Saturday, April 16, 2011

ကရင်နီပြည် လေမုန်တိုင်း ရွာတ၀က်ကျော် ပျက်စီး၊ ရွာသားအချို့ ဒါဏ်ရာရ

ကန္တာရ၀တီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် လောကယေခူ ကျေးရွာတွင် ယခုလ ၁၃ ရက်နေ့က လေမုန်တိုင်း ကျရောက်၍ ရွာတ၀က်ကျော် ပျက်စီးဆုံးရှုံးပြီးရွာသားအချို့ဒါဏ်ရာရရှိခဲ့ကြသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၁၃ ရက်နေ့ ညနေ သုံးနာရီ အချိန်တွင် ကျရောက်ခဲ့သည့် လေမုန်တိုင်းသည် အိမ်ခြေ ၅၂ လုံးအနက် ၃၀ အား ပျက်စီးစေခဲ့ပြီး စပါးကျီ ၁၁ လုံးပါ ပြိုလဲပျက်စီးစေခဲ့သည်ဟု ဒေသခံများက ပြောသည်။

“တခါမှ မကြုံဖူးတဲ့ မုန်တိုင်းဘဲ။ ရွာသားအချို့ ဒါဏ်ရာရတယ်။ အသေအပျောက်တော့ မရှိဘူး” ဟု လောကယေခူရွာသားတဦးက ပြောသည်။

မုန်တိုင်းကြောင့် အိုးအိမ်မဲ့ ဖြစ်နေရသော ရွာသားများအား ကက်သလစ် ဂရုဏာ အဖွဲ့မှ လောလောဆယ် ပြုစုစောင့်ရှောက်နေရကြောင်း သိရသည်။

No comments: