Monday, February 25, 2013

တိုက်ပွဲရပ်ရန် သမ္မတ ညွှန်ကြားသော်လည်း SSPP/SSA နယ် မြေ၌ တိုက်ပွဲဆက် ဖြစ်နေဆဲ

သျှမ်းသံတော်ဆင့်

ယခင်အပတ်က စတင်ဖြစ်ပွားခဲ့သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် မြန်မာအစိုးရတပ်မတော်အကြား တိုက် ပွဲများရပ်တန့်ရန် စနေနေ့ကသမ္မတ ထပ်ညွှန်ကြားသော်လည်း တိုက်ပွဲ ကြိုကြား ဖြစ် နေသေးကြောင်း သျှမ်းပြည်တပ်မတော် သတင်းရပ်ကွက်ကဆိုပါသည်။

ဖေဖော်ဝါရီလ ၂၃ ရက် သမ္မတကြီးထံ SSPP/SSA မှ အချက် ၆ ချက်ပါ စာတစောင်ပေးပို့လိုက်ပြီးနောက်ပိုင်း မြန်မာအစိုးရ ၏ စစ်တပ်များ တပ်ဆုတ်မည့်ဟန်ဖြင့် လှုပ်ရှားနေသော်လည်း တကယ်တပ်ဆုတ် မည့်ဟန်မဟုတ်ဘဲ စစ်ရေးဗျူဟာအရ မျက်လှည့်နေခြင်းဖြစ်နိုင်ကြောင်း သျှမ်းပြည်တိုးတက်ရေးပါတီမှ အကြီးအကဲတဦးကပြောသည်။

“သောကြာနေ့က သမ္မတကြီးဆီစာပို့ပြီးတဲ့နောက်ပိုင်း ရမခ တိုင်းမှူးက သူတို့လူ အလောင်း တွေကိုပြန်ကောက် မှာမို့လို့ ခြုံခိုတိုက်ခိုက်ခြင်းမ ပြုဖို့ ကျနော်တို့ လားရှိုးရုံးထိုင်တဲ့အရာရှိကိုအကြောင်းကြားလာတယ်။ ဒါပေမယ့် လူနာဘဲ ကောက်ဖို့ မဟုတ်ဘူး၊ တပ်စခန်းနားကိုချဉ်းကပ်ဖို့လာနေတာလဲတွေ့ရတယ်။ မိုင်းရှူးမြို့နယ် မိုင်းအောတ် ဘက်လဲ စကခ ၂ လက် အောက်ခံ တပ်တွေက အင်းအားဖြည့်လှုပ်ရှားနေတာ တော့ တွေ့ရတယ်။ အခု ဝမ့်လွယ်ရွာအနီးဘက်မှာ စစ်ရေးတင်းမာမှု ပိုများလာနေတယ်။ အဲဒီ့ဘက်လဲ တိုက်ပွဲ ထပ်ဖြစ်ရင်တော့ ရက်ရှည် သွား မှာသေ ချာတယ်။ ” SSPP/SSA အရာရှိတဦးကပြောသည်။

ယခုလ ၁၈ ရက်နေ့က ရမခတိုင်း ရလခ တိုင်း နှင့် ရမခ တိုင်းအောက်မှ စစ်ယာဉ်တန်းများ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ထိန်း ချုပ်နယ်မြေဘက်အင်အားပို့ဆောင်ပြီးနောက် အဆိုပါ ၁၈ ရက်နေ့တွင်တိုက်ပွဲ တကြိမ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် နှစ်ကြိမ်၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ၂ ကြိမ် တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း ဆိုပါသည်။

“ အစိုးရတပ်ကတော့ ဖေဖော်ဝါရီ ၂၆ ရက်မှာရောက်လာမယ့် အမေရိကန် DEA အဖွဲ့ကို လုံခြုံရေးယူပေးဖို့ဆိုဘဲ။ အဲဒါနဲ့ ကျနော်တို့ရဲ့ ဒီဒေ သမှာရှိတဲ့ စခန်းတွေကို တပ်မ ၂ ခုနဲ့ညှပ်ပြီးဖယ်ထုတ်ဖို့စီစဉ်တာလို့ကြားရတယ်။ ဒါကြောင့် DEA ဟယ်လီ ကော်ပတာကို မိုင်းကောင်အုပ်စု အရှေ့ဘက် ပန်ဖီမှာဆင်းမယ်လို့သူတို့ပြောလာတယ်။ အဲဒီပန်ဖီဆိုတာ လျှိုကြီးလေ။ ဘယ်လိုလုပ်ဆင်းနိုင်မလဲ။ သူတို့ရဲ့အကြောင်းပြချက်ပေါ့၊ DEA တကယ်လာရင်တော့ ညှိယူလို့ရတယ်။ ကျနော် တာဝန်ယူပေးလို့ရတာပဲ” ဟု အဆိုပါအရာရှိကပြောပါသည်။

သမ္မတကြီးထံလိပ်မူသည့် “ တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းရပ်စဲသွားနိုင်ရေးအတွက် တင်ပြခြင်း” စာတွင်သျှမ်းပြည်တိုးတက်ရေး ပါတီ၊ သျှမ်းပြည် တပ်မတော် SSPP/SSA အနေဖြင့် ငြိမ်းချမ်းရေးကိုအမှန် တကယ်လိုလား မှုကြောင့် ၂၀၁၂ က အစိုးရ၏တောင်းဆိုချက် ကြောင့်မိမိတို့၏ တပ်စခန်း ၃ ခုကိုတပ်ဆုတ်ပေးလိုက်ရကြောင်း၊ ယခုလည်းဘဲ မိမိတို့ တပ်မတော်သည် တန့်ယန်းမြို့နယ် လွယ်လန်းတောင် ကြော၊ နမ့်လပ်-နမ့်ပန်-ပန်ဟုန်းတောင်ကြော၊ တောင်ဇင်-လွယ်ချိုတောင်ကြော၊ လွယ်စေးတောင်ကြောတို့တွင် အခြေပြုလှုပ် ရှားနေကြောင်း၊ထိုကြောင့် မိမိတို့အပေါ် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများ အမြန်ဆုံးရပ်ဆိုင်းပေးစေလိုကြောင်း တောင်းဆိုသည် - အစရှိသဖြင့်ပါရှိပါသည်။

No comments: