Monday, February 2, 2009

ရန်ကင်းမြို့နယ်မှ လူသတ်မှု

ရန်ကင်းမြို့နယ် အတွင်းလူသတ်မှု (၂)ကြိမ် ဖြစ်ပွားခဲ့သည်။ ပထမ အကြိမ် လူသတ်မှုတွင် အိမ်ထောင်ရှင် အမျိုးသမီး တစ်ဦး သည်။ ပထမ အိမ်ထောင်မှ ယောင်္ကျား ဖြစ်သူ ထောင်မှ လွတ်လာပြီး ၄င်းနှင့် ဆက်သွယ်ရာ နောက်အိမ်ထောင်မှ လင်ယောကျာင်္းမှ သိရှိသွားပြီး အချစ်ကြီး အမျက်ကြီး သည့် အတွက် ရက်စက်စွာ ဂျိုင်း (၂)ဖက်အောက်မှ ဓါးဖြင့် ပင့် ဖြတ်သွားပြီး လည်းပင်းကိုလည်း ဖြတ်တောက် သတ်ဖြတ်ခဲ့သည်။ အဆိုပါ တရားခံ သည် ၄င်းကိုယ်တိုင် ရဲစခန်းသွား ရောက်ဖမ်းဆီးခံခဲ့သည်ဟု သိရသည်။

(၂၇-၁-၀၉) ရက်နေ့ (၂၀၃၀) ချိန်ခန့်တွင် ရန်ကင်းမြို့နယ်၊ (၂) ရပ်ကွက်၊ ရန်အောင်လမ်းသွယ်(၆)လမ်း၊ တိုက်(၂၅၃)၊ အခန်း(၈)တွင် ငှားရမ်းနေထိုင်နေသူ မခိုင်ဆက်ဆက်(ဘ)ဦးလှရွှေမှ သူမနေအိမ်တွင် လူသတ်ခံရမှုတစ်ခုဖြစ်ပွားခဲ့သည့်ကိစ္စအား သက်ဆိုင်ရာသို့ လာ ရောက်၍ တိုင်ကြားခဲ့သည်။

မခိုင်ဆက်ဆက်သည် ဗဟန်းမြို့နယ်၊ အုတ်လမ်းရှိ ယုဇနဆောက်လုပ်ရေး ကုမ္ပဏီတွင် အလုပ်ဆင်းပြီး ည (၂၀၀၀) ချိန်ခန့်တွင် ၄င်း နေအိမ်သို့ပြန် လာရာ နေအိမ်ရှိသူများမှ တံခါးဖွင့်မပေးသဖြင့် အိမ်ပိုင်ရှင်ထံမှ သော့ပိုတစ်ချောင်းဖြင့် အိမ်တံခါးအား ဖွင့်၍ အိမ်ထဲသို့ဝင် ရောက်စဉ် ၄င်း၏မိခင်ဖြစ်သူ ဒေါ်နီနီ (၇၀) နှစ်သည် ရေချိုးခန်းအ၀င်ထောင့်၌ ၀မ်းဗိုက်တွင်ချွန်ထက်သော ဒဏ်ရာ ဖြင့် သေဆုံး နေပြီး ၄င်း၏ တူဖြစ်သူ မောင်မောင်သီဟ (၁၁)နှစ် (ဘ) ဦးနိုင်ဦး သည် အိပ်ခန်း ထဲရှိ ကုတင်ပေါ်တွင် ဒဏ်များနှင့်ခြေ/လက်ကိုကြိုးချည် ခံ ထားရပြီး သေဆုံးနေသည်ကိုတွေ့ရှိခဲ့ဖြင့် သက်ဆိုင်ရာ အကြောင်းကြားခဲ့ခြင်း ဖြစ် ကြောင်း သိရှိရသည်။

မခိုင်ဆက်ဆက်တို့ မိသားစု သည်ရန်ကင်းမြို့နယ်တွင် နေထိုင်ပြီး ၄င်းတို့ အိမ်ပိုင်အား ကန်ထရိုက်တိုက် ဆောက်လုပ်နေသည့် အတွက် ရန်အောင်လမ်းသွယ် အတွင်းငှားရမ်း နေထိုင်ခဲ့ခြင်း ဖြစ်သည်။ သက်ဆိုင်ရာမှာ စစ်ဆေးခဲ့ရာတွင် နေအိမ်ရှိ ၄င်းတို့ ပိုင် ဆိုင်သော တန်ဖိုးငွေသိန်း(၂၀)ခန့်ရှိ လက်ဝတ်ရတနာ ပစ္စည်းများ ပျောက်ဆုံး ခဲ့ကြောင်း သိရှိရပြီး ယင်း လူသတ်ခံရမှု နှင့်ပတ်သက်၍ သက်ဆိုင် ရာ တာဝန်ရှိသူများမှ စုံစမ်းဖေါ်ထုတ်လျှက်ရှိကြောင်း ကြားသိရသည် ။

No comments: