Friday, May 8, 2015

ထားဝယ်စီမံကိန်း နောက်တစ်ကြိမ်နှောင့်နှေးပြန်

Mizzima

မြန်မာနိုင်ငံရှိ၊ ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်းများ စတင်မည့် လက်မှတ်ရေးထိုးရေး သဘောတူညီချက်ကို တတိယအကြိမ်မြောက် ရွှေ့ဆိုင်းလိုက်ကြောင်း တာဝန်ရှိသူတစ်ဦးက မေ ၇ တွင်ပြောကြားလိုက်သည်။ အိမ်ခြံမြေတည်ဆောက်အကောင်အထည်ဖော်သည့် Italian- Thai Development ကုမ္ပဏီနှင့် အတူ မြန်မာနှင့် ထိုင်းအစိုးရတို့က လက်မှတ်ရေးထိုးမှုကို ဇွန်လအစောပိုင်းသို့ ရွှေ့ဆိုင်းလိုက်သည်။

နှောင့်နှေးမှုများဖြစ်ပေါ်ရခြင်းမှာ နေပြည်တော်ရှိ စီမံအုပ်ချုပ်ရေးပိုင်းဆိုင်ရာ နှေးကွေးမှုများကြောင့်ဖြစ်သည်ဟု သိရကြောင်း အီတာလျံ-ထိုင်းမှ ဈေးကွက်မန်နေဂျာ ပရာဗီးကာမိုလ်ကန်ချာက ပြောသည်။ ထိုင်းအစိုးရနှင့် အီတာလျံ-ထိုင်းကုမ္ပဏီတို့က သဘောတူညီချက်ကို လက်မှတ်ထိုးရန် အသင့်ရှိသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

လက်မှတ်ရေးထိုးရေး သဘောတူချက်ကို ယခင်ကလည်း နှစ်ကြိမ်နှောင့်နှေးခဲ့ပြီးဖြစ်သည်။ ပထမက မတ်လတွင် လက်မှတ်ထိုးရန်စီစဉ်ခဲ့ပြီး ဒုတိယအကြိမ်မှာ ဧပြီလက ဖြစ်သည်။ တည်ဆောက်ပြီးစီးပါက ထားဝယ်စီမံကိန်းမှာ အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်လာမည်ဖြစ်သည်။ ၂၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည့် ယင်းစီမံကိန်းတွင် ပင်လယ်ရေနက်ဆိပ်ကမ်းတစ်ခုနှင့် အထူးစီးပွားရေးဇုန်တစ်ခု ပါဝင်မည်ဖြစ်သည်။

No comments: