Wednesday, January 2, 2013

ပင်လယ်ထဲမျောနေတဲ့ ရိုဟင်ဂျာကို ထိုင်းက အစားစာတွေပေး

ABC

ရိုဟင်ဂျာလူမျိုးတွေ ​ပါဝင်လာတဲ့ ​လှေတစ်စီးဟာ ​ထိုင်းနိုင်ငံတောင်ပိုင်း ​ဖူးကက်ကမ်းခြေမှာ ​မျော နေတဲ့အတွက် ​ထိုင်းအာဏာပိုင်တွေက ​ဒုက္ခ ရောက်သူတွေကို ​အစားအစာနဲ့ ​သောက်ရေတွေ ​ဝေဌခဲ့တယ်လို့ ​သိရပါတယ်။

သစ်သားလှေငယ်တစ်စီးပေါ်မှာ ​ရိုဟင်ဂျာ ​အယောက်ပေါင်း ​၇၀ ​လောက် ​ပွတ်သိပ် ​လိုက်ပါလာပြီး ​အစာရေစာမရှိပဲ ​ပင်လယ်ထဲမျောနေ တာ ​၁၃ ​ရက် ​ရှိပြီလို့လည်း ​သိရပါတယ်။

ဒုက္ခရောက်နေတဲ့ ​ရိုဟင်ဂျာတွေအနေနဲ့ ​ထိုင်းနိုင်ငံ ​မြေပေါ်ကို ​ခြေချခွင့်မရှိတဲ့အတွက် ​ပင်လယ်ထဲ ​ပြန်လည်တွန်းထုတ်ခံရမယ့် ​အနေအ ထား ​ရှိနေပါတယ်။

လှေပေါ်ပါလာသူတွေက ​မလေးရှားနိုင်ငံကို ​သွားဖို့ ​ရည်ရွယ်ခဲ့ပေမယ့် ​ထိုင်းနိုင်ငံကို ​ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခတွေကြောင့် ​ရိုဟင်ဂျာဒုက္ခသည်တွေ ​အိမ်နီးချင်းနိုင်ငံတွေကို ​ထွက်ပြေးလာနေကြပြီး ​အဲဒီနိုင်ငံတွေကနေတ ဆင့် ​သြစတြေးလျနိုင်ငံလို ​တတိယတစ်နိုင်ငံမှာ ​ခိုလှုံခွင့်ရဖို့ ​ မျော်မှန်းနေကြကြောင်း လည်း ​သိရပါတယ်။

မြန်မာနိုင်ငံအစိုးရက ​ရိုဟင်ဂျာတွေကို ​နိုင်ငံသားအဖြစ် ​အသိအမှတ်မပြုတဲ့အတွက် ​ရိုဟင်ဂျာတွေကို ​လက်ခံဖို့နဲ့ ​နိုင်ငံတကာကလည်း ​ကူညီဖို့ ​ရိုဟင်ဂျာအရေးဆောင်ရွက်သူတွေက ​တောင်းဆိုခဲ့ဖူးပါတယ်။

No comments: