Saturday, March 31, 2012

တရား မျှတ လွတ်လပ်မှု တကယ်ရှိမှာလား

သျှမ်းသံတော်ဆင့်


လာမယ့် တနင်္ဂနွေနေ့ဆိုရင် လွှတ်တော် သုံးရပ်မှာ လစ်လပ်နေတဲ့ အမတ်နေရာ ၄၅ နေရာကို အစားထိုးဖို့ ကြားဖြတ်ရွေး ကောက်ပွဲ ကျင်းပတော့မှာဖြစ်ပါတယ်။ အမေရိကန်၊ UN ကလည်း စောင့်ကြည့်လေ့လာဖို့ ကိုယ်စားလှယ် အသီးသီးစေ လွှတ် မှာဖြစ်ပါတယ်။ ကြား ဖြတ်ရွေးကောက်ပွဲ အကြိုကာလ သျှမ်းပြည်မှာ အခြေအနေဘယ်လိုရှိလဲ၊ ရွေးကောက်ပွဲ ကျရင်ကော တရားမျှတ လွတ်လပ်ပါ့မလား ကျ နော်တို့ သျှမ်းသံတော်ဆင့်ကနေ စောင့်ကြည့်လေ့လာ စုစည်းတင်ဆက်သွားမှာဖြစ်ပါတယ်။

ဦးသိန်းစိန်အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မကြာခင်ကမှ ထောင်ကနေလွတ်မြောက်လာတဲ့ သျှမ်းတိုင်း ရင်းသားများဒီမို ကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်က အခုကြားဖြတ် ရွေးကောက် ပွဲနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“အာဏာရထားတဲ့ ဒီအစိုးရ အတွက် ဒီ ၄၈ နေရာလေးနဲ့ ဘာမှ မဖြစ်စလောက်ဘူး။ အဲဒါကြောင့် ဒီကြားဖြတ် ရွေးကောက်ကို တရားမျှ တ အောင် အစိုးရက လုပ်ပြလိမ့်မယ်”

သျှမ်းသံတော်ဆင့် အယ်ဒီတာချုပ်ဦးခွန်စိုင်းကတော့ ဒီလစ်လပ်နေတဲ့ ၄၈ နေရာ စလုံးဟာ အရေးပါတဲ့ နေရာတွေဖြစ်တဲ့ အတွက် လက် ရှိ ဦးသိန်းစိန်အစိုးရ လက်လွှတ်မှာမဟုတ်ဘူးလို့ပြောပါတယ်။

“ဒီ ၄၈ နေရာ စလုံးဟာ အရေးပါတဲ့ နေရာတွေဘဲ။ ဥပမာ လားရှိုးမှာ ဆိုရင် ဒုသမ္မတ ဖြစ်တဲ့ဒေါက် စိုင်းမောက်ခမ်း နေရာ၊ ကလောမှာ ကျတော့ ၀န်ကြီးဦးတင်နိုင်သိန်းနေရာ၊ နေပြည်တော်မှာလဲဘဲ အဲဒီလိုဘဲ၊ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ကိုဘဲကြည့် သမ္မတ ဦးသိန်းစိန် နဲ့ ဒုသမ္မ ဦးတင်အောင်မြင့်ဦး အနိုင်ရထားတဲ့ ၂ မြို့နယ်မှာ ဒေါ်အောင်ဆန်း စုကြည် တရားဟော ခွင့်တောင်မရဘူး၊ အဲဒါကိုကြည့်ခြင်း အားဖြင့် လွယ်လွယ်နဲ့ အရှုံ့းပေး မှာမဟုတ်ဘူးလို့ ခန့်မှန်း နိုင်တယ်”

နာမည်ကြီးပါတီကြီးတွေနဲ့အကြိတ်အနယ် ယှဉ်ပြိုင်ရမယ်ဆိုပေမယ့်အောင်နိုင်ရေးအတွက် ကိုယ့်ကိုယ် ကိုယုံကြည်မှု ရှိတယ်လို့ သျှမ်း ပြည် တောင်ပိုင်း ကလောမြို့ ကျားဖြူပါတီ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း စဝ်သာဦး ပြောပါတယ်။

“ရွေးကောက်ပွဲကော်မရှင်လဲ ကျနော်တို့နဲ့ သိနေတာဘဲ၊ မဲစာရင်း လွဲချော်တာ တွေလဲ သိပ်မရှိဘူး ကျနော်တို့ဘက်။ အဲဒါကြောင့် ဒီကြား ဖြတ်ရွေးကောက်ပွဲက မျှတ လိမ့်မယ်လို့ကျနော် ယုံတယ်”

ကျားဖြူပါတီ အောင်နိုင်ရေးအခြေအနေကို တော့ အခုလို ဆက်ပြောပါတယ်။

“ NLD ဆိုရင်လဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီဖြစ်နေတယ်။ အင်အားကြီးတဲ့ပါတီ၊ တကမ္ဘာလုံးက သိတဲ့ပါတီ။ ထောက်ခံ မှု အများကြီး ရှိတဲ့ပါတီ ။ NUP ပါတီက ဝင်ပြိုင်မယ့်ပုဂ္ဂိုလ်ကလဲ ဒေသတွင်း မှာဆိုရင် နိုင်ငံရေးဖက်မှာ နာမည်ကြီးတဲ့ ပုဂ္ဂိုလ်။ USDP ဆိုရင်လဲ အငြိမ်း စား ဗိုလ်ချုပ် တယောက်က ဝင်ပြိုင်မှာ ဆိုတော့ သူတို့တွေနဲ့ ကျနော်က အကြိတ်အနယ် ယှဉ်ရမှာဖြစ်တယ်။ ဒါပေမယ့် ကျနော်လဲ ဒီဒေ သမှာ ကြီးပြင်းလာတဲ့သူ၊ လူထုရဲ့လိုအပ်ချက်ကို ကျနော်က သိနေတယ်။ လူထုကလဲကျနော့်ကို သိနေတယ်။ ဒီအတွက် အောင်နိုင် လိမ့် မယ်လို့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါတယ်”

ကြံ့ခိုင်ရေးပါတီကတော့ ကလောမြို့တွင်းမှာ အသည်းအသန် စည်းရုံးရေးဆင်းနေတယ်လို့ ဆိုပါတယ်။ ပလောင်နဲ့ တောင်ရိုး အမျိုးသား တွေကိုလည်း- ကြံ့ခိုင်ရေးပါတီကို မဲပေးရင် ပိုက်ဆံ ကျပ် ၁ သိန်း ချေးပေးမယ်။ လုပ်ငန်းအပေါ် မူတည်ပြီးတော့ ကျပ် ၃ သိန်းနဲ့ အ ထက်အထိ ချေးပေးမ ယ် ၊ ဗိုလ်ချုပ်မြဝင်း ကလွဲပြီး မဲမပေးရလို့ ပြောတဲ့အတွက် ဒေသတွင်းက နိုင်ငံရေးစိတ်ဝင်စားတဲ့လူတွေ မကျေ မနပ်ဖြစ်ပြီး မြန်မာပြည်က MNN သတင်းဌာနကိုဖြေကြား ခဲ့တာလဲတွေ့ရပါတယ်။

လားရှိုးမြို့ ကျားဖြူ ဥက္ကဌ စိုင်းအောင်ကြီး ကတော့ တာဝန်ရှိသူတွေ မဲစာရင်း ထုတ်ပြန်တာ မှန်ကန်မှု မရှိဘူးလို့်ပြောပါတယ်။

“ကျနော်တို့ အိမ်ဆို မိသားစု ရ ယောက်ရှိတယ်။ ၄ ယောက်ပဲ မဲစာရင်းထဲပါတယ်။ ကျန်တဲ့သုံး ယောက် ကို ထပ် ထည့် ပေးဖို့ သွားပြော ထားတယ်။ သေတဲ့သူစာရင်းက မဖြုတ်၊ မနှစ် တစ်နှစ်က အသက်ပြည့်တဲ့သူ ရဲ့ စာရင်းကျတော့မပါ၊ အထက်ပိုင်းတော့ တရား သယောင် လုပ်တယ်။ အောက်ပိုင်းကျတော့ ညစ်ညစ် လာနေတာတွေ့ရတယ်”



အမျိုးသားလွှတ်တော် လစ်လပ်နေရာ သျှမ်းပြည်မြောက်ပိုင်း အမှတ် ၃ မဲဆန္ဒနယ် ပါဝင်တဲ့ လားရှိုး မြို့ အနီး အချို့ ကျေးရွာများမှာတော့ မဲထည့်ဖို့ ရွာလုံးကျွတ် နာမည်စာရင်း မပါတာလဲရှိတယ်လို့ လားရှိုးဒေသခံတွေကပြောပါတယ်။ ဒီကိစ လလယ်ပိုင်းတုန်းက ရပ်ကွက် ဆိုင်ရာ အာဏာပိုင်တွေကို သွားရောက်သတိပေးအကြောင်းကြားထားပေမယ့် ဒီနေ့အထိ အမည် စာရင်း မတွေ့ရသေးဘူးလို့ပြောပါ တယ်။ ‘ပြည်ခိုင်ဖြိုးပါတီကိုသာမဲထည့်ပေးပါမယ်’ လို့ လူခွဲပြီး သွားပြောခိုင်း တော့ နှစ်ရက်သုံးရက်အတွင်း နာမည်ပြန် ပါလာ တယ်လို့ လားရှိုးဒေသခံတွေက ပြောပါတယ်။

သျှမ်းပြည်မြောက်ပိုင်း အမှတ် ၃ မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ် လောင်း စိုင်း မြင့်မောင် က မဲစာရင်းမှန်ကန်ဖို့ခက်ခဲကြောင်း ပြောပါတယ်။

“ကျနော်တို့ ကြားရတာက အမျိုးမျိုးဘဲ၊ ရွေးကောက်ပွဲ နီးလေလေ ညစ်ဖို့ ပြင်ဆင် လာ လေလေတွေ့ ရတယ် ဗျာ့။ တချို့ NLD ဘက် စောင်းတဲ့ နေရာတွေဆိုရင် ကြံ့ခိုင် ရေးက ပုဂ္ဂိုလ် တွေက ခင်ဗျားတို့ NLD ကို ကြိုက်တယ်မဟုတ်လား၊ အမှန်ခြစ်လိုက်ပေါ့၊ ကျနော်တို့ ပြည် ခိုင်ဖြိုးကို မကြိုက် ဘူး မဟုတ်လား ကြက်ခြေခတ်လိုက်ပေါ့။ စသဖြင့်ပေါ့။ ပယ်မဲဖြစ်သွားအောင်လုပ်တာလေ”


ကြံ့ခိုင်ရေးပါတီကအတွင်းရေးမှူး ဦးအောင်သောင်းကတော့ - ဒီ ၄၈ နေရာလေးမရရင်တောင် ကြံ့ခိုင်ရေး ကစိတ်ပူ စရာမရှိဘူး။ ၂၀၁၀ မှာ နေရာတော်တော်များများရထားတော့ ရှေ့ဆက် ဦးဆောင်ဦးရွက်ပြုသွားနိုင်မှာဘဲ လို့ မြန်မာပို့စ် သတင်းမှာဖြေထားတာကိုတွေ့ရပါ တယ်။

သျှမ်းပြည်မြောက်ပိုင်း အမှတ် ၃ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် လားရှိုး၊ သိန္နီ၊ ကွန်လုံ၊ မိုင်းရယ်၊ တန့် ယန်းမြို့ နယ်တွေမှာ ပြည်ခိုင် ဖြိုးပါတီက ဒေါက်တာနန်းကိန်ဖေါင်းတစ်၊ NLD က စိုင်းမြင့်မောင်၊ ကိုးကန့်ပါတီ က လော်ရှင်းကွမ်း၊ ကျားဖြူပါတီ စိုင်းစံမင်းနှင့် လား ဟူ ပါတီမှ ဦးယောသပ်တို့ အသီးသီး ဝင်ရောက်ယှဉ်ပြိုင် မှာဖြစ်ပါတယ်။

လားရှိုးမြို့နယ်မှာသျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို မတ်လ ၁၈-၁၉ ရက် မှာ တစ်သုတ်၊ မတ်လ ၂၁-၂၂ ရက်မှာ တစ်သုတ် ပြုလုပ်ခဲ့ပြီး စုစုပေါင်း တက်ရောက် လေ့လာသူ ၁၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။သင်တန်းမှာ ကျား ဖြူ ပါတီအောင်နိုင်ရေးအတွက် ခေတ်ပညာတတ် သျှမ်းလူငယ်တွေ၊ NGO၊ Media၊ အသိုင်းအဝိုင်းက မျိုးချစ်လူငယ်တွေက ရွေးကောက် ပွဲနဲ့ပတ်သက်တဲ့ အသိပညာ တွေကို ပို့ချပေးခဲ့ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း တရာမျှတမှု ရှိမရှိ အနီးကပ် စောင့်ကြည့် လေ့ လာမှာဖြစ်ကြောင်း သိရပါတယ်။

သျှမ်းပြည်တောင်ပိုင်း ပြည်သူ့လွှတ်တော်လစ်လပ်နေရာမှာ ယှဉ်ပြိုင်ကြမယ့် ကလော၊ အောင်ပန်း နဲ့ ဟဲဟိုး ဘက်မှာ တော့ တိုင်းရင်း သားစည်းလုံးညီညွတ်ရေး ပါတီမှ သီလကော်(ခ) ဦးခင်မောင်လှ၊ NLD မှ ဒေါက်တာဒေါ်သန်းငွေ၊ PNO မှ ဦးခွန်သန်းမောင်(ခ) ဦးခွန် ပေါလိုင်း၊ ကျားဖြူပါတီမှ ဦးစဝ်သာဦး နှင့် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အငြိမ်းစားဗိုလ်ချုပ် ဦးမြဝင်းတို့ ဖြစ်ပါတယ်။

No comments: