ၁ ခန်းနှင့်အိပ်ခန်း ၁ ခန်းနှင့် မီးဖိုဆောင် ခန်းများပါဝင်မည်ဟုလည်း စီမံကိန်း အကောင် အထည်ဖော်သည့် The Infrastructure of Myanmar Groups ကုမ္ပဏီကပြောသည်။
No comments:
Post a Comment