Tuesday, March 27, 2012

အပစ်ရပ် သျှမ်း စစ်သားအား လက်ခံ ထမင်းကျွေးခြင်း ကြောင့် ကျေးလက် ရွာသား ဖမ်းဆီး ရိုက်နှက်ခံရ

သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော်သားအား လက်ခံထမ်းကျွေးသည်ဟု ပြည်သူ့စစ်တိုင်ကြားချက် ကြောင့် သိန္နီမြို့ ကျေးလက် ဒေသခံ ရွာသား မိ သားစုအား မြန်မာ စစ်တပ်က ဝိုင်းဝန်းရိုက်နှက်ခဲ့ကြကြောင်း သိန္နီမြို့ဒေသခံတဦး၏ ပြောပြချက်အရသိရ သည်။

သိန္နီမြို့နယ် ပိန်းဆာအုပ်စု လားဟူပြည်သူ့စစ်ခေါင်းဆောင် ဦးကြာလေး နှင့် မိန်းပါး ရွာဥက္ကဌ ဦးလုံးထွန်း အသက် (၅၀) နှစ်တို့ ပူးပေါင်း အဖွဲ့က မြန်မာစစ်တပ်နှင့်အတူ ကုန်းအိုင်ရွာဒေသခံ လုံးဘမောင်အား သျှမ်းပြည်တပ်မတော် တပ်ဖွဲ့ကို လက်ခံ ထမင်းကျွေးသည်ဟု ဆို ကာ ယခုလ ၂၅ ရက် နံနက် ၂နာရီခွဲက ဖမ်းဆီးခေါ်ဆောင်ရိုက်နှက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ပြည်သူ့စစ်နဲ့ဗမာစစ်သား ၂၀ လောက်က လုံးဘမောင်ကို ဖမ်းခေါ်သွားပြီး ဝိုင်းပြီးရိုက်ကြတယ်။ လုံးဘမောင်ရဲ့ အမျိုး သမီး ဒေါ်အုန်း ဆာ နဲ့သားနှစ်ယောက် ဆန်ကော်၊ ဆန်ခိုင် ကိုလည်း ရိုက်ကြတယ်။ သျှမ်းစစ်သား ၂ ယောက်ကို လက်ခံထမင်းကျွေးလို့ဆိုဘဲ။ အမှန် က အဲ့ဒီစစ်သား ၂ ယောက်ကိုလဲူပြည်သူ့စစ်ကဘဲ ဦးဘမောင်အိမ်ကို ခေါ်လာ တာလို့ ကိုယ်တိုင်မြင်တွေ့ရတဲ့ သူ့ရွာက လူတွေက ပြော တယ်” ဟု သိန္နီဒေသခံ အိုက်စိုင်းကပြောသည်။

လုံးဘမောင် ၏ အမျိုးသမီး ဒေါ်အုန်းဆာမှာ ကျားဖြူပါတီဝင်တဦးဖြစ်ကြောင်း၊ မတရားမှု ကို လွှတ်တော်အတွင်း ဆွေးနွေး ပေးရန် လူ ထု ရွေးကကောက်တင်မြှောက်ထားသည့် လွှတ်တော် အမတ်ထံ မကြာခဏ သွားရောက်တိုင်တန်းတတ်သော ကြောင့် ပိန်းဆာူပြည်သူ့စစ်အဖွဲ့က မကျေနပ်၍ ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဒေသခံများက ဆို၏။

“လုံးဘမောင်ကို သိန္နီအထိ ဖမ်းခေါ်သွားတယ်။ ည ၇ နာရီမှ ပြန်လွှတ်ပေးတယ်၊ အခုအချိန်က သျှမ်းသူပုန်မှ မရှိတော့ဘဲ၊ တောင်ပိုင်း ကော မြောက်ပိုင်းကော အပစ်ရပ်ထား ကြပြီပဲ၊ ပိန်းဆာူပြည်သူ့စစ်က သူတို့ဇနီးမောင်နှံကို မကျေနပ်လို့ လုပ်တယ်လို့ပဲထင်တယ်” ဟု ၎င်းက ဆက်လက်ပြောပြသည်။

အဆိုပါ ပိန်းဆာပြည်သူ့စစ် ခေါင်းဆောင်ဦးကြာလေးသည် သိန္နီမြို့နယ် နောင်တော်ရွာ၊ မောက်စလီရွာများ၌ လယ်ယာ၊ ဆည်မြောင်း အာဏာပိုင်များနှင့်ပူးပေါင်ကာ ဒေသခံများ၏ လယ်၊ ယာမြေ အများအပြားကို သိမ်းထားကြောင်း သိရသည်။

အဆိုပါ လယ်ယာမြေသိမ်းယူသည့် အမှုအား ဒေသခံရွာသားများက ကျားဖြူပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဝင်းခိုင် ထံသွား ရောက်တင်ပြကြောင်း၊ စိုင်းဝင်းခိုင်ကလည်း နေပြည်တော်ထံ ဆက်လက်တင်ပြထားကြောင်း၊ နေပြည် တော်က မြေတိုင်းဦးစီးဌာနထံ အမိန့်ချလိုက်သော်လည်း လက်နက်ကိုင်တပ်ဖွဲ့များအားကြောက်သည်ဟုဆိုကာ ကွင်းဆင်း ဖြေရှင်းခြင်းမရှိခဲ့ကြောင်း သိန္နီဒေသခံက ပြောပြသည်။

No comments: