အံ့ဘုန်းမြတ်
နိုင်ငံနဲ့ ပြည်သူ လူထု အကျိုး အတွက် လက်ရှိ အစိုးရနဲ့ နှစ်ဘက် ပူးပေါင်း ဆောင်ရွက် နိုင်မယ့် လုပ်ငန်းစဉ် စတင်ပြီလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်က ပြောကြား လိုက်ပါတယ်။
ဒီနေ့ ကျင်းပတဲ့ အဖွဲ့ချုပ် ဗဟို အလုပ် အမှုဆောင် အစည်း အဝေးမှာ ခုလို ပြောကြား တာလို့ အဖွဲ့ချုပ် ဗဟိုပြန်ကြား ရေးအ ဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။
“သူ့မှတ်ချက်က အားရ ကျေနပ်မှု ရှိပါတယ်။ နိုင်ငံနဲ့ ပြည်သူ လူထု အကျိုး အတွက် ဆက်လက်ပြီးတော့ ပူးပေါင်း ဆောင်ရွက် နိုင်မယ့် လုပ်ငန်း စဉ်တခု စပြီလို့ သူ့အနေနဲ့ ယုံကြည် တယ်လို့ သူပြော ပါတယ်။ အသေးစိတ် ဆွေးနွေး တဲ့အချက်တွေတော့ ခုချိန်မှာ မပြောနိုင်သေးဘူးခင်ဗျ။”
ဒေါ်အောင်ဆန်း စုကြည်ဟာ ပြီးခဲ့ ရက်ပိုင်း အတွင်း သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေး နွေးခဲ့ သလို စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အမျိုးသား အဆင့် အလုပ် ရုံဆွေးနွေးပွဲ တက်ရောက် ခဲ့ပြီးနောက် ခုလို ထုတ်ဖော် ပြောကြား လာတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ တွေ့ဆုံဆွေးနွေးမှု၊ စီးပွားရေးအလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးတွေ၊ ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေး မှုတွေ ပြုလုပ်ခဲ့တာကို ကြိုဆိုထောက်ခံကြောင်း ဒီနေ့ထုတ်ပြန်တဲ့ အဖွဲ့ချုပ် ကြေညာချက် မှာ ဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စု အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နဲ့ နှစ်ကြိမ် တွေ့ဆုံခဲ့ဖူးပြီး ပြည်သူတရပ်လုံးရဲ့ လိုအပ်ချက်ဆန္ဒအတိုင်း ဖြည့်ဆည်းပေးတဲ့ အနေနဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနဲ့ နှစ်ဖက်လက်တွဲ ဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ကြပါတယ်။
No comments:
Post a Comment