သျှမ်းသံတော်ဆင့်
ယမန် နေ့နံနက် ၈ နာရီ ခန့်က ကြူကုတ် (ပန်ဆိုင်း) မြို့နယ် မုံးပေါ် ကျေးရွာ အနီး တုံဟုန်းလုံ လမ်းခွဲတွင် အစိုးရစစ် တပ်အား ကချင် လွတ်လပ်ရေး တပ် မတော် KIA က တိုက်ခိုက် ခဲ့ရာ အစိုးရ တပ်သား ၁ ဦးသေဆုံး ပြီး ၄ ဦးခန့် ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရ သည်။
မုံးပေါ်ဘက်မှ ပြောင်းဖူးအိတ်များ တင်ဆောင်လာသည့် ထော်လာဂျီယာဉ်များအား အစိုးရစစ်တပ်ကစစ်ဆေး နေစဉ် KIA တပ်ဖွဲ့က ရှောင်တခင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း KIA စစ်ဘက်သတင်းရပ်ကွက်နှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
နှစ်ဘက်ပစ်ခတ်မှု မိနစ်အနည်းငယ်ခန့်သာ ကြာမြင့်ပြီး KIA ဘက်မှ ထိခိုက်ကျဆုံးမှု မရှိကြောင်းလည်း သူကဆိုသည်။
“ပြောင်းဖူးတင်လာတဲ့ ထော်လာဂျီတွေက မုံးပေါ်ဘက်ကနေ နမ့်တောင်းဘက်ကိုလာတာ။ စစ်တပ်က သူတို့ ကင်းစောင့် ထားတဲ့ပုံစံမျိုးပေါ့။ တုံဟုန်းလုံ လမ်းခွဲပေါ့နော်။ အဲဒီနားမှာညောင်ပင်ကြီးရှိတယ်။ စစ်တပ်က ထော်လာဂျီကို သွားစစ်ဆေး တော့ အပစ်ခံရတာ” ဟု ဆိုသည်။
အစိုးရတပ်ဘက်မှ ဒဏ်ရာရသူ ၄ ဦးအနက် တစ်ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်းလည်း သိရသည်။
No comments:
Post a Comment