Thursday, August 30, 2012

မရမ်းကျေးရွာ တိုက်ပွဲတွင် ကလေး နှစ်ဦးမိခင် ထိခိုက်ဒဏ်ရာရ

KNG

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မရမ်း(Mayan) ကျေးရွာတွင်အနီး အစိုးရတပ်နှင့် ကချင်လွတ် မြောက်ရေးတပ်ဖွဲ့ KIA တိုက်ပွဲဖြစ်ပွား ခဲ့ရာ ရွာအတွင်း ကျည်ဆန်ကျပြီး ကလေး နှစ်ယောက်မိခင်အား ထိမှန်သွားခဲ့ကြောင်း သိရသည်။

မရမ်းကျေးရွာအနီး အခြေစိုက်မြန်မာအစိုးရ အမြောက်တပ်ရင်း (၃၇၂) နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၁၁) တို့ကြား သြဂုတ်လ ၂၇ ရက်ညအချိန်တွင် တိုက်ပွဲများဖြစ်ပွားနေချိန် ရွာတွင်းရှိ အမျိုးသမီးအား ကျည်ကျလာသော ကြောင့် ပေါင်တွင်ဒဏ်ရာရသွားခဲ့ကြောင်း ဒေသခံများပြောသည်။

ထိုအမျိုးသမီးသည် မည်သည့်တပ်မှ ပစ်လိုက်သည့်ကျည်ဆံဖြစ်ကြောင်းမသိရကြောင်းနှင့် တိုက်ပွဲဖြစ်နေချိန် သေနတ်သံများကြား၍ အိမ်အ တွင်းဝပ်နေစဉ် ထိမှန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဒဏ်ရာရှိသွားသောအမျိုးသမီးသည် ကလေးနှစ်ဦး၏ မိခင်ဖြစ်ပြီး ယခုချိန် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်ကုသမှုခံယူနေ ကြောင်း ဒေ သခံ တစ်ဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

“သေနတ်သံတွေက ကြားနေရတော့ အဲဒီညက ချက်ချင်းမသွားဖြစ်ဘူး။ နောက်မနက်မှ မြစ်ကြီး နား ဆေးရုံကိုခေါ်သွားတယ်။”

မရမ်း (Mayan) ကျေးရွာတွင် ယခုချိန် ဒညင်းသီးပေါ်ချိန်ဖြစ်သောကြောင့် ရွာသားအများစုသည် ဒညင်းခြံများတွင် ညအိပ်ပြီးအသီးခူးနေချိန် ဖြစ်သည်။ သို့သော် ထိုသို့ တိုက်ပွဲများဖြစ်ပွားလာသောကြောင့် ရွာသူကြီးမှ ညအိပ်မသွားရန် တားမြစ်ထားပြီး ည ၈ နာရီမှ အိမ်အပြင် မထွက်ရဟုလည်း တားမြစ်ထားကြောင်းသိရှိရသည်။

သြဂုတ်၂၈ ရက် နေ့တွင်လည်း ကျေးရွာအနီး သေနတ်သံများ၊ ဗုံးသံများ ၆ ကြိမ်ထက်မနည်း ကြားနေရသောကြောင့် ယခုချိန် ၎င်းကျေး ရွာ သားများသည် စိုးရိမ်ထိတ်လန့်နေကြောင်းသိရသည်။

မရမ်းကျေးရွာအနီးတွင်ရှိသော မြန်မာအစိုးရ အမြောက်တပ်ရင်းတပ်ဖွဲ့သည် ၎င်းဒေသအတွင်း ၂၀၀၄ ခုနှစ်မှ အခြေစိုက်လာကာ ယခုချိန် တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ တပ်ရင်း(၁၁) နှင့်တိုက်ပွဲများဖြစ်ပွားနေပြီး နှစ်ဖက်တပ်များ ဆက်လက်လှုပ်ရှားနေ သည့်နေ ရာ လည်း ဖြစ်သည်။

No comments: