Saturday, March 28, 2009

(ထိုင်းcollect) ဖုန်းထောင်လုပ်စား သူများအဆင်မပြေဖြစ်

ပနွတ်ကျား

ထိုင်း ဘတ်ငွေဈေး ကျပြီး မြန်မာ ငွေမြင့်တက်မှုနှင့် နိုင်ငံခြား တွင် အလုပ်အကိုင် ရှားပါး မှုကြောင့် ထိုင်း နိုင်ငံတွင် အလုပ်လုပ်နေ ကြသော အလုပ်အမား များ ငွေပေးပို့မှု နည်းပါး မှုကြောင့် (ထိုင်းcollect) ဖုန်းထောင် လုပ်စား သူများ အဆင်မပြေ ဖြစ်နေကြသည်။


“ယခုဆိုရင် နိုင်ငံခြားက လူတွေကလည်း အလုပ်အကိုင်ကလည်း ရှားပါးလာတယ်၊ ပြီးတော့ထိုင်းဘတ်ငွေကလည်း ကျလာတယ်ဆိုတော့ ငွေပို့တဲ့သူမရှိတော့ ဖုန်းအလုပ်က အလုပ်သိပ်မဖြစ်ဘူးပေါ့၊ ပြီးတော့ SP ကိုတော့ လစဉ်ပုံမှန် ၅ သောင်းပေးနေရတယ်၊ ကြားထဲက စစ်သားတွေ သူတို့ရဲ့ နေရပ်ပြန်ဖို့ လမ်းခရီးစရိတ် မရှိတာနဲ့ လူကြီးလာလို့ ပွဲဝိုင်းပြင်ဆင်ဖို့နဲ့ ဆိုပြီး အမြဲငွေတွေ လာလာတောင်းနေတာပဲ၊ ငါတို့တွေအတွက်က ဘာမှမကျန်တော့ဘူး” ဟု သံဖြူဇရပ် ထိုင်းဖုန်းပိုင်ရှင်တစ်ဦးက ပြောသည်။

စရဖ ကိုလည်း လစဉ်တစ်လကို ၁၀၀၀၀ ကျပ်ပေးဆောင်ရသည်။ ငွေလွှဲသူ နည်းပါးမှုကြောင့် ဖုန်းဆက်သူကျဲပါးလာပြီး ထိုင်းဖုန်းပိုင်ရှင်က ၄င်းတို့လုပ်ငန်းမှာ အဆင်မပြေသောကြောင့် ၄င်းတို့ကို လျှော့ပေါ့ကောက်ခံပေးရန် တောင်းခံသော်လည်း ၄င်းတို့က ပုံမှန်ပင် ဆက်ကောက်နေကြသည်ဟု ဆိုသည်။

“အခုဆိုရင်ဖုန်းတွေကလည်းများ ငွေလွှဲတွေကလည်းကျဲ၊ ဒီအထဲမှာ သထုံက စရဖကလည်း လာတောင်း မော်လမြိုင်ကရဲလည်း လာတောင်း အလုပ်ကအဆင်မပြေတဲ့ကြားမှာ ဒီအပေါင်မှာရှိနေတဲ့ စခန်းမှူးကလည်း ထပ်ယူသေးတယ် မတတ်နိုင်တော့ဘူးဗျာ” ဟု အပေါင်မြို့တွင်ရှိသော ထိုင်းဖုန်းပိုင်ရှင်တစ်ဦးက ပြောပြသည်။

ဖုန်းပိုင်ရှင်တွေ တစ်လအတွင်းမှာ မကြာခဏ ရဲ နှင့် စရဖ တို့ ငွေလာတောင်းနေသည်မှာ တစ်လအတွင်း ၂ သိန်းခွဲ ကနေ ၃ သိန်းထိကုန်ကျ နေကြသည်။

“အခုဆိုရင် ရှုံးနေပြီး နောက်သုံးလ လောက်ဆိုရင် ရပ်နား ရတော့မယ်” ဟု ၄င်းက ငြီးညူပြီး ပြောသည်။

ရေးမြို့က စရဖ နှင့် ရဲတွေကတော့ တစ်လကို ကျပ်ငွေ တစ်သောင်းစီ ယူပြီး ဘယ်တပ်ရင်း တော့မသိဘူး တစ်နှစ်စာ အတွက်ဆိုပြီး ကျပ်တစ်သိန်း ပေးလိုက်ရ ပါတယ်” လို့ ရေးမြို့နယ်အံဒင်ရွာ ထိုင်းဖုန်ပိုင်ရှင်တစ်ဦးက INMA ကိုပြောပြသည်။

ယခု နိုင်ငံခြားတွင် အလုပ်အကိုင်များ ရှားပါးလာသဖြင့် မိမိနေအိမ်သို့ ယမန်နှစ်က အတိုင်း ငွေလွဲပေး ပို့ရန် အဆင်မပြေ ဖြစ်နေကြ သောကြောင့် ထိုင်းဖုန်း သုံးသူတွေ အရေအတွက် ကျဲပါးလာပြီး အာဏာပိုင်များ ဘက်ကလည်း အခွန်နှုန်းထား ကြီးလေးလာ သော ကြောင့် အချို့ဆိုလျှင် ရပ်ဆိုင်း ပစ်ရတော့မယ့် အခြေအနေ ရောက်နေကြသည်။

No comments: