Tuesday, May 5, 2015

Miss Golden Land Myanmar 2015 နောက်ဆုံး ပြိုင်ပွဲ ဇွန် ၁၃ရက်တွင် ပြုလုပ်မည်

ပန်းမြတ်ဇော်

Miss Golden Land Myanmar 2015 နောက်ဆုံး ပြိုင်ပွဲကို ဇွန်လ ၁၃ရက်တွင် ရန်ကုန်မြို့ရှိ MCC ခန်းမ၌ ကျင်းပမည်ဟု Miss Golden Land Myanmar Organization မှ National Director ကိုဝေယံအောင်မှ မဇ္ဈိမကို ပြောသည်။

Miss Golden Land Myanmar 2015 ပြိုင်ပွဲအတွက် ဆန်ကာတင် အလှမယ် ၃၁ဦးကို ရွေးချယ်ခဲ့ပြီး လေ့ကျင့်မှုများကို ဧပြီ (၂၅)ရက်မှ စတင်ကာ မေ ၁၃ ရက် အထိ အသိပညာရှင် အတတ်ပညာရှင်များမှ လေ့ကျင့်သင်ကြားနေပြီ ဖြစ်သည်။

Miss Golden Land Myanmar 2015 ပြိုင်ပွဲတွင် Miss Earth Myanmar 2015 ၊ Miss Supranational Myanmar 2015 ၊ Miss Intercontinental Myanmar 2015 ၊ Miss Tourism Myanmar 2015 ၊ Face of Beauty Myanmar 2015 စသည့် Miss ၅ဦးကို ရွေးချယ်မည် ဖြစ်သည်။

Special Awards အဖြစ် Myanmar's Choice ၊ Media's Choice ၊ Miss Friendship ၊ Top Model ၊ Sport Champion ၊ Best in Talent ၊ Best in Fitness & Lifestyle ၊ Best in Evening Gown ၊ Multimedia စသည့် ဆုများကိုလည်း ရွေးချယ် ချီးမြှင့်သွားမည်ဟု သိရသည်။

ကိုဝေယံအောင်က "ကျွန်တော်တို့ အဖွဲ့အစည်းကနေ ဧပြီ (၂၅)ရက်က စပြီး ပြိုင်ပွဲဝင်တွေကို အသိပညာရှင် အတတ်ပညာရှင်တွေက လေ့ကျင့်မှုတွေ သင်ကြား ပေးနေပါပြီ။ ဇွန် ၁ရက် ကနေ ၁၀ရက် အထိကို ဖိုင်နယ်ပွဲအတွက် အကြို လေ့ကျင့်မှုတွေ လုပ်မယ်။ ဇွန် ၁၁ရက် မှာ ပြိုင်ပွဲဝင်တွေကို Personal Interview လုပ်မှာပါ" ဟု ပြောသည်။

Miss Golden Land Myanmar 2015 ပြိုင်ပွဲတွင် ချီးမြှင့်မည့် Myanmar's Choice Award အတွက် အွန်လိုင်း မဲပေးမှုကို Miss Golden Land Myanmar Official Facebook စာမျက်နှာတွင် မေလ ၄ရက် ၌ စတင်မည်။

ပြိုင်ပွဲဝင် ဆန်ကာတင် အလှမယ် ၃၁ဦး သည် မေ ၂၅ရက် မှ ၃၁ရက် အထိ မန္တလေး၊ ပြင်ဦးလွင် နှင့် ပုဂံ မြို့များ တွင် ပရဟိတလုပ်ငန်းများ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး အစီအစဉ်များနှင့် အကြိုပဏာမ ပြိုင်ပွဲများကို ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

ပြိုင်ပွဲဝင် ဆန်ကာတင် အလှမယ်များကို Hair & Make Up Training သင်ကြားပို ချပေးမည့် မိတ်ကပ်ပညာရှင် မထက် (Pop Soul) က Miss Golden Land Myanmar 2015 ပြိုင်ပွဲကြီးအတွက်လည်း Hair & Make-up Artist Sponsor အဖြစ် ပံ့ပိုးကူညီပေးမည်။

Miss Golden Land Myanmar 2015 ပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် Sponsor များအဖြစ် Gym and Training Camp Venue Sponsor အတွက်ကို Fitness Xpress၊ ပြိုင်ပွဲဝင်ဝတ်စုံ Sponsor အဖြစ် ဒီဇိုင်နာ မပုံ့ (My Favorite) နှင့် ဒီဇိုင်နာ သျှီလာ တို့မှ ကူညီ ပံ့ပိုးထားသည်။ Spa Sponsor အဖြစ်မူ Nature Spa မှ ပံ့ပိုးသည်။

No comments: