ABC
ရန်ကုန်မြို့မှာ ရှိတဲ့ အစ္စလာမ်ဘာသာရေးကျောင်းတစ်ကျောင်းမှာ မီးလောင်မှု ဖြစ်ခဲ့တဲ့အတွက် လူ ၁၃ ဦးသေဆုံးပြီး အများစုက ကလေးငယ်တွေ ဖြစ်ကြတယ်လို့ သိရပါတယ်။
မြန်မာအာဏာပိုင်တွေကတော့ ဒါဟာ လူမျိုးရေး၊ ဘာသာရေးပြဿနာကြောင့်မဟုတ်ပဲ လျှပ်စစ်ဝါယာလျော့ခ် ဖြစ်ခဲ့တဲ့အတွက် မီးလောင်မှု ဖြစ်ခဲ့တာလို့ ပြောပါတယ်။
ဒီဖြစ်စဉ်ကို ဘာသာရေး ပဋိပက္ခပုံစံအဖြစ် အင်တာနက် သတင်းတချို့ တက်နေတဲ့အတွက် အယုံမကြည်မရှိဖို့ ဝန်ကြီး ဦး ရဲ ထွဋ် က ဖေ့စ်ဘွတ် ကတဆင့် ပြောဆိုထားတဲ့အတွက် အများစုက ခုလို အလျင်အမြန် အသိပေးကြတဲ့အတွက် ဝန်ကြီးကို ကျေးဇူးတင်ကြပါတယ်။
အဲဒီထဲက တစ်ယောက်ကတော့ ကျောင်းဆရာတွေရဲ့ ပုဆိုးမှာ ဓာတ်ဆီတွေ ရွှဲနေတဲ့အကြောင်း၊ ကျောင်းသားတွေအကျီ င်္တွေမှာ ဓာတ်ဆီနံ့တွေ ရှိနေတာကို မီဒီယာတွေပါ တွေ့မြင်ခဲ့ရကြောင်း၊ မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာကို မလိုလားတဲ့ အကြမ်းဖက်အုပ်စု တစ်စုကြောင့်သာ ပြဿနာ ဖြစ်နေတာလို့ ရေးသားထားပါတယ်။
ဦးရဲထွဋ်ကလည်း အဲဒီနေရာမှာ ကျောင်းဆရာတွေမရှိပဲ ကျောင်းသားတွေသာ ရှိတဲ့အကြောင်း လူ ၇၀ လောက်ရှိတဲ့နေရာမှာ လူတွေမသိအောင် ဓာတ်ဆီလောင်းဖို့ဆိုတာ မဖြစ်နိုင်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။
No comments:
Post a Comment