သျှမ်းသံတော်ဆင့်/ယိင်းတိုင်း
သျှမ်းပြည်နယ် အစိုးရ အဖွဲ့ လျှပ်စစ်နှင့် စက်မှု လက်မှု ၀န်ကြီး ဦးစိုင်းထွန်းရင် မှပေး အပ်ခဲ့သော လက်ဆောင် ပစ္စည်းများအား ကွန်ဟိန်း ဒေသခံ များမှ ပြန် လည်ပေး ပို့မည်ဖြစ် ကြောင်း သတင်း ရရှိသည်။
ဧပြီလ ၂၇ ရက်နေ့က ကွန်ဟိန်းမြို့နယ်၊ နမ့်ပန်ခန်းမတွင် လျှပ်စစ် ဝန်ကြီးနှင့် ကွန် ဟိန်းလူထုတို့ တွေ့ဆုံစဉ် လျှပ်စစ်ဝန်ကြီးက တွေ့ဆုံပွဲ တက်ရောက်သောဒေသခံ ပြည်သူလူထုများအား သံလွင်မြစ် အထက်ပိုင်း (မိုင်းတုံ) ရေအားလျှပ် စစ်စီမံကိန်း တည် ဆောက်မည့် China Three Gorges Corporation ကုမ္ပဏီနှင့် SMEC ကုမ္ပဏီ၏ တံဆိပ် ပါလက်ဆွဲ အိတ်ဖြင့် အမျိုးသမီးဝတ် သျှမ်းဝတ်စုံ တစ်စုံစီပေးအပ် ခဲ့ ကြောင်း ကွန်ဟိန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမွန်း ထံမှသိရသည် ။
" လျှပ်စစ်ဝန်ကြီးက ကွန်ဟိန်းမြို့ လျှပ်စစ်မီး ရရှိရေးအတွက် လူထုတွေ့ဆုံပွဲ လာလုပ်တာ လို့တော့ ပြောတယ် ၊ လျှပ်စစ်ဝန်ကြီးနဲ့အတူ တရုတ်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ China Three Gorges Corporation လည်းပါတယ်၊ မိုင်းတုံ ရေကာတာစီမံကိန်းနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှတော့ပြောမ သွား ဘူး ၊ ဘာအဓိပ္ပါယ် နဲ့ ဒါမျိုးတွေလုပ်သွားတာလည်းတော့မသိဘူး " ဟု ၄င်းကဆက် လက်ပြောသည်။
ယင်းအခန်းအနားသို့ ဒေသခံလူထုတစ်ရာကျော်တက်ရောက်ခဲ့ပါသည်။ လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင် မှ ယင်းတွေ့ဆုံပွဲတွင် China Three Gorges Corporation ကုမ္ပဏီသည် မိုင်းတုံ ရေကာတာတည်ဆောက် ရေး လုပ်ငန်းတွင်ပါဝင်သော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း ဒေသခံလူထုအား မိတ်ဆက်ပေးခဲ့သည်ဟု ကွန်ဟိန်းနေသူ စိုင်းဖ ကရှင်းပြသည် ။
" မိုင်းတုံ ရေအားလျှပ်စစ်စီမံကိန်းနဲ့ပတ်သက်ပြီး သျှမ်းပြည်နယ်အစိုးရ ဆီ ကနေ အရင်တုန်းကဘာ အသံမှ မကြားရဘူး။ ဒါပေမယ့် အခုလို လျှပ်စစ် ဝန်ကြီး ဦးစိုင်းထွန်းရင်က အဲ့ဒီ တရုတ်ကုမ္ပဏီရဲ့ စပွန်ဆာတံဆိပ် ပါတဲ့ ဟာနဲ့လူထုတွေကို လက်ဆောင်ပေးတယ် ဆိုတော့ မေးခွန်း ထုတ်စရာတွေ ရှိလာပြီ " ဟု ၄င်းကဆက်လက်ပြောသည်။
China Three Gorges Corporation ကုမ္ပဏီမှ ကာလိ ၊ နောင်ငင်း ကျေး ရွာ တွင်လည်း ရေအားလျှပ်စစ်ဖြင့် လျှပ်စစ်မီးရရှိရေးအတွက် ငွေကျပ်သိန်း (တစ်ရာသုံး ဆယ်ငါးသိန်း )ထောက်ပံ့သွားကြောင်း ကာလိ ဒေသခံများထံမှ သိရသည် ။
No comments:
Post a Comment