Monday, September 21, 2009

နိုင်ငံမဲ့ဖြစ်နေသည့် လူငယ်လေး မောင်သောင်ဒီ နိုင်ငံတကာ စက္ကူလေယာဉ်ပြိုင်ပွဲတွင် တတိယဆုရရှိ

NEJ / ၂၁ စက်တင်ဘာ ၂၀၀၉

နိုင်ငံမဲ့ဖြစ်နေသည့် အသက် (၁၂) နှစ်အရွယ် လူငယ်လေး မောင်သောင်ဒီသည် ထိုင်းငံ ကိုယ်စားပြု ပါဝင်သော ဂျပန် နိုင်ငံ၌ ပြုလုပ်သည့် နိုင်ငံတကာ စက္ကူအရုပ်ချိုး လေယာဉ်ပြိုင် ပွဲတွင် တတိယဆု ရရှိခဲ့ပြီး ယနေ့ ထိုင်းနိုင် ငံသို့ ပြန်လည် ရောက်ရှိ မည်ဖြစ်သည်။

မောင်သောင်ဒီ ၏ စက္ကူ လေယာဉ်သည် လေထဲတွင် (၁၀.၅၃) စက္ကန့် ၀ဲပျံနိုင်ပြီး နိုင်ငံတကာမှ အသက် (၁၂) နှစ်အရွယ် လူငယ်လေး များ ပါဝင် သည့် တဦးချင်း စက္ကူ လေယာဉ် လွှတ်ပြိုင်ပွဲတွင် တတိယဆု ဆွတ်ခူး ရရှိခဲ့ခြင်း ဖြစ်သည်။

တဦးချင်း ပြိုင်ပွဲ မတိုင်ခင် ပြီးခဲ့သည့် စနေနေ့က ပြုလုပ်သည့် ယှဉ်ပြိုင်သူ (၃) ဦးပါ အသင်း လိုက်ပြိုင်ပွဲ တွင်လည်း မောင်သောင်ဒီ ပါဝင် သည့် အသင်းက ပထမဆု ရရှိခဲ့ပြီး မောင်သောင်ဒီ ၏ စက္ကူ လေယာဉ်ပျံက (၁၁) စက္ကန့် ၀ဲပျံ နိုင်ခဲ့သည်ဟု TNA သတင်းတွင် ဖော်ပြ ပါရှိ သည်။

မောင်သောင်ဒီ၏ မိဘများသည် ထိုင်း နိုင်ငံသို့ လာရောက် အလုပ်လုပ်ကိုင် သည့် ရွှေ့ပြောင်း အလုပ်သမား မြန်မာ နိုင်ငံမှ ရှမ်းတိုင်းရင်း သား များဖြစ်ပြီး မောင်သောင်ဒီအား ချင်းမိုင်မြို့တွင် မွေးဖွား ခဲ့သည်။

ချင်းမိုင်မြို့ ဘန့်ဝှေစိုင်တွင် ကျောင်းတက်နေသည့် (၄) တန်းကျောင်းသား မောင်သောင်ဒီသည် စက္ကူဖြင့် လေယာဉ်အရုပ်ချိုး ခေါက်ရာ တွင် ကျွမ်းကျင်သူဖြစ်ပြီး ဂျပန်တွင်ပြုလုပ်မည့် နိုင်ငံတကာ စက္ကူအရုပ်ချိုး လေယာဉ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန် အရွေးခံရကာ ဘန် ကောက်မြို့ သို့ရောက် ရှိခဲ့ပြီး ပြိုင်ပွဲသို့ တရားဝင် ယှဉ်ပြိုင်ခွင့် ရရှိရန် ထိုင်းပြည်ထဲရေး ၀န်ကြီးဌာန သို့ တောင်းခံ ခဲ့ရာမှ ပြီးခဲ့သည့် စက်တင်ဘာ (၄) ရက်တွင် ထိုင်း အစိုးရက ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေး ခဲ့ခြင်းဖြစ်သည်။

မောင်သောင်ဒီသည် ထိုင်းနိုင်ငံ၌မွေးဖွားသော်လည်း မြန်မာနိုင်ငံသား ဖြစ်သည့်အတွက် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက တရားဝင်ခရီး သွားခွင့် လက်မှတ် ထုတ်ပေးရန် လက်မခံဘဲ ငြင်းပယ်ခဲ့သည့် အတွက် ထိုင်းဝန်ကြီးချုပ် မစ္စတာ အဖိဆစ်က ၀င်ရောက် ကူညီပြီးနောက် ထိုင်း အစိုးရက သဘောတူ လိုက်ခြင်း ဖြစ်သည်။

မိဘများသည် ထိုင်းနိုင်ငံတွင် လာရောက် အလုပ်လုပ် ကိုင်သည့် ရွှေ့ပြောင်း အလုပ်သမား မှတ်ပုံတင် ကိုင်ဆောင်ထား သူများ ဖြစ်နေ သည့် အတွက် မောင်သောင်ဒီ အနေဖြင့် ထိုင်းနိုင်ငံ၌ မွေးဖွား သော်လည်း ထိုင်းနိုင်ငံသား အဖြစ် အကျုံးမ၀င် သကဲ့သို့ မြန်မာ နိုင်ငံ သား အဖြစ်လည်း အကျုံးမ၀င် သည့်အတွက် နိုင်ငံမဲ့ အခြေအနေ အဖြစ် ထိုင်းပြည်ထဲရေး ၀န်ကြီးဌာနက မောင်သောင်ဒီ အား တရားဝင်ခရီးသွား ခွင့်လက်မှတ် ထုတ်ပေးရန် ငြင်းပယ် ခဲ့ခြင်းဖြစ်သည်။

ယမန်နှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် National Mental and Material Tenology Centre က ကျင်းပသည့် စက္ကူ လေယာဉ်ပြိုင် ပွဲ တွင် မောင်သောင်ဒီ ပထမဆု ရရှိခဲ့ပြီး ဂျပန်နိုင်ငံ တွင်ပြုလုပ်မည့် နိုင်ငံတကာ စက္ကူအရုပ် ချိုးလေယာဉ် ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ ခြင်း ဖြစ်သည်။

No comments: