ယနေ့ နံနက် (၃) နာရီ မှစ၍ ကိုးကန့်နှင့် ဝနယ်မြေ နယ်စပ် နမ့်တင်းချောင်း တလျှောက်နှင့် ကိုးကန့် နယ်တခုလုံး တွင် တိုက်ပွဲ ပြန်ဖြစ် နေသည်။ချင်းရွှေဟော် အနီး တောင်ကုန်းမှ ယမန်နေ့ ညက ဆုတ်ခွာ သွားသည့် ကိုးကန့် တပ်ဖွဲ့ များက ယခုအခါ နယ်စပ် တောင်ကုန်း များပေါ်မှ နေရာယူကာ ချင်းရွှေဟော် အနီး နအဖ တပ်များ ရှိရာကို ပစ်ခတ် နေသကဲ့သို့ နအဖတပ် များကလည်း ပြန်ပြီး တိုက်နေ သည်ဟု ကိုး ကန့် တပ်ဖွဲ့နှင့် နီးစပ် သူက ပြောသည်။
၎င်းက “အခုထိ ချနေတုန်းပဲ။ ဒီကိုးကန့်တပ်ဘက်က စချတာ။ မနက် သုံးနာရီလောက်ကနေ တိုက်ပွဲတွေဖြစ်နေတာ။ အဓိကတော့ လက် နက်ကြီးတွေပဲ သုံးတယ်။ အကျအဆုံးတော့ သိနိုင်ဦးမှာ မဟုတ်ဘူး။ ပြောနိုင်တာက ဒီနေ့ မနက်ကတည်းက စချတယ်။ အခု ညနေ (၃) နာရီခွဲအထိ တိုက်ပွဲနေရာအနှံ့မှာ ဖြစ်နေတယ်” ဟု ပြောသည်။
ယမန်နေ့ကလည်း ကိုးကန့်နယ်မြေအတွင်း ရဲစခန်းအပါအ၀င် နေရာ (၄) ခုတွင် တိုက်ပွဲများ ဖြစ်ခဲ့ပြီး ချင်းရွှေဟော်တိုက်ပွဲတွင် ကိုးကန့်တပ်ဖွဲ့က (၂) ဦး ဒဏ်ရာရကာ တောင်ကုန်းအား ဆုတ်ပေးခဲ့ရသည်။
ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး ပထမဆုံး ငြိမ်းချမ်းရေးလုပ်ခဲ့သည့် မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော်သည် အနှစ် (၂ဝ) ကြာ အပစ်ခတ်ရပ်စဲရေးပြုလုပ်ထားရာမှ ယမန်နေ့မှစတင်၍ ပြန်ပြီး တိုက်ခိုက်လာခြင်းဖြစ်သည်။
No comments:
Post a Comment