Wednesday, February 27, 2013

ဘုန်းတော်ကြီး ဒက်စမွန်တူးတူး ဒေါ်စုနဲ့တွေ့ဆုံ

ABC

မြန်မာနိုင်ငံကို ​လာရောက်လည်ပတ်နေတဲ့ ​တောင်အာဖရိကနိုင်ငံက ​ဘုန်းတော်ကြီး ​ဒက်စမွန်တူးတူးဟာ ​မနေ့တုန်းက ​ဒေါ်အောင်ဆန်းစု ကြည်နဲ့ ​တွေ့ဆုံခဲ့ပြီး ​မြန်မာနိုင်ငံ မှာ ​စစ်မှန်တဲ့ ​ဒီမိုကရေစီရရှိဖို့ ​မျော်လင့်ကြောင်း ​ပြောသွားခဲ့ပါတယ်။

အသက် ​၈၁ ​နှစ်အရွယ် ​နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ​ဒက်စမွန် ​တူး ​တူး ​က ​သူ့ရဲ့ ​မြန်မာနိုင်ငံခရီးစဉ်အတွင်း ​အစိုးရအရာရှိတွေနဲ့ ​တွေ့ဆုံဖို့ ​အစီ အစဉ် ​မရှိဘူးလို့လည်း ​ဘုန်းတော်ကြီးက ​မီဒီယာတွေကို ​ပြောပါ တယ်။

အသားအရောင် ​ခွဲခြားမှုကို ​ဆန့်ကျင်တဲ့အတွက် ​၁၉၈၄ ​ခုနှစ်မှာ ​နိုဗယ်ငြိမ်းချမ်းရေးဆု ​ချီး ​မြင့် ​ခံရသူ ​ဘုန်းတော်​ကြီးဟာ ​ဒေါ်​အောင်ဆန်း ​စု ​ကြည် ​နေအိမ် ​အကျယ်ချုပ် ​ခံရစဉ်အတွင်း ​ဒေါ်အောင်ဆန်းစုကြည် ​လွှတ်မြောက်ရေး ​အတွက် ​အမြဲတမ်း ​တောင်းဆိုပေးခဲ့သူ ​ဖြစ်ပါတယ်။ ​အသားအရောင် ​ခွဲခြားမှုကို ​ဆန့်ကျင်သူအပြင် ​ဆင်းရဲမွဲတေမှု၊ ​တီဗီရောဂါနဲ့ ​AIDS ​ရောဂါတိုက်ဖျက်ရေး ​မှာလည်း ​တက်ကြွစွာ ​ပါဝင်သူ ​ဖြစ်ပါ တယ်။

၂၀၁၁ ​ခုနှစ် ​စက်တင်ဘာလမှာ ​ဒေါ်အောင်ဆန်းစုကြည်က ​နေအိမ်အကျယ်ချုပ်က ​လွှတ်မြောက်ပြီး ​တစ်နှစ်အကြာလောက်မှာ ​ဘုန်းတော်ကြီး ​ဒက်စမွန်တူးတူးက ​I ​Love ​You ​ဆိုပြီး ​ဗီဒီယိုကတဆင့် ​ဒေါ် အောင်ဆန်းစုကြည်ကို ​နှုတ်ဆက်ခဲ့တဲ့အတွက်လည်း ​လူအများအတွက်အတော် လေးကို ​ရယ်စရာ ​ကြည်နူးစရာ ​ဖြစ်ခဲ့ပါတယ်။

အင်္ဂါနေ့မှာပဲ ​ဒက်စမွန်တူးတူးက ​နိုင်ငံရေးအကျဉ်းသားဟောင်းတချို့နဲ့ ​တွေ့ဆုံခဲ့ပြီးသူ့နဲ့မတွေ့ဆုံလိုက်ရတဲ့နိုင်ငံရေးအကျဉ်းသားတွေနဲ့ထောင် တွင်းမှာ ​ရှိနေသေးတဲ့ ​နိုင်ငံရေးအကျဉ်းသားတွေကို ​သတိယ ​လေး စားကြောင်းတွေ ​ပြောပေးဖို့ ​မှာကြား ​လိုက်ပါတယ်။

ဒီကနေ့မှာတော့ ​ရန်ကုန်မြို့ရှိ ​အမေရိကန်စင်တာမှာ ​မိန့်ခွန်းပြောကြားမှာဖြစ်ပြီး ​နောက်ပိုင်းမှာတော့ ​ပုဂံနဲ့ ​အင်းလေးဒေသကို ​သွားရောက် လည် ပတ်မှာ ​ဖြစ်ပါတယ်။

ဘုန်းတော်ကြီး ​ဒက်စမွန်တူးတူးနဲ့ ​တွေ့ဆုံခဲ့တဲ့ ​ဒေါ်အောင်ဆန်းစုကြည်က ​လက်ပံတောင်းတောင် ​ကြေးနီစီမံကိန်းသပိတ်စခန်း ​ဖြိုခွင်းမှုနဲ့ ​ပတ်သက်ပြီး ​စုံစမ်းရေးကော်မရှင်ရဲ့ ​အစီရင်ခံစာကို ​အခြေခံပြီး ​တွေ့ရှိချက်အတိုင်း ​မကြာမီ ​တင်ပြသွားမယ်လို့ ​နေပြည်တော်မှာ ​သတင်း ထောက်တွေကို ​ပြောခဲ့ပါတယ်။

No comments: