Narinjara News
ယခုနှစ် စစ်တွေ သင်္ကြန်ကို ရန်ပွဲနှင့် စတင် ဖွင့်လှစ်ခဲ့သည်ဟု သတင်း ရရှိသည်။
စစ်တွေက အရပ်လူကြီး တဦးက “ ဒီနှစ် စစ်တွေ သင်္ကြန်ကို ရန်ပွဲနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ ရန်ပွဲမှာ ပါဝင်တဲ့ လုံထိန်း သုံးဦးကတော့ ဖမ်းဆီး ခံခဲ့ရပါတယ်” ဟု ပြောသည်။
အရပ်သားများနှင့် ရန်ဖြစ်သဖြင့် ဖမ်းဆီးခံရသူ လုံထိန်း သုံးဦးမှာ လုံထိန်း အမှတ် (၁၂) တပ်ရင်းမှ တပ်ကြပ် အံ့ဘွယ်ကျော်၊ တပ်သား နေ၀င်းထိုက်နဲ့ ၀င်းထွေးကျော်တို့ ဖြစ်သည်။
ရန်ပွဲမှာ စစ်တွေမြို့ အမှတ် (၉) ရပ်ကွက် မင်းဂံရပ်ကွက်တွင် ဧပြီလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လုံထိန်းတပ်သား ၃ ဦးမှာ အရက်သောက်ပြီး မူးယစ် ယမ်းကားရာမှ ရပ်ကွက်အတွင်းမှ ကိုရွှေစိန် (ခေါ်) ကိုစိန်တင် အပါအ၀င် ရပ်ကွက် လူငယ်များနှင့် ခိုက်ရန် ဖြစ်ပွားခဲ့သည်။
၎င်းနောက်ပိုင်းရပ်ကွက် လူကြီးများက သက်ဆိုင်ရာကို တိုင်ကြားခဲ့သဖြင့် လုံထိန်း တပ်ရင်မှူး ဗိုလ်မှူး သက်နိုင်မှ လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သိရသည်။
ယခုနှစ် ရခိုင် သင်္ကြန်ကို စစ်တွေမြို့ထဲတွင် ကျင်းပခွင့် ပြုလုပ်ခြင်းကို အာဏာပိုင်များက ပိတ်ပင်ထားသဖြင့် လူထုအတွင်း အထူး မကျေနပ်တွေ တိုးပွားနေ၍ ရန်ပွဲများ ပေါ်ပေါက်နိုင်သဖြင့် လက်နက်ကိုင် တပ်ဖွဲ့များမှ တပ်သားများကို အပြင်ထွက်ခွင့် ပိတ်ပင်ထားသည်ဟု ရဲသတင်း ရပ်ကွက်အရ သိရသည်။
ထိုသို့ ပိတ်ပင်ထားမူကို ချိုးဖေါက်သူ တပ်သား သုံးဦးကို လုံထိန်း တပ်ရင်းမှ အရေးယူသွားမည်ဟု သိရသည်။
No comments:
Post a Comment