Narinjara News
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တက်ကနက်မြို့သို့ သစ်တင်ပို့လာသည့် သစ်လုပ်ငန်းရှင် နှစ်ဦးကို ဘင်္ဂလား ရိုင်ဖယ်တပ်ဖွဲ့မှ သောကြာနေ့ နံနက်က တက်ကနက် အနီး လှည်းတန်း ဂိတ်တွင် ဖမ်းဆီးလိုက်ကြောင်း သူတို့၏ လုပ်ဖော်ကိုင်ဘက် တဦးက ပြောသည်။
“သူတို့ ဒီနေ့မနက်မှာ ဒီနိုင်ငံက ရခိုင်တယောက်နဲ့ တက်ကနက် ဆိပ်ကမ်းကနေ မြစ်နားရွာကို သွားကြတယ်။ အဲဒီ ရွာနားမှာရှိတဲ့ စစ်ဆေးရေးဂိတ်က ပစ်စပို့မပါလို့ဆိုပြီး ဖမ်းသွားတာ ဖြစ်တယ်။ ပီးရင် သူတို့ကို ရဲကို လွှဲပေး လိုက်ပါတယ်။”
ဖမ်းဆီးရသူ နှစ်ဦးမှာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ ဦးစိုးသူနှင့် သံတွဲမြို့မှ ဦးထွန်းမြင့်အောင်တို့ ဖြစ်ကြသည်။
သူတို့နှစ်ဦးနှင့် အတူ ဖမ်းဆီးခံရသည့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံသား အမည်ကို မသိရှိရသေး သော် လည်း သူတို့သုံးဦးကို .ခုအခါ တက်ကနက် ရဲစခန်း တွင် ထိမ်းသိမ်းထားပြီး မနက်ဖန် ကော့စ်ဘဇားမြို့ ခရိုင် တရားရုံးကို ပို့ရန် စီစဉ်နေကြောင်း သိရသည်။
အချုပ်ခန်းထဲကို သွားကြည့်ခဲ့သူ တဦးက “မနက်ဖန် ရုံးတင်မှာ သေချာတယ်။ ကျွန်တော် သွားကြည့်တဲ့အချိန်မှာ သူတို့အတွက် အ၀တ် အစားတွေကို စုနေကြပြီ။ လာကြည့်တဲ့သူတွေကို အရပ်ဝတ် အာဏာပိုင်တွေ ပြောတာက မင်းတို့နဲ့ဘာမှ မဆိုင်ဘူး။ မင်းတို့သွားကြဆိုပြီး ပြောပါတယ်။”
ယခင်က မြန်မာနိုင်ငံမှ လာရောက်သည့် စီးပွားရေးသမားများကို ဘင်္ဂလား အာဏာပိုင်များက နယ်စပ်တွင် ဖမ်းဆီးမှုများ ရှိခဲ့သော်လည်း သက်ဆိုင်ရာ ပွဲရုံပိုင်ရှင်များနှင့် ကုမ္ပဏီပိုင်ရှင်များက အာဏာပိုင်တို့ ညှိနိုင်း ဖြေရှင်းပေးမူကြောင့် လွှတ်မြောက်မူများ ရှိခဲ့သော်လည်း ယခုတကြိမ်တွင် ထိုသို့ မလွှတ်ပေးဘဲ တရားရုံးတင်ကာ တရားစွဲဆိုရန် စီစဉ်နေသည့် အပေါ် သူအနေနှင့် နားမလည်နိုင်အောင် ဖြစ်နေသည်ဟု တက်ကနက်ဆိပ်ကမ်းတွင် ရောက်ရှိနေသည့် မြန်မာ့ သစ်စီးပွားရေး သမားတဦးက ပြောသည်။
No comments:
Post a Comment