Wednesday, January 2, 2013

ရခိုင်မှ ဓာတ်သတ္တုပါ သဲများ တရုတ် ဝယ်ယူလို

ခင်ဦးသာ

ရခိုင်ပြည်နယ်၊ မောင်တောဒေသ ပင်လယ်ကမ်းရိုးတန်း တလျှောက်ရှိ သဲများတွင် အလူမီနီယမ်နှင့် တိုက်တေနီယမ် ဓာတ်သတ္တုများ ပါ ဝင် ကြောင်း တွေ့ရှိရ၍ တရုတ်နိုင်ငံက ၀ယ်ယူရန် စီစဉ်နေကြောင်း ရခိုင်ပြည်နယ်အစိုးရထံမှ သိရသည်။

မောင်တောမြို့နယ် အလယ်သံကျော် ကမ်းခြေနှင့် ရသေ့တောင်မြို့နယ် အတွင်းမှ အငူမော် ကမ်းခြေတဝိုက်တွင် ထိုသတ္တုများရှိသည်ဟု သိ ရှိရကြောင်း၊ တရုတ် သတ္တုတူးဖော်ရေး ကုမ္ပဏီတခုက စမ်းသပ်မှုများ ဆက်လက် လုပ်ဆောင်နေကြောင်း ရခိုင်ပြည်နယ်အစိုးရ သတ္တု တွင်း ၀န်ကြီး ဦးအောင်သန်းတင်က ဧရာဝတီသို့ ပြောသည်။

ရခိုင်ကမ်းရိုးတန်း ဒေသတချို့ရှိ သဲများတွင် အဖိုးတန်သတ္တုများ တွေ့ရှိထား၍ ၀ယ်ယူလိုသည်ဟုဆိုကာ ပြည်ထောင်စု အစိုးရ၏ ခွင့်ပြု ချက် ဖြင့် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် လာရောက် ဆွေးနွေးခြင်းကြောင့် ယခုအခါ စမ်းသပ်မှုများ လုပ်ဆောင်ခွင့်ပြုထား ကြောင်း ၎င်း က ဆက်ပြောသည်။

“သဲတွေမှာ တိုက်တေနီယမ်တို့၊ အလူမီနီယမ်တို့လိုမျိုး သတ္တုတွေ တွေ့ရတယ် ဆိုပြီး စမ်းသမ်မှုတွေ လုပ်ဆောင်နေပါပြီ။ အောင်မြင်ရင်တော့ ဆက်လက်ပြီး လုပ်ငန်းတွေ ဆက်လုပ်သွားဖို့ ရှိပါတယ်” ဟု ၀န်ကြီး ဦးအောင်သန်းတင်က ဆိုသည်။

တရုတ်စီးပွားရေး ကုမ္ပဏီများသည် ရခိုင်ကမ်းရိုးတန်း တလျှောက်၌ သဲတူးဖော်ခြင်းကို ၂၀၁၀ ပြည့်နှစ်တွင်လည်း လုပ်ဆောင်ခဲ့ကြောင်း၊ ပင် လယ်ပြင်၌ ၆ ပေအနက်ရှိသော ကျင်းများတူး၍ သဲတန်ချိန် ထောင်ပေါင်းများစွာ ထုတ်ယူထား၍ ကမ်းရိုတန်းတလျှောက် ကမ်းပါးများ ပျက် စီးခြင်း၊ ကမ်းပါးပြိုခြင်းတို့ ဖြစ်ပွားကာ ရွှံ့နွံ့ထူထပ်၍ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများရှိကြောင်း ရသေ့တောင် ဒေသခံ ဦးကို ကိုမောင်က ပြောသည်။

“တရုတ်တွေဟာ ၂၀၁၀ ခုနှစ်ကတည်းက လာပြီးတော့ သဘာဝဓာတ်ငွေ့တွေ၊ ရေနံတွေ ရှာဖွေစမ်း သပ်ရင်းနဲ့ သဲတွေမှာ တိုက်တေနီယမ်တို့၊ အလူမီနီယမ် သတ္တုတွေကို တွေ့ရှိထားတာပါ။ အခုမှ စီမံကိန်းတွေ ဆက်လုပ်ဖို့ ပြန်စတာလည်း ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်တချို့သည် ရသေ့တောင်ဒေသသို့ ယခုရက်ပိုင်းအတွင်း ရောက်ရှိနေပြီး ပင်လယ်ကမ်းရိုတန်း ဒေသ များ၌ စမ်းသပ်မှုများ လုပ်ဆောင်နေကြောင်း၊ ၎င်းတို့၏ စမ်းသပ်မှုများကို ဒေသခံများနှင့် ရခိုင်တပြည်လုံး ကိုယ်စားပြု ဖွဲ့စည်း ထားသော ရ ခိုင်အမျိုးသား ကွန်ရက်တို့က စောင့်ကြည့်နေကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု များပြားလာပါက ဒေသခံ ပြည်သူများအ နေ ဖြင့် ကန့်ကွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒေသခံပြည်သူတွေ အတွက်လည်း အကျိုးမရှိဘူး၊ သဘာဝ ပတ်ဝန်းကျင်လည်း ပျက်စီးမှုများတယ် ဆိုရင် ဒေသခံတွေနဲ့ ရခိုင်လူမှုကွန်ရက် အဖွဲ့တွေက ကန့်ကွက်သွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ရခိုင်ပြည်တွင်းက စီမံကိန်း တွေဟာ ဒေသခံ ပြည်သူတွေအတွက် အကျိုး ပြုတာ တခုမှ မရှိသေးလို့ပါပဲ” ဟု ရခိုင်အမျိုးသား ကွန်ရက်အဖွဲ့ဝင်တဦးက ပြောသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်နှင့် သတ္တုတွင်း ၀န်ကြီး ဦးအောင်သန်းတင်ကမူ ဒေသခံပြည်သူများ၏ ဆန္ဒ သဘောထား အရသာ လုပ် ဆောင် သွားမည် ဖြစ်ကြောင်း၊ ထိုစီမံကိန်းနှင့် ပတ်သက်၍လည်း စမ်းသပ်ဆဲ ကာလဖြစ်၍ ဆုံးဖြတ်မှု တစုံတရာ မရှိသေးကြောင်း ပြောဆိုသည်။

No comments: