ကေဇူး
လတ်တလောဖြစ်ပွားနေသော တိုက်ပွဲများ လျော့ကျရေးအတွက် "ဝ"ပြည်သွေးစည်းညီညွှတ်ရေးပါတီက တဆင့် တိုင်းရင်းသားလက်နက်ကိုင်များကို ပြောကြားရန် အဖွဲ့အတွင်း အစည်းအဝေးတစ်ရပ်ကျင်းပမည် ဟု ပါတီ၏ ပြောခွင့်ရသူ ဦးအောင်မြင့်က မဇ္ဈိမကိုပြောသည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ဧပြီ ၇ ရက်တွင် တယ်လီဖုန်းမှ တဆင့် မေတ္တာရပ်ခံချက်ကို တိုင်းရင်းသားများထံပြန်လည် အကြောင်းကြားရေးအတွက်အစည်းအဝေး ပြန်လုပ်ရမည် ဟုဆိုသည်။
"သူတို့ (အစိုးရ)ဘက်က အာမခံချက်တွေဘာတွေတော့ ပေးတာမျိုး မရှိပါဘူး။ သူပြောတဲ့ ဟာကို ကျွန်တော်လည်း အဖွဲ့အစည်းကို တင်ပြရမှာပေါ့။ ပြီးမှ ဘာဆက်လုပ်မယ် ဆိုတာကို ဗဟိုကော်မတီက ဆုံးဖြတ်မှာပါ "ဟု ဦးအောင်မြင့်ကပြောသည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ (USVP)က တဆင့် တိုင်းရင်းသားလက်နက်ကိုင်များကို စစ်ပွဲများလျော့ချရေးကူညီပြောကြားပေးရန် ဦးအောင်မြင့်ထံသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မန်စီတွင် ကေအိုင်အေ နှင့် တိုက်ပွဲများဖြစ်ပွားလျှက်ရှိသည်။ မတ်လ အတွင်းကလည်း ရခိုင့်တပ်မတော် AA နှင့်လည်းတိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကိုးကန့်တပ်၊ တအာင်းတပ်-TNLA တို့နှင့်လည်း မကြာခဏဆိုသလို တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။
No comments:
Post a Comment